BLOFA :: 41
" အပြင်မှာ အရမ်းအေးလို့လား ပါးတွေအရမ်းရဲနေတာဘဲ။ မှန်းစမ်း ကိုယ်ပူလည်းရှိတယ်။ "
ပြန်ရောက်ကတည်းက မျက်နှာလေးရဲနေသော Iori ကို Akashi စိတ်ပူစွာ ဆိုမိသည်။
" အပြင်သွားတာ ကြာသွားလို့ထင်ရဲ့။ Shun မင်းဆီမှာ "
Akashi Shun ကို လှည့်ကြည့်ကာ ဆေးရှိလားမေးဖို့ပြင်လိုက်ပေမယ့် Shun က နေရာမှာ မရှိတော့။
" ဟင် အခုမှ ပြန်ရောက်တာကို ဘယ်သွားတာလဲ "
" A...Akashi Kun.. ကျွန်တော်အဆင်ပြေပါတယ်။ နှင်းတွေထဲ နေတာကြာသွားလို့ပါ။ "
ပြောလည်းပြော ဂူထဲမှာဖိုထားတဲ့ မီးဖိုဘေး Iori တိုးသွားလိုက်သည်။
Akashi ဘာမှမပြောတော့ဘဲ Shun ယူလာသော အိတ်ကို ဖွင့်ကြည့်လိုက်တော့ ပန်းသီးတွေကိုတွေ့တော့ ဝမ်းသာအားရနှင့် နှိုက်လိုက်သည်။
" Iori ရော့ပန်းသီး "
Iori ကို ပစ်ပေးဖို့ ကြံလိုက်ပေမယ့် Iori အာရုံက သူ့ဆီမှာမရှိ။
" Iori! "
"... "
"Iori!!"
"...."
" I..OR..Ri !! "
" ဗျာ။ "
သူအသံမြင့်ကာ ဆောင့်အောင့်ခေါ်လိုက်ခါမှ Iori ကကဗျာကယာပြန်ထူးသည်။
" နှုတ်ခမ်းကိုင်ပြီး ဘာလုပ်နေတာလဲ။ "
Iori မျက်နှာလေးမီးပူရှိန်ဘဲပင်လား ပိုရဲသွားသည်။
" ဘာမှ မလုပ်ပါဘူး "
" ပန်းသီးစားဦးမလား "
" Hai "
Iori ပန်းသီးကိုယူကာ ဓားမြောင်လေးနှင့် ပန်းသီးကို ကျွမ်းကျင်စွာ အခွံနွာလိုက်သည်ကို Akashi အံသြတကြီးကြည့်နေမိသည်။ ပန်းသီးအသံကြားသည်နှင့် သိုင်းကျင့်နေရာမှ ကပျာကယာရောက်လာသော Asahi ကလည်း ပန်းသီးတစ်လုံးနှိုက်ကာ Iori ကိုမေးလိုက်သည်။
" Iori Sama ပန်းသီးအခွံနွင်တာတော်လှချည်လား။ ဘယ်သူသင်ပေးထားတာလဲ "
" Shun "
Iori မဆိုင်းမတွဖြေသည်။ သူ့လက်ကိုကိုင်ကာ ပန်းသီးနွင်တာ သင်ပေးတဲ့ Shun ကို သတိရသွားတော့ Iori မျက်နှာက ရှိန်းခနဲ ဖြစ်သွားပြန်သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...