Part _ 33

24.7K 870 97
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 33

ညစာထမင်းစားဝိုင်းမှာ မေမေက စကားစလာပြန်လေသည်....

"သား သမီးထူးနဲ့ကိစ္စ မေမေသေချာစကားပြောချင်တယ် "

''ဘာကိုပြောချင်တာလဲ မေမေ "

မဟာမင်းခေတ်သည် ဆက်ဆက်မျက်နှာကို ကြည့်လိုက်ရင်း မေမေကို ပြန်မေးခွန်းထုတ်လေသည်...
ဆက်ဆက်က ထမင်းချည်းသာ ငုံ့စားနေလေသည်...

ဆက်ဆက်လက်ကို စားပွဲအောက်ကနေ မသိမသာဆုပ်ကိုင်လိုက်ရင်း.....

"မေမေဘာကိုပြောချင်လဲ သားသိတယ်မဟုတ်လား  ....သမီးထူးက သားအတွက် အသင့်တော်ဆုံး လက်တွဲဖော်ပဲ "

ဆက်ဆက်က သူ့ဆုပ်ကိုင်ထားတဲ့လက်ကို အတင်းရုန်းနေတော့ သူ့အတင်းပြန်ဆွဲကာ ဆုပ်ကိုင်လိုက်ရင်း....

"သား သဘောထားကို မေမေ့ကို အတိအကျ​ပြောပြီးပါပြီ မိန်းမမယူပါဘူးလို့ ....တကယ်လို့ သားက ယူခဲ့မယ်ဆိုရင်တောင် သားချစ်တဲ့လူနဲ့ပဲ လက်တွဲမှာပါ မေမေ ဒါကြောင့် မေမေစိတ်တိုင်းကျ မစီစဉ်ပါနဲ့လား "

"ဒါဆို သားမှာ လက်ထပ်ရမယ့်သူ ရှိသလား "

ဒီလိုဆိုတော့ သူဘာပြန်ဖြေရမလဲမသိ ...ဆက်ဆက်နဲ့လက်ထပ်ချင်တာပါလို့ပြောချင်ပေမယ့် စကားလုံးတွေက လည်ချောင်းဝမှာတင် တစ်ဆို့နေလေသည်....

"မြတ် ....သားကို နားဝင်အောင်ပြောလေ "

"မြတ်လည်း အေးအေးဆေးဆေးပြောနေတာပါ
ကိုကျော်  မတော်တရော်တွေနဲ့တွေ့ မိန်းမလည်တွေနဲ့တွေ့မှာစိုးရတယ် သားက အလုပ်မှအလုပ်လေ ကျွန်မသားလေး ကျွန်မကတော့ သင့်တော်သလိုစီမံရမှာပဲ  "

မဟာမျက်နှာကြီးတည်တင်းကာမှုန်ကုပ်နေပြီမို့
ဦးကျော်ခေတ်က ဇနီးဖြစ်သူကို ...

"ကလေးတွေ ထမင်းအေးဆေးစားပါစေ မြတ် ....လောဖို့မလိုဘူး ....သားကလည်း မေမေစီမံပေးတာကိုနားလည်ပေး ထူးဝင့်ထည်ကို
လေ့လာကြည့် ဖေဖေမြင်ရသလောက်တော့ ပြစ်ချက်မရှိတဲ့ မိန်းကလေးပါ "

ဖေဖေစကားဆုံးတော့ ဆက်ဆက်က သူကိုင်ထားတဲ့ လက်ကို အားဖြင့်ဖြုတ်ပစ်လိုက်ကာ...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now