Part _ 59

29.7K 1.2K 76
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 59

"မား လေးလား ခင်ည"

ရှစ်လထဲဝင်နေပြီဖြစ်သော ဆက်ဆက်ရဲ့ဗိုက်ကို သားသားက လက်ညိုးထိုးကာမေးနေလေသည်...

"လေးတာပေါ့ သားရယ် ဗိုက်ကအလေးချိန်နဲ့ မားခြေထောက်တွေလည်းရောင်တာပေါ့ "

ဆက်ဆက်ရဲ့ ခြေထောက်ဖောင်းဖောင်းတွေကို
ကြည့်ကာ သားက အိပ်ခန်းထဲပြေးဝင်သွားကာ ပြန်ထွက်လာတော့ လက်ထဲဆေးပုလင်း ပါလာလေသည်...

"ဘာဘာ လိမ်းပေးမယ် ခင်ည"

သိတတ်လှသော သားလေးကို ဆက်ဆက် ပါးလေးကို ပွတ်သပ်လိုက်ကာ...

"တစ်နေ့ ၂ကြိမ်ပဲလိမ်းရတာသားရဲ့ မနက်က ပါးပါးလိမ်းသွားပေးပြီ ညကျရင် ပါးပါးထပ်လိမ်းပေးလိမ့်မယ် "

"မားရဲ့ ကိုကို လိမ်းတာပဲ ကြိုက်တာလား "

"ဟင် အဟင်းဟင်း ဟင်း အတတ်ကလေး ကျောင်းပိတ်ရက် အိမ်စာ ' ၀လုံး ´လေးတွေရေးရမယ်နော်  ´´

"ရေးချင်ဘူး ခင်ည I Just want to paint "

"စာရေးဖို့ဆို အပျင်းလေး ရောင်စုံပဲခြယ်လို့မရဘူးလေ သားသားရဲ့ စာရေးတတ်ဖတ်တတ်မှ ဘာဘာလေးက ညီလေးကို စာပြန်သင်ပေးလို့ရမှာလေ "

"ဟင် ဟုတ်ရား "

"ဟုတ်ပါ့ရှင့်  အခု ဘာဘာလေးက ဝလုံးလို့ ဆိုပြီးရေးရင် မားဗိုက်ထဲက ညီလေးက ဘာဘာလေး​ဆိုနေရေးနေတာကို ကြားပြီး သူလည်းသင်နေတာပေါ့ "

ဆက်ဆက်ကချော့သလိုလေးပြောတော့ မျက်လုံးလေးထောင့်ကပ်ကာ ဟိုစဉ်းစားဒီစဉ်းစားလုပ်ကာ...

"စာရေးတော့မယ် "

"လှလှလေးရေးနော် အသဲလေး "

"သဲက မှာယေ"

ဆက်ဆက်ကိုပြန်လက်ညိုးထိုးကြတာကြောင့်...

"အဟင်း ဟင်း ဟုတ်ပါပြီရှင်"

သားကကျောင်းတက်ရမှာလည်းပျင်းသလို စာရေးရမှာလည်းပျင်းသည် ဉာဏ်လေးကကောင်းရှာတော့ Listeningပိုင်းမှာ ထူးချွန်ကာ ဒီအရွယ်လေးဖြင့် broken english အနည်းငယ်ပြောတတ်နေပြီဖြစ်သည်....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now