🍁 ဆောင်းအကုန် နွေအကူး လေရူးကလေး တိုက်ခဲ့တယ်...တွေ့ထိရုံ မေတ္တာပွင့်ဖူး အချစ်ဦးနဲ့ ဆုံခဲ့တယ်... 🍁🌾 Bleeding love 🌾
^-Fallen Angel-^Iori's POV
သည်းမခံနိုင်လောက်အောင် ယိမ်းထိုးနေသော မြင်းလှည်းကြောင့် ယူရခါ ဆိုသောရွာလေးကိုရောက်နေမှန်း ကျွန်တော် သိလိုက်သည်။ ဒီရွာလေးက တကယ်ကို မထင်ရှားတဲ့ ရွာလေးတစ်ရွာ ။ လွန်ခဲ့တဲ့ သုံးရက်က ဒီရွာကို ရှိမှန်းတောင်မသိခဲ့။
ခုတော့ ကျွန်တော် မသိနိုင်တဲ့ အချိန် အတိုင်းအတာ တစ်ခုထိ အခြေချ...အင်း.. ဇာတ်မြှုပ် နေရမယ့် နေရာလေးတစ်ခု။
" ရောက်ပါပြီ Onozuka Sama(သခင်လေး)"
ကျွန်တော့် ကို စောင့်ရှောက်ရမယ့် Hotaru ရဲ့ စကားကို အဖက်မလုပ်ဖြစ်။ဟက် ရီတော့ရီရသား။ ဘုရင့် ကိုသစ္စာခံတဲ့ အတော်ဆုံး ဓားကိုင် ကိုယ်တော်ဖြစ်လာဖို့ ၁၀ နှစ်လုံး မရပ်မနား အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားလာသူ ကျွန်တော်ဟာ အခုတော့ ကလေးတစ်ယောက်လို အထိန်းတော် တစ်သိုက်နဲ့။ အနစ္စတရားကို သိဖို့ ကျွန်တော် ငယ်လွန်းသေးတယ်မဟုတ်လား....။
မြင်းရထား တံခါးဖွင့်သံကြားတော့ တံခါးကိုကိုင်ပြီး ကျွန်တော် စိတ်မှန်းနှင့်အသာအယာ ဆင်းလာခဲ့သည်။ ဘေးနားကို အသာလက်ဆန့်လိုက်တော့ ကြိုးတန်းလေးတစ်ခုကို စမ်းမိသည်။
ဒီကြိုးတန်းလေးဟာ လူအကူမုန်းတဲ့ ကျတော့အတွက် လမ်းပြပေးတဲ့သူပေါ့။ထိုကြိုးကို အသာအယာကိုင်ရင်း ကြိုးတန်းအတိုင်း ခြေလှမ်းမပျက် လျှောက်လိုက်သည်။ တစ်နေရာရောက်တော့ ကြိုးထုံးလေး သုံးထုံးကို စမ်းမိသည်။ လှေကားထစ် သုံးထစ်ရှိတဲ့သဘော....။ ကျွန်တော် လှေကားထစ်ကို ခြေထိပ်နဲ့ အသာလေးစမ်းပြီး အမြင့်ကိုခန့်မှန်းလိုက်သည်။သုံးလက်မလောက်ရှိရောပေါ့။ ထို့နောက် ထိုအစွန်းကနေ ခြေထိပ်ကို ဖွဖွလေးအရှေ့ကို တိုးကြည့်လိုက်ပြီး လှေကားထစ်အကျယ်ကို စမ်းကြည့်လိုက်သည်။
အင်း... နည်းနည်းတော့ကျယ်သား။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...