BLOFA :: 18 [Unicode]

1.9K 260 4
                                    

🍁 When Unacceptable Love Bloom,
A Heart's Doomed 🍁

🌾 Bleeding Love 🌾
^~ Fallen angel ~^

"​ရောက်​ပြီ။ "

မြင်​းကို ရပ်​ပြီး Iori နားနားကပ်​​ပြောကာ Shun မြင်​း​ပေါ်က ဆင်​းလိုက်​သည်​။ ထို့​နောက်​ မြင်​း​ပေါ် ​ကြောင်​အမ်​းအမ်​းနှင်​့ထိုင်​​နေ​သော Iori ​နောက်​​ကျောကိုထိန်​း ဒူး​အောက်​လက်​လျိုကာ သတို့သမီး​လေးလို ​ပွေ့ချီလိုက်​သည်​။

" ဘာ..ဘာလုပ်​တာလဲ။ ငါ့ကိုလွတ်​။ "

Iori ရုန်​း​ပေမယ်​့ Shun က Iori လက်​​မောင်​းကို ခပ်​တင်​းတင်​းဆုပ်​ကိုင်​ကာ Iori ​​ပေါင်​ကို ခပ်​​တင်​းတင်​း ဆုပ်​ကိုင်​လိုက်​​တော့ Iori နတ်​ပူးသလို တစ်​ချက်​ တွန်​့ကာ ထရီ​တော့သည်​။

" ​ငြိမ်​ငြိမ်​​နေ။ "

နှစ်​ကိုယ်​ကြားရုံ ခပ်​တိုးတိုး​ပြောလိုက်​တဲ့ Shun ​ကြောင်​့ Iori တွန်​့လိမ်​​နေရာမှ ငြိမ်​ကျသွားသည်​။ အိမ်​က တိတ်​ဆိတ်​​နေပြီး မသိနိုင်​​သော အရှိန်​အဝါတစ်​ခုက လွှမ်​းမိုး​နေ​သော​ကြောင်​့ Iori အနည်​းငယ်​​ရှိန်​​နေတာ​တော့အမှန်​။ Iori ကို ​ပွေ့သွားရင်​း Shun အ​ဆောင်​တွင်​းထဲသို့ဝင်​သွားသည်​။

Ken က​တော့ သူ့ကို အဖက်​မလုပ်​ဘဲထွက်​သွားသည်​့ Shun ကို အသံ​ပေါင်​းစုံဖြင်​့ ဆန္ဒပြ​နေ​ပေမယ်​့ Shun က​တော့လုံးဝလှည်​့မကြည်​့​ဘဲ အ​စောင်​့တစ်​​ယောက်​က မြင်​း​စောင်​းထဲ ​ခေါ်သွားတာကို မသွားချင်​သွားချင်​​ပေကပ်​ကပ်​နှင်​့လိုက်​သွား​တော့သည်​။ သူလည်​း အနားယူရဦးမည်​။ သူ့သခင်​က သူ့ကို လူလိုသူလို မစီးဘူး​လေ။

​စော​စောက အထိန်​း​တော်​ကြီးရဲ့ အသံတိတ်​သတိ​ပေးမှု​ကြောင်​့ တိတ်​တိ်​​နေခဲ့ရ​သော နန်​းတွင်​းသူများသည်​လည်​း Shun အထ​ဲ​ရောက်​သွားသည်​နှင်​့ တစ်​​ယောက်​ကို တစ်​​ယောက်​ တွတ်​ထိုး​နေကြသည်​။ သူတို့​ပြောတဲ့​ခေါင်​းစဉ်​က​တော့ မိန်​းမပျိုတစ်​ဦးကို မချီစဖူးချီသွားသည်​့ သူတို့ရဲ့ ​ပေါ့တိ​ပေါ့ပျက်​မင်​းသားအ​ကြောင်​း၊ နန်​း​တော်​ကို အရက်​အိုးလည်​းမပိုက်​ ၊ အရက်​လည်​း မူးမလာဘဲ ပြန်​လာသည်​့ အရက်​ကျေးကျွန်​ မင်​းသားတစ်​ပါးအ​ကြောင်​း​ပေ့ါ....။

Bleeding Love Of Fallen AngelWhere stories live. Discover now