BLOFA (12)
မုန်းဖို့ကောင်းတဲ့ လမ်းပြIori သူ့လက်ထဲကတုတ်ကို အသာပွတ်သပ်ပြီး Shun နောက်ကို လိုက်ခဲ့သည့် လမ်းကြောင်းကို ပြန်ပုံဖော်ကြည့်လိုက်သည်။
သူနောက်လှည့်ပြီး တည့်တည့် ပြန်လျှောက်လာပြီး ပါတ်ဝန်းကျင်ကို နားစွင့်ထားလိုက်သည်။ လျှောက်ရင်းနဲ့ ရေစီးသံကြားလိုက်ရတော့ သူတံတားနဲ့ နီးနေပြီဆိုတာသိလိုက်ရသည်။ လမ်းကို သတိထားလျှောက်ရင်း တံတားကို ဖြတ်လိုက်သည်။
တံတားဆုံးသည်နှင့် သူ ခါတိုင်း Shun နဲ့ ပြန်လာနေကျ လမ်းကို ပြန်ပုံဖော်ရင်း လမ်းကြောင်းဘယ်အချိန်လောက်မှာ ပြောင်းလဲသွားလဲ ဆန်းစစ်လိုက်သည်။ သူသွားနေကြနေရာနဲ့ မရင်းနှီးတဲ့နေရာ .. အငွေ့အသက် ... အသံ... သူအထပ်ထပ်အခါခါ ပြန်သုံးသပ်ကြည့်သည်။
" အာ... သစ်ကိုင်းခြောက် !! "
Iori ဝမ်းသာအားရ ထခုန်မိသည်။
ဟုတ်သည်။ သူShun နဲ့ ရေတံခွန်ဘက်ကိုလာတိုင်း သစ်ကိုင်းခြောက်တွေဆိုတာ တစ်ခါတလေမှ နင်းမိတာ...။ သူခုတစ်ခေါက် Shun နောက်လိုက်တာ သစ်ကိုင်းခြောက်တွေ ခဏခဏ နင်းမိသည်။ ထို့အပြင် သစ်ကိုင်းများကလည်း ကြွပ်ဆတ်နေသည်...။
" ဒါဆို... .."
ကလေးတွေပြောပြဖူးသော နေရာပုံစံနဲ့ Shun ပြောပြခဲ့သော နေရာတို့ကို ညှိကြည့်လိုက်သည်။
" ဟုတ်ပြီ။ ညာဘက်ကို ချိုးပြီး ကလေးတွေပြောတဲ့ ကစားကွင်းဆိုသည့်နေရာကို သူမှန်းလျှောက်လိုက်သည်။ ကလေးတွေနဲ့ လျှောက်သွားတုန်းက ကလေးတွေ သူ့ကို အရိပ်အလွန်ကောင်းသည့်နေရာတစ်ခုက်ို ခေါ်သွားဖူးသည်။ ကုက္ကိုပင် တွေ အများကြီးရှိတဲ့ နေရာပေါ့ ။ သစ်ပင်တွေကတောအုပ်ငယ်တစ်ခုစာရှိတဲ့အပြင် အပင်တွေက စုပေါက်နေတဲ့အတွက် တူတူပုန်းတမ်းကစားလို့ကောင်းသည်ဟုကလေးတွေပြောဖူးသည်။ ထို့ပြင် ကုက္ကိုကိုင်းငယ်တွေက အင်မတန်ကြွပ်ဆတ်သည့်အတွက် မကြာခဏ ကျိုးကျလေ့ရှိသည်။ ကလေးများကတော့ ထင်းကို ဒီမှာဘဲ လာကောက်ကြတာဟု အားရပါးရပြောပြဖူးသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...