BLOFA ^6^ စောရဆိုး
🍁 ဝံပုလွေပျိုရဲ့ စကားတစ်ခွန်းက စစ်သူရဲကိုယ့်ကို
ချောင်ပိတ်ကာ အသက်ရှူရပ်မတတ် ဖြစ်စေနိုင်ကြောင်း
ဝံပုလွေပျိုအား တစ်နေ့တော့ ဆက်ဆက်ပြောပြပါဦးမည်။ 🍁🌾 Bleeding Love 🌾
^~Fallen Angel~^မြင်းကို ဒုန်းစိုင်းစီးသွားသည့် Shun ရဲ့နောက်ကို Riku အပူတပြင်းလိုက်သွားသည်။ သေချာတာကတော့ Shun ဦးတည်တဲ့ လမ်းက ရွာသားတွေ ပြောတဲ့ ရေတံခွန်ဆီသွားတဲ့ လမ်းမဟုတ်တာသေချာသည်။ Shun ရဲ့ မြင်းကလည်း သူ့အပေါ်ကို ရန်သူရောက်နေသည့် အလား ပြေးရင်း သူ့သခင်ကို ခါခါချနေသေးသည်။ Shun ကတော့ မဖြုံသလိုမျိုး သူ့မြင်းကြိုးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး မြင်းကို ခြေဖနှောင့်နှင့် အတင်းကန်နေသည်။ Riku အတွက်စိတ်အနှောက်အယှက် ဖြစ်နေတာတစ်ခုက ရှေ့က မြင်းစီးသူက ဒီလောက် ရုတ်ရင်းဆန်ခတ်ဖြစ်နေတာတောင် အရှိန်အမြင့်ဆုံးနဲ့ပြေးနေတဲ့ သူ့မြင်းက မနည်းလိုက်နေရသည်။
ဒါပေမယ့် သခင်လေး ကို နောက်ဆုံးတွေ့တဲ့ လူဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် သခင်လေး ပျောက်သွားလောက်တဲ့နေရာကို သိလို့ဘဲဖြစ်မယ်။
တောစပ်နားအဝင် တစ်နေရာရောက်တော့ Shun မြင်းပေါ်က ခုန်ဆင်းပြီး ကျောက်တုံးတစ်လုံးဘေးမှာ တင်ထားသည့် အိတ်တစ်လုံး ကိုကောက်လိုက်ပြီး အထဲကိုဖွင့်လိုက်သည်။ အထဲကိုကြည့်လိုက်သည့် တစ်ပြိုင်နက် Shun မျက်နှာပေါ်ကျေနပ်ပြုံးက လှစ်ခနဲပေါ်လာသည်။ Riku သူ့ဘေးနားထိ မြင်းကို တိုးသွားလိုက်ပြီး မေးလိုက်သည်။
"ခင်ဗျား ဘာတွေကောက်နေတာလဲ "
Riku မေးလိုက်တော့ Shun က မော့ကြည့်သည်။ Shun ရဲ့ တစ်စုံတစ်ခုကို အကျေနပ်ကြီးကျေနပ်နေတဲ့ ပြုံးစိစိမျက်နှာပေးက Riku ကိုတေွ့တော့ ချက်ချင်းတည်သွားသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...