BLOFA :: 4 [Unicode]

3.7K 385 9
                                        

🍁 လှောင်ပြောင်သံ ရွှင်ရွှင်က စိတ်ဝိဉာဉ်ကို အေးချမ်းစေတတ်မှန်း
မသိခဲ့တာ အမှန်....။ 🍁

🌾 Bleeding love 🌾
^-Fallen Angel-^

အိမ်ဘေးကပ်လျက်ရှိ အရက်သမား အကြောင်းကို ကြားပြီး အတင်းမောင်းထုတ်မည် သတ်မည် တကဲကဲ လုပ်နေသော ဖခင်ဖြစ်သူကို အတင်းဖြောင်းဖျ ပုန်ကန် ပြီး လူယုံ နှစ်ယောက်တည်းနဲ့ ယူရခါ ရွာမှာ Iori ဆက်နေခဲ့သည်။ အာဏာသုံး၍ ဘယ်သူ့ကိုမှ အနိုင်မယူလိုသလို ဘာအဆောင်အယောင်မှ မရှိတဲ့ ဒီရွာမှာ Iori စိတ်သန့်သန့်နှင့်နေချင်သည်။

Iori နဲ့ပါလာတဲ့ Riku ကအမဲလိုက်တယ် အိမ်ကိုစောင့်ရှောက်ပေးတယ်။ Shizuka ဆိုတဲ့ ကလေးမလေးက ထမင်းချက် ၊ အဝတ်လျှော် အိမ်သန့်ရှင်းရေးလုပ်ပေးတယ်။ Riku နဲ့ Shizuka ဆိုတာက ချစ်ဖို့ကောင်းတဲ့ ညားခါစ လင်မယားနှစ်ယောက် ဖြစ်တဲ့အပြင် Iori အပေါ် သစ္စာရှိတဲ့သူတွေ့မို့ အရာရာအတွက် စိတ်ချရသည်။

ရွာလေးသို့ ရောက်ရှိလာသည်က ဘာလိုလိုနှင့် ရက် သုံးဆယ် တင်းတင်း ပြည့်လေပြီ။ ယူရခါဆိုတာကလိုအပ်တာ ဘာမဆို မတောင်းတခင်ကပင် ရရှိနေကျ Ioriအဖို့ က အလွန်ခေါင်သော ဒေသတစ်ခု။

တောကောင်သားကောင်ပေါသော အရပ်ဖြစ်သော်လည်း မြေဆီ မပြည့်ဝတော့ တော်ရုံတန်ရုံ စိုက်လို့မရ ပျိုးလို့မရနှင့် အသီးအနှံတွေက ရှားပါးသည်။ Nara အင်ပါယာထဲမှာ သဘာဝရေပူကန်မရှိတဲ့ အရပ် ဒီရွာ တစ်ခုဘဲ Iori ကြားဖူးသေးသည်။ ယူရခါ ရွာလေးရဲ့ မြောက်ဘက် တောတောင်ထဲမှာတော့ Oyu လို့ခေါ်တဲ့ ရေပူစမ်းတစ်ခုရှိတာတော့ ပြောကြသည်။ ဒါပေမယ့် တောအရမ်းနက်တာကြောင့် သားကောင်လိုက်သည့် မုဆိုးတွေတောင် တော်ရုံ မသွားကြချေ။

ဓားသမား ဖြစ်သည့်အလျောက် ပင်ပန်းနာကျင်သမျှကို ရေပူလေးစိမ်ကာ ဇိမ်ယူတတ်သော Iori ခမျာလည်း ရေပူစိမ်ချင်လျှင် Riku ကို ရေနွေးတည်ခိုင်းပြီး ရေချိုးစည်ပိုင်းလေးထဲ အသာစိမ်နေရသည်။ နေ့ခင်းဘက်တွင်လည်း ပူလို့စိမ်လို့မရ။ ညဘက် ရေပူလေးစိမ်နေပြန်တော့လည်းကြာကြာမစိမ်ရရှာ။ လွန်ကဲသော အအေးကြောင့် ရေက ခနလေး ပြန်အေးသွားပြီး Iori လည်း မေးကိုင်ပြီး ကွေးကွေးလေး အိပ်ရတော့သည်။

Bleeding Love Of Fallen AngelWo Geschichten leben. Entdecke jetzt