နှစ်ပိုင်းတင်ထားပါတယ်နော်။ ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက် ဒီ အပိုင်းမှာ အကြမ်းဖျဉ်း ပြန်နွေးပေးထားပါတယ်။ မှတ်မိတယ်ဆိုရင်တော့ နောက်အပိုင်းကနေ စဖတ်လို့ရပါတယ်နော်။
ဇာတ်လမ်းအကျဉ်းချုပ်
မဟာမိတ်တွေက အကူအညီမပေးတဲ့အချိန်မှာ Genji လူမျိုးတွေရဲ့အကူအညီနဲ့ Warui ဆိုတဲ့ နယ်ချဲ့စစ်နတ်ဘုရားကို ချေမှုန်းပြီးတဲ့နောက်မှာ Nara နိုင်ငံ နှင့်တစ်ကွ အခြား လက်အောက်ခံနိုင်ငံများစွာ ငြိမ်းချမ်းရေးကို တဖန်ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ Nara ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တဲ့ Genji မင်းသားဟာ မင်းသမီး Mei နဲ့ လက်ဆက်ပြီး Nara ရဲ့ ဧကရာဇ်နေရာကိုဆက်ခံခဲ့တယ်။
ဒါပေမယ့် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလို Genji မင်းသားနန်းတက်ပြီးတဲ့နောက်မှာ တိုင်းပြည်တစ်ခုလုံးဟာ Genji လူမျိုးတွေရဲ့ အတွင်းကနေ လှိုက်စားတဲ့ ဒါဏ်ကို အလူးအလိမ့်ခံခဲ့ရတယ်။
Nara နိုင်ငံရဲ့ စစ်သူကြီး Takumi ဟာ Genji လူမျိုး တစ်စုလုံးရဲ့ အပုပ်ကို ဖော်ထုတ်ခဲ့ပြီး Genji တစ်မျိုးစု လုံးကို တိုင်းပြည်ကနေ ရှင်းထုတ်ကာ Nara ကို တိုင်းသူပြည်သားတွေရဲ့လက်ထဲကိုပြန်ထည့်ပေးနိုင်ခဲ့ပါတယ်။
စစ်သူကြီး Takumi ကလည်း ပြည်သူ ချစ်တဲ့ ဧကရာဇ် တစ်ဖြစ်လဲ နဂါးသူရဲကောင်းအဖြစ် Nara ကို အုပ်ချုပ်တဲ့အချိန်ကစပြီး Nara ဟာ အင်မတန် အင်အားတောင့်တင်းတဲ့ အင်ပါယာကြီး ဖြစ်လာပါတယ်။
ဒါတွေဟာ Nara ပြည်သားတိုင်းသိတဲ့ Nara ရဲ့ ရာဇဝင်ပေါ့။ တိုင်းပြည်ကို ကယ်တင်ပြီး တိုးတက်အောင် လုပ်ခဲ့တဲ့ နဂါးသူရဲကောင်းကို လေးစားချစ်ခင်တဲ့ သူတွေထဲမှာ စိတ်အားအထက်သန်ဆုံးသူကိုပြပါဆိုရင် Onozuka Iori ကို ပြရမှာပင်။
အမတ်ချုပ်တစ်ဖြစ်လဲ အတိုင်ပင်ခံအမတ်ကြီး ၏ ခြေရာကိုမလိုက်ဘဲ နဂါးသူရဲကောင်းကို ကာကွယ်သူဖြစ်ချင်ခဲ့တဲ့ Iori ဟာ ငယ်ဘဝတစ်ခုလုံးကို စစ်နဲ့ တိုက်ခိုက်ရေးပညာကို သင်ယူရင်း ကုန်ဆုံးခဲ့တယ်။ ပါရမီနဲ့ ကြိုးစားအားထုတ်မှုကြောင့် အသက် ၁၇ နှစ်မှာ ထိပ်ဆုံးမှာရပ်တည်နိုင်တဲ့ အငယ်တန်း ဓားသမားဖြစ်လာတယ်။ ဒါပေမယ့် ဧကရာဇ်နားရောက်ဖို့ လက်တစ်ကမ်းအလိုမှာ Iori ရဲ့ ကံဆိုးမှုနေ့ရက်တွေကစတင်ခဲ့တယ်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...