💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 35သနားစရာကောင်းလောက်အောင် မျက်နှာလေး ငယ်နေရှာတဲ့သားဖြစ်သူကို ကြည့်ကာ ဒေါ်မြတ်လေး အသည်းနာလှသည်.....
လူဆိုတာ အဲဒီလို လုပ်လို့မှ မရတာဘဲ သားရယ်...သားကြီးက မြတ်ရဲ့ သားအရင်း မဟုတ်ဘူးဆိုတာကို အခုချိန်ထိ မြတ်လက်မခံနိုင်သေး ....ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့သားမဟုတ်လည်း ကိုယ့်နို့ကို သောက်ပြီး ကြီးပြင်းလာခဲ့တဲ့သား အူဝဲဆိုတဲ့ အရွယ်ကလေးကတည်းက ချီပိုးပြုစု ယုယလာခဲ့တဲ့သားလေ အဲဒါ မြတ်ရဲ့ သားပဲပေါ့....
ဘယ်သူကများ လာငြင်းချင်သေးလို့လဲ မနေ့တနေ့ကမှ သားအရင်းမဟုတ်တာကို သိရတော့လည်း သားအပေါ်မှာထားတဲ့ မြတ်ရဲ့ မေတ္တာတွေကတော့ နည်းနည်းလေးမှတောင် လျော့မသွား ...
သမီးကလေးနဲ့ ထပ်တူ ချစ်တာများ ရွေးစေ့တစ်စေ့စာတောင် မလျော့ပါဘူး သားရယ်...အဲသလိုဆိုပေမယ့် ဒီတစ်ခုကိုတော့ မေမေက မလိုက်လျောနိုင်ပါဘူး.... သားနဲ့သမီးရေ သွေးသားမတော်စပ်ကြလည်း လူ့အသိုင်းအဝိုင်းမှာ သားတို့က မောင်နှမ ဖြစ်ပြီးနေခဲ့ပြီကွဲ့ သမီးကလေးက လေးနှစ်အရွယ်ကတည်းက ပျောက်သွားခဲ့ပြီး ဘယ်လိုရှာရှာ မတွေ့ခဲ့တော့ မြတ်ရဲ့ မေတ္တာတွေကို ဒီ သားအပေါ်မှာသာ ပုံထားခဲ့သည်....
သမီးလေးပျောက်တော့ သားက သူ့ကြောင့် သူ့ညီမလေး ပျောက်တာပါဆိုပြီး စိတ်ထိခိုက်ကာ ဘုန်းဘုန်းလဲသွားလို့ တော်တော်ကြီး ကုထားခဲ့ရတာဖြစ်သည်.... အခုပြန်တွေ့တော့ တစ်ယောက်ကို တစ်ယောက် မမှတ်မိဘဲ သံယောဇဉ်တွေ တွယ်ကြရှာသတဲ့ ....
သမီးလေးကို မွေးတော့ ပက်လက်အရွယ်လေးကတည်းက ဒီအစ်ကိုကို တမ်းတမ်းစွဲ လမ်းလျှောက်တတ်တော့ ဘောင်းဘီစဆွဲပြီး တကောက်ကောက် လိုက်နေကာ သူ့ညီမလေး ဂျီကျသမျှ သားက စိတ်ရှည် အလိုလိုက်တာက တားယူရသည်အထိ....
ဘာမှန်းညာမှန်း မသိခင် အရွယ်ကလေးတွေထဲက အလွန် တွယ်တာကြရှာတဲ့ဒီကလေးတွေဟာ အခုအရွယ်ထိ ......
"ဘုရား ဘုရား ဘယ်လိုရေစက်တွေများလဲ "
ဒေါ်မြတ်လေး အတွေးလွန်နေရာက နာရီကြည့်လိုက်တော့ မဟာလိုက်သွားတာကတော်တော်ကြာသွားပြီမို့ ဒေါသက ထွက်လာရပြန်တော့သည်
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _