🍁🍁
ကိုယ့်ရဲ့ ဝံပုလွေကပျိုဟာ ဘဝရဲ့ ပန်းတိုင်နဲ့ ပါတ်သက်လာရင်
အရမ်းလေးနက်လွန်းတယ်။
ဒါဟာကိုယ်တို့ မပေါင်းစည်းနိုင်ခြင်းရဲ့ အဓိက တရားခံလို့ပြောရင်
ကိုယ်ရန်ရှာသလိုများဖြစ်သွားမလား။
ဘယ်တတ်နိုင်မလဲလေ...။
ချွဲနွဲ့တတ်တဲ့မိန်းမပျိုထက် လေးနက်တည်ကြည်တဲ့ယောကျာ်းတစ်ယောက်ကိုမှ ချစ်မိတာကိုး...။
🍁🍁🌾 Bleeding Love 🌾
^~ Fallen Angel~^" ဘာကြောင့်မှန်းမသိပေမယ့် ကျွန်တော် ခင်ဗျားကို စတွေ့ကတည်းက သဘောကျတာ"
"Onozuka Sama!! "
"ခင်ဗျားဆီက ဆာမူရိုင်းအငွေ့အသက်တွေရနေလို့ဖြစ်မယ်ထင်တာဘဲ။ ဒါကြောင့် ခင်ဗျားကို ကျွန်တော် သွေးသောက်တစ်ယောက်လိုခင်ချင်တယ်။ "
Iori သဘောကျတာက သူမထင်သလို မဟုတ်၍ Shizuka သက်ပြင်းချလိုက်သည်။
" တော်သေးတာပေါ့... "
" Shinohara San ခင်ဗျား ကျွန်တော့ကို ခင်ဗျားယုံကြည်လို့ရတဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားနိုင်ပါတယ် ခင်ဗျ "
မိတ်ဆွေဖွဲ့တာကို မဟာမိတ်ဖွဲ့သလို စနှစ်တကျ ပြောနေသော Iori သည် မိတ်ဆွေ သူငယ်ချင်း မဖွဲ့ဖူးမှန်း သိပ်သိသာလှသည်။
" ဒါပေမယ့် ငါမင်းနဲ့ မိတ်ဆွေမဖြစ်ချင်ဘူးဆိုရင်ရော..."
" ရှင်-!! "
အံဩတကြီး ပြန်အော်ဖို့လုပ်နေသော Shizuka ကို Iori လက်ကာပြလိုက်ရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။
" ဝမ်းနည်းစရာဘဲ...။ Shizuka ရှေ့မှာ ကျွန်တော် အငြင်းခံရတာ...။ ကျွန်တော်တို့နှောင့်ယှက်သလိုဖြစ်သွားပြီထင်တယ်..။ "
Iori ၏ အသံသည် ဒေါသများကို ထိန်းထားရသဖြင့် အနည်းငယ် မာကာ စကားလုံးများက မြန်ဆန်ပြီးလုံးထွေးနေသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...