Part _57

31.9K 1.1K 80
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 57

မဟာမင်းခေတ်သည် ပိတ်ရက်ဖြစ်တာကြောင့် ဆက်ဆက်ကို ဝိုင်းကူလုပ်ပေးပြီး အားသွားချိန်တွင် TVဖွင့်ကာကြည့်နေလိုက်သည်...
သားသားက သူနဲ့မလှမ်းမကမ်းတွင် ကားရုပ်လေးတွေဖြင့်ဆော့နေလေသည်....

ရာသီဥတုပူတာကြောင့် မဟာသည် Airconဖွင့်လိုက်ကာရီမုကို စားပွဲပေါ်တင်ထားလိုက်သည်...
ဘာဘာက ဆော့နေရာက ထလာပြီး ရီမုကို ယူကာပိတ်လိုက်လေသည်...

"အာ သားသား မဆော့ရဘူးလေကွာ "

"အဆော့ပါဘူး ခင်ည"

"ပြန်ဖွင့်လိုက် ပါးပါး အိုက်တယ်ကွ "

"မားက မီတာစာရွက်ကို ကြည့်ပြီး ညက်လုံးပြူးနေတယ်ခင်ည"

သားသားပြောတာကို သဘောမပေါက်သေးတဲ့ မဟာက...

"ဆက်ဆက် မျက်လုံးပြူးတာနဲ့ Airconပိတ်ပစ်တာ ဘာဆိုင်လို့လဲငါ့သားရာ "

"တီတီခိုခို အိမ်ကိုလာတော့ မားက များယယ်
ပြောယယ် ခင်ည"

"ဘာများတာကို ပြောတာလဲ"

"မီတာခယေ"

"သြော်"

"မားနဲ့ အန်တီခို ပြောနေယယ် airconလျှော့သုံးတဲ့"

"ပါး ပူတယ်ကွ "

"ဘာဘာ ယပ်ခတ်ပေးမယ် ယေ လာခဲ့ဒီကို  လာ လာ''

ဘာဘာကခြေထောက်ကိုဆင်း ပေါင်ပေါ် အိပ်ခိုင်းကာ  အနားက ကတ်ထူနဲ့တကယ်ကြီးခတ်ပေးလေသည်....

"အေးရား  ပါး"

မဟာကပြုံးနေပြီး ခေါင်းလေးညိတ်ပြလေလေ အားထည့်ကာ ခပ်လေလေဖြစ်သည်...

"ဟာ့ ဒီအသားအဖတွေ ဘယ်လိုဖြစ်နေတာလဲ "

"ဆက်ဆက်သားပေါ့ မားမားမျက်လုံးပြူးနေလို့ မီတာခ လျော့အောင် အဲကွန်းမသုံးနဲ့ သူယပ်ခတ်ပေးမယ်တဲ့လေ "

"ဟော အဟင်းဟင်း "

"ပူတယ် သားရဲ့ ခဏဖွင့်ရအောင် "

"ပူရင် Citymartသွား အဲမှာ အေးယယ်တယ်လေ "

မဟာက တဟားဟား ထရယ်ကာ....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now