Part _ 31

22.4K 895 93
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 31

"သားက ဘာကိစ္စနဲ့ မလိုက်တာလဲ "

"မေမေတို့ပဲ သွားလိုက်ပါ "

"တစ်မိသားစုလုံးကို ထမင်းစားဖိတ်ပါတယ်ဆိုတာကို သားက ကျန်ခဲ့လို့ ကောင်းမလား "

"အလုပ်မအားလို့ ကျန်ခဲ့တယ်လို့ ကြည့်ကောင်းအောင် ပြောလိုက်ရင် ရပါတယ် မေမေရယ် "

ဆိုဖာခုံပေါ် ခြေပစ်လက်ပစ်ထိုင်ကာ  မေမေ့ကို ဂျီတိုက်နေတဲ့ ကိုကိုရဲ့ပုံစံကြီးက ချစ်စရာကြီးမို့ ဆက်ဆက်သည် မေမေ့နောက်ကွယ်ကနေကြည့်ကာ ပြုံးစိစိ ဖြစ်နေရသည်...မထူးဝင့်ထည်တို့အိမ်က  ထမင်းစားဖိတ်တာကို ကိုကိုက မလိုက်ချင်ကြောင်း ငြင်းနေတာကလည်း ဆက်ဆက်ကြောင့် ငြင်းနေတယ်ဆိုတာကို ဆက်ဆက် သိပါသည်...

"ပိတ်ရက်မို့ ဒီနေ့ကို ရွေးဖိတ်တာလေ ..သားနော် စကားပြောရတာ  လက်ပေါက်မကပ်နဲ့ "

မဟာမင်းခေတ်သည် ဖခင်ဖြစ်သူဆီ အကူအညီ ရလိုရငြား မော်ကြည့်လိုက်တော့....

"ထမင်းစားရုံ မိသားစုလိုက် ဖိတ်တာလေ သားရယ် မသွားလို့ကလည်း... မကောင်းဘူး  "

ဖေဖေကပါ ကိုယ့်ဘက်မပါတာကြောင့် မဟာ စိတ်ပျက်စွာ ဆက်ဆက်ကို ကြည့်လိုက်တော့ လိုက်ခဲ့လိုက်ပါ ကိုကိုရယ် ဟု ခေါင်းညိတ်ပြတာကြောင့် သူ့ဘက်ကသာ  စိတ်လျှော့လိုက်ရတော့သည်.....

"ဒေါက်....ဒေါက်...ဒေါက် "

"ဆက်ဆက်ရေ  ...ကိုကို အထဲ ဝင်ခဲ့မယ်နော် "

အဝတ်အစား လဲပြီး ခေါင်းဖြီးနေပြီမို့ ....

"ဟုတ် ကိုကို "

မဟာ သူမအခန်းထဲကို ဝင်လာတော့  ဘီးလေးကိုင်ကာ ခေါင်းဖြီးနေလေသည်....

"သွားကြတော့မလို့လား "

"မသွားသေးပါဘူး "

"ခဏစောင့် ခေါင်းဖြီးနေလို့ "

ကိုကိုက ခြေလှမ်းတည်တည်ငြိမ်ငြိမ်ဖြင့်  ဆက်ဆက်နားလျှောက်လာကာ လက်ထဲက ဘီးလေးကို ဆွဲယူလိုက်လေသည်....

"ကိုကို "

"ဟိုဘက်လှည့် ကိုကိုဖြီးပေးမယ် "

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now