Part _5

21.5K 861 46
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 5

"ဆိုးမှာပေါ့ ချောင်းက ချိုရဲတောက်နေတဲ့  ရေခဲချောင်းတွေ  ကောင်းကောင်းစားတယ် မဟုတ်လား "

"ရှင် "

"အဟွတ်....ဟွတ်...."

ခပ်တည်တည်ကြီးနဲ့ ဟန်လေး ရေခဲချောင်းစားတဲ့ အကြောင်းကို ပြောချလာတာကြောင့် ဟန်လေး မျက်လုံးပြူးသွားရတော့သည်...

"ဗန်ဒါပင်မှတ်တိုင်က YBS မှတ်တိုင်က ခုံမှာ လိမ္မော်ရောင်တောက်တောက် ရေခဲချောင်းကို ထိုင်စားနေတာ မင်းမဟုတ်လား   ပြီးတော့ လက်ထဲမှာလည်း shark ဘူးကြီးနဲ့  မင်းမှ ချောင်းမဆိုးရင် ဘယ်သူ ဆိုးမှာလဲ "

သူပြောချလိုက်တာကို မျက်လုံးလေးဝင့်ကြည့်လာရင်း...

"Shark ဘူးက ကျွန်မ မသောက်ပါဘူး  အစ်ကို့အတွက်ပါ "

"အဲဒါကို ငါစိတ်မဝင်စားဘူး ပြောချင်တာက မင်းစားနေတဲ့ ရေခဲချောင်းက ဆိုးဆေးနဲ့ ဆေးသကြားပါဝင်မှု ဘယ်လောက် များလဲလို့ တွေးကြည့်ဖူးလား သုံးထားတဲ့ဆိုးဆေးက အစားအသောက်အတွက် သုံးရတဲ့ဟာကို သုံးမသုံးကော နားလည်လား"

"ကြိုက်ရင် စားပစ်တာပဲ မသိဘူး "

"ဒါဆို  TBB ကို Quality ထိန်းပါ ဆိုတဲ့စကားက 
ထွဋ်မြတ်နိုးဟန် မင်းပြောခဲ့တာ  ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်....ကျွန်မပြောတဲ့ အဓိပ္ပါယ်က အရသာ မခိုကပ်ဖို့ပါ ဥပမာ TBB က ထုတ်တဲ့ cookiesတွေဆို အရမ်းအရသာရှိတာပဲ ကျွန်မလည်း အရမ်းကြိုက်သလို  ကျွန်မအဖေနဲ့ ကိုကြီးလည်း စားတယ် အဲဒါကို နွားနို့ စျေးတက်လာလို့ဆိုပြီး နို့ပါဝင်မှုပမာဏကို လျှော့ချလိုက်ရင်တော့ မုန့်က စားလို့ ဘယ်ကောင်းတော့မလဲ  ဟုတ်တယ်မလား "

"ဟုတ်ပါတယ် နောက်ထပ် မင်းသိထားဖို့က ငါတို့ TBB က လူကို ဆိုးကျိုးဖြစ်စေတဲ့  recipeတွေ လုံးဝ မသုံးဘူး ဆိုတာပဲ "

"ကောင်းတာပေါ့ "

ဒီကောင်မလေးဟာ စကားပြောတာကိုက   အချိုးကို မပြေတာ တကယ့်ကို အမြင်ကတ်စရာလေး.....
_
_
_
_
_
Organizing Meeting နဲ့ Events တစ်ခုရှိတာကြောင့် အစီအစဥ်ရေးဆွဲဖို့ ဟန်လေးနဲ့ မသိမ့်က Team တစ်ခုတည်း ကျပါသည်...
ဒါပေမယ့် မသိမ့်အမေက ဆေးရုံတက်နေရတာကြောင့် မသိမ့်က စိတ်နဲ့လူနဲ့ မကပ်တဲ့အပြင် မအားလပ်တာကြောင့် ဟန်လေးပဲ လုပ်နေရလေသည်...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now