Part _6

23.2K 909 44
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 6

*သမီးလေး*

*သမီး .....လာ ဖေဖေ့ဆီလာ *

*ဖေဖေ့ကို ဆက်ဆက် လာကြိုတာ *

*ဖေဖေကားသံလေးတွေကို ဆက်ဆက်က  အလွတ်ရနေတာလေ*

*သမီးရေ *

*သမီး *

"ဖေဖေ.....ဖေဖေ"

အိပ်ရာထဲမှာ လူးလိမ့်နေရာက ဟန်လေးရဲ့  မျက်လုံးများ ပွင့်သွားခဲ့လေသည်...
အခန်းထဲမှာ အမှောင်ထု ရှိနေသေးတာကြောင့် မိုးမလင်းသေးဘူးဆိုတာ သိကာ ဖုန်းကို ယူကြည့်လိုက်တော့  မနက်၄နာရီ...

"ငါ အိမ်မက်တွေ မက်နေတာပဲ"

စိတ်ထဲမှာ မွန်းကြပ်သလိုကြီး ဖြစ်နေကာ ပြန်အိပ်လို့ မရတော့တာကြောင့် အခန်းထဲကနေ ထွက်ကာ
ဝရံတာဘက်ကို ထွက်လာလိုက်သည်....မက်ခဲ့တဲ့ အိမ်မက်က ဦးနှောက်ထဲကနေ ထွက်မသွားဘဲ ပြန်တွေးနေမိလေသည်...

''သမီးလေး´´ဟု ခေါ်နေသံကို အထပ်ထပ် ကြားနေရကာ အဲဒီအသံကို ဟန်လေး အရမ်း သဘောကျနေမိသည်..သေချာတာက ''သမီးလေး´´ဟု ခေါ်လာသော အသံပိုင်ရှင်က ဖေဖေမဟုတ်ဘဲ သူစိမ်းတစ်ယောက်ရဲ့အသံကြီး ဆိုတာကိုတော့ အိမ်မက်ထဲမှာတောင် ကွဲကွဲပြားပြား သိနေလေသည်...

ပြီးတော့ ကလေးလေး တစ်ယောက်ကလည်း ဖေဖေ ဖေဖေဟု ထပ်ခါထပ်ခါ ခေါ်နေတာ သိပ်ကို နားဝင်ပီယံ ရှိလှသည်...ဟန်လေးရဲ့ အိမ်မက်ကြီးက ကိုယ်မသိတဲ့လူတွေ အကြောင်းကို မက်နေတာမို့ ထူးတော့ ထူးဆန်းလေသည်....

"ရော့ ရေသောက် "

ဝရံတာအုတ်ခုံ ဘောင်ပေါ်မှာ လက်ကလေး ထောက်ကာ အိမ်မက်အကြောင်း  တွေးနေတုန်း ဘေးနားမှာ ရေဖန်ခွက် လာချပေးတဲ့ ကိုကြီးကြောင့် ဟန်လေး အံ့ဩသွားရလေသည်....

"ကိုကြီး "

"အစောကြီး နိုးနေတာလား အမြဲ အပူကန်နေတာ  အိပ်ရာထတာနဲ့ ရေသောက်ဖို့ မှာထားတယ်လေ "

"အဟင်း"

ကိုကြီး ကျေနပ်ရုံ ရေလေး နည်းနည်းသောက်ပြီး ဖန်ခွက်ကို ပြန်ချဖို့ လုပ်တော့...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now