Part _ 50

38K 1.2K 108
                                    


💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 50

"ကိုကို"

ကိုကိုက ဆက်ဆက်ကို ကြေကြေကွဲကွဲကြီး စိုက်ကြည့်နေရင်း...

"မင်း...မင်း ကိုတေဇာနဲ့ ဘာကတိတွေများ ထားခဲ့ကြသေးလဲဆက်ဆက်  ဟင် . ဘာဖြစ်လို့လဲ အခုချိန်ထိ မမေ့နိုင်သေးလို့လား ဟုတ်လား"

ကိုကို့ရဲ့စကားသံတွေက ဆက်ဆက်ရဲ့နားထဲကို သံရည်ပူတွေလို စီးဝင်သွားပြီး......

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ရပါဘူး ကိုကိုရယ်  အဟင့်ဟင့်"

"ဟာ... သဲ...  မ ... မငိုနဲ့လေ"

ဆက်ဆက်က ငိုချလိုက်တာကြောင့် မဟာ လန့်သွားရတော့သည်။သူ့ကို ငြင်းနေတာကို မခံစားနိုင်တော့ဘဲ စကားမှားသွားပြီဖြစ်သည်.....

"အဟင့် ဟင့် ဆက်ဆက်တို့ကြားမှာ ရှိနေတာ အဲဒါမျိုးတွေပါ ကိုကို .. ဘာ ဘာကြောင့်ပဲ အဟင့်ဟင့် ...လက်ထပ်ခဲ့သည် ဖြစ်စေ ဆက်ဆက်က  မုဆိုးမ ကိုကိုက လူပျိုလေ "

"ဆက်သီရိခေတ်"

"မင်း မင်း ငါ့ အချစ်တွေ မေတ္တာတွေကို စော်ကားလှချည်လား ဆက်ဆက်ရယ် ဟင် မင်းတို့သားအမိလေးကို ငါ့အရိပ်မှာ ကာကွယ်စောင့်ရှောက်ချင်ပေးချင်လွန်းနေတဲ့ ငါ့ရင်ထဲကို မင်း မမြင်ဘူးလား.. မမြင်ရဘူးလား .. မင်း အခုထိ မမြင်နိုင်သေးဘူးလား"

"မင်းက မုဆိုးမ ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ .. မုဆိုးမ မကလို့ တခုလပ် တစ်လင်ကွာ ကလေးဆယ်ယောက် အမေပဲ ဖြစ်နေပါစေဦး ငါချစ်တာ မင်းလေ ဆက်သီရိခေတ်ဆိုတဲ့ မင်းရဲ့ ဖြစ်တည်မှုကို ချစ်တာ မြတ်နိုးတာလေ ဆက်ဆက်ရယ်"

"အဟင့်ဟင့် ဟင့်"

ရင်ကွဲပက်လက် ငိုနေရှာတဲ့ ကောင်မလေးကို မဟာရင်ခွင်ထဲမှာ ကြင်ကြင်နာနာ ထွေးဖက်ထားလိုက်ရင်း..

"သဲနဲ့ ကိုကိုနဲ့ ကြားမှာ သာတယ် နာတယ် မတန်ဘူး မလိုက်ဖက်ဘူးတွေ ရှိနေသေးလို့လား သဲရယ် .. ဟင် . ချစ်သူတွေ ဖြစ်ခဲ့ကြကတည်းက သဲလည်း သိတယ်မဟုတ်လား..ကိုယ်နဲ့ မင်းဟာ ခွဲနေလို့ ရတဲ့သူတွေ မဟုတ်ဘူးဆိုတာ သဲလည်း သိတယ်  မဟုတ်လား "

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now