Blofa :: 60
Iori ကလေးတွေကြားထဲမှာထိုင်ရင်း Mina နဲ့ ရွာသားတွေရဲ့ စကားတွေကို ငြိမ်ငြိမ်ကလေးနားထောင်မိသည်။ Mina အရမ်းပျော်နေပုံပေါ်သည်။ သူလဲမနိုင်တော့။ အခုလည်း သူ့ကို ပစ်ပြီး တီးမှုတ် ကခုန်နေကြတာ။
" Wahhhhh.... Oyabun San ရဲ့ မေမေ ကတာ အရမ်းလှတာဘဲ "
အမွှာအငယ်မလေး Misaki ရဲ့ မှတ်ချက်ကြောင့် Iori ခေါင်းကြိမ်းသွားသည်။ အခု ရွာသားတွေကြားထဲ ဝင်တောင် က နေပြီလား။ တော၊ ရွာတွေမှာ ယောကျာ်း၊ မိန်းမ အကုန် တန်းတူ ကကြပေမယ့် သူတို့အိမ်တော်မှာက အဲလိုမှမဟုတ်တာ။
အစပိုင်းကတော့ Mina က သူတို့ရဲ့ နတ်ပူဇော်ပွဲတွေမှာ အေးအေးဆေးဆေးဝင်ကူပြီး စကားကောင်းကောင်းပြောနေကြတာလေ။ ပြီးတော့ သူတို့ တိုက်သမျှ၊ ကျွေးသမျှကို ယဉ်ယဉ်ကျေးကျေး ပြန် ငြင်းနေတာ။ Mina အူစမြူးတာ ဘယ်တုန်းကပါလိမ့်။ အင်း... Onozuka သခင်ကြီးအကြောင်းကို စပြောကြတုန်းက ထင်တယ်။
Flashback:
" Mina Sama ကအရမ်းပျော်တတ်တာဘဲ။ ပြီးတော့ တောဓလေ့တွေလည်း အကုန်သိတာဘဲနော် "
" ဟုတ်ပ ဟုတ်ပ။ "
" အိမ်တော်ကြီး က အရှင်သခင်မတစ်ယောက်ကို ဒီလိုမျိုး မြင်ဖို့ဆိုတာအရမ်းခက်တယ် "
" ဝတ်စားထားပုံကလည်း ရဲရင့်တဲ့ မိန်းမငယ်လေးတစ်ယောက်လိုဘဲ "
Mina ရယ်လိုက်သည်။ ယောကျာ်းလေးလို ဝတ်စားထားကာ ဆံပင်ကို ခပ်မြောက်မြောက်စည်းထားသော သူမရဲ့အသွင်မှာ အိမ်တော်တစ်ခုရဲ့ အရှင်သခင်မထက် အမျိုးသမီးစစ်သည်တော်နှင့်တူနေသည်။ သူမကို မြင်တွေ့နေရတာ Iori ကို မိန်းကလေးပုံစံနှင့် မြင်နေရသလိုပင်။
" တော့ဓလေ့တွေအကုန်သိဆို ကျွန်မကလည်း မွေးကတည်းက တောသူလေးတစ်ယောက်ဘဲလေ "
" အယ်... ဒါကို Onozuka သခင်ကြီးနဲ့ ဘယ်လိုတွေ့ခဲ့တာလည်း။ "
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...