BLOFA :: 68 [Unicode]

4.2K 294 93
                                        

BLOFA :: 68

စိတ်ကိုဖြေလျှော့ပြီး မျက်လုံးမှိတ်ထားပေမယ့် အိပ်လို့မပျော်သည့်အခါ  တိမ်ကင်းစင်နေသော နက်ပြာရောင်ကောင်းကင်ကြီးကိုသာ Iori ငေးကြည့်နေမိသည်။ အနောက်ဆောင်မင်းသားရဲ့ ကောင်းမှုကြောင့် သူတို့တကယ်ဘဲ အပြင်မှာ အိပ်ခဲ့ရသည်။ Benkei ကိုယ်တော်ရဲ့ အိမ်တော်ထဲမှာတင်မကဘဲ တစ်မြို့လုံး ပြသနာရှာလာသော အနောက်ဆောင်မင်းသားကြောင့် မြို့ထဲက တည်းခိုဆောင်တွေမှာတောင်မနေရတော့ဘဲ တောထဲမှာဘဲ သောင်တင်ခဲ့ရပြန်သည်။

အခုတော့ အနောက်ဆောင်မင်းသားက Iori ရှိနေသည့် သစ်ပင်နှင့် နှင့် သိပ်မဝေးသော အပင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ Benkei ကိုယ်တော်ရဲ့အိမ်တော်မှာ အဖျားတွေကြီးခဲ့တာ သူမဟုတ်တဲ့အတိုင်းဘဲ။ Iori သူ့လက်ကိုသူ ငုံ့ကြည့်လိုက်သည်။ တည်းခိုခန်းမှာပြသနာရှာနေတဲ့အနောက်ဆောင်မင်းသားကို Iori ဆွဲထုတ်လာတဲ့အချိန်မှာ Iori တစ်စုံတစ်ခုကို အံ့အားသင့်ခဲ့ရသည်။

Benkei ကိုယ်တော်ရဲ့ အိမ်တော်မှာ ရှိနေစဉ်က အနားကပ်လိုက်ရုံနဲ့ ခံစားမိနိုင်သည့့်အပူရှိန်တွေကို ထုတ်လွတ်နေသော အနောက်ဆောင်မင်းသားမှာ တည်းခိုခန်းမှာကျတော့ သာမာန်လူနှင့်မခြားသည့် အပူချိန်ရှိနေသည်။ Iori မှတ်မိနေသေးသည်။ သူတို့ Benkei ကိုယ်တော်ရဲ့အိမ်တော်ကနေအပြန် တောင်ခြေရောက်တဲ့အထိကို အနောက်ဆောင်မင်းသားရဲ့အပူရှိန်ကိုအတိုင်းသား ခံစားမိနေတာ။ ဒါကြောင့်တည်းခိုခန်းမှာနေကြဖို့ Iori တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတော့ဖြင့် Iori ထက်ပိုလန်းဆန်းနေသော ပုံစံဖြင့် သစ်ပင်ပေါ်ပေါ့ပေါ့ပါးပါးတက်ကာ အပူအပင်ကင်းစွာ အိပ်နေတော့သည်။

ရုတ်တရက် နှာမှုတ်သံကြောင့် Iori အောက်ကို ငုံကြည့်လိုက်တော့ သူတို့ရဲ့မြင်းနှစ်ကောင်။ အမှောင်ထဲမှာဆိုပေမယ့် မည်းနက်နေသော အနောက်ဆောင်မင်းသားရဲ့မြင်းကိုကောင်းကောင်းမြင်နေရသည်။ မနက်ဖြန်တော့ သူတို့ မြင်းကို အိမ်ပြန်လွတ်လိုက်ရမည်။ မြင်းတွေက လူတွေရဲ့ အာရုံကိုဖမ်းစားနိုင်လွန်းသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now