BLOFA :: 62 [Unicode]

1.9K 214 30
                                        

Blofa :: 62
Where are you?

🍁🍁

ဝံပုလွေပျိုရယ်..... ကိုယ်ဆိုတဲ့သူကလေ
လမ်းပျောက်သွားရင် ကိုယ့်ကိုယ်ကိုယ် ရှာရမယ့်အစား မင်းကိုဘဲ ရှာနေမိတာ။

🍁🍁

🍁 Bleeding Love 🍁
^~ Fallen Angel ~^

နှုတ်ခမ်းပေါ်ကျလာသည့် အနမ်းနွေးနွေးက Iori အသက်ဝိဉာဉ်ကို အဝေးဆုံးထိ တွန်းပို့နိုင်စွမ်းရှိသည်။ Iori အရဲစွန့်ပြီး မျက်လုံးဖွင့် ကြည့်မိတော့...

အခုထိ မသဲကွဲသေးတဲ့ အမြင်အာရုံတွေ..... ထို့နောက် မျက်ဝန်းကို ဖိအုပ်လိုက်သော အသားမာတက်နေသော လက်ဖဝါး....။

" ဒါလည်း တန်ရာတန်ကြေးဘဲလား "

Iori ထထိုင်ကာ Shun ကို ခပ်တိုးတိုးမေးမိသည်။  ရေပူစမ်းမှာတုန်းက ကျေးဇူးတင်စကားပြောဖို့ လုပ်တဲ့ သူ့ကို နမ်းပြီး ပြောလိုက်တဲ့စကားက အခုထိ Iori စိတ်ထဲအမြစ်စွဲနေသည်။

*ကျေးဇူးစကားက သုံးလို့မရဘူး။ အဲအစား ဒီလိုလေး တန်ရာတန်ကြေးဘဲပေး * တဲ့။

Shun ဆိုတာ Shun ပါဘဲ။ Iori သာအမှတ်မရှိခဲ့တာ။ Iori ရဲ့မေးခွန်းကြောင့် Shun သဘောကျစွာရယ်လိုက်တော့ Iori စိတ်မကောင်းဖြစ်သွားရသည်။

" တန်ရာတန်ကြေးလေးအတွက်နဲ့ ငါဒီထိပြန်လာမယ်ထင်လား "

Shun ရဲ့ ရိသဲ့သဲ့ သြရှရှ အသံဟာ Iori နားထဲပွတ်တိုက်ပြီးစီးဆင်းသွားသည်။

ပြန်လာတာ...။

ဘာကိုပြောတာပါလိမ့်....။

....

ဟုတ်သားဘဲ...။

သူမေ့လဲနေတုန်း Shun ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်သွားတာဘဲ။ တော်သေးတာပေါ့။

Iori ဒီနေ့ နေပြည်တော်ကိုပြန်ရမှာ။ Shun သာ ဒီနေ့မရောက်လာရင် သူတို့ ဘယ်တော့မှတွေ့ဖြစ်ကြမှာမဟုတ်ဘူး။ Iori ရင်ထဲ လှိုက်ခနဲ့ ဝမ်းနည်းဝမ်းသာ ဖြစ်သွားရကာ Shun ကို လွတ်ထွက်သွားတော့မည့် အလားခပ်တင်းတင်းဖက်တွယ်လိုက်သည်။ Shun ကတော့ ရယ်ကာ Iori ကျောကုန်းကို ပွတ်ပေးလိုက်သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now