BLOFA :: 15
Good Night🍁 Oyasumi [ Good Night ]🍁
🌾Bleeding Love 🌾
^~ Fallen Angel ~^"ကြမ်းကျွံလျှင် နှုတ်လို့ရပေမယ့်
စကားကျွံရင် နှုတ်လို့မရဘူး " တဲ့
မှန်လိုက်လေ။
တစ်လမ်းလုံး " သေချင်တယ် " ဆိုတဲ့ စကားကို အသက်ကယ်ဂါထာပမာ တဖွဖွ ရွတ်လာသော Iori ကို ကြည့်ပြီး Shun တရားကျမိသည်။
တကယ်ဆို စကားစကျွံတာက သူ။
ဘယ်သွားသွား ဘယ်သူ့ကိုမှ ခွင့်မတောင်းဖူးတဲ့ Shun။
သူ မယ်မယ့်ဆီပြန်မယ်လို့ပြောစဉ်က တကယ်တော့ Iori ဆီက " ကောင်းတယ် ။ နားအေးတာပေါ့ " ဆိုတဲ့စကားလေးကို ကြားချင်ခဲ့တာ။
" ကောင်းကောင်းသွား.. " ဆိုတဲ့ စကားနဲ့ တိုက်ရိုက်အချိုးကျတဲ့ နှင်ထုတ်သံလေးကိုပေါ့။
Iori လိုက်မယ်လို့ပြောမယ်ကို မထင်ထားခဲ့တာ။
သူငြင်းကြည့်ပေမယ့် အရက်ကလေးဝင်ပြီး သွေးဆူနေတဲ့ Iori ကတော့ သူလိုချင်တာရဖို့ ဘာမဆို လုပ်တော့မည့်ပုံမို့။
အင်း....
ဒါနဲ့ ဒီ အဆင့်ထိရောက်လာတာဘဲ။
🌾Bleeding Love 🌾
^~ Fallen Angel ~^မိန်းကလေး ဝတ်စုံနှင့် သူ့ပုံစံက အတော် ဂွကျနေသည်။ ခြေထောက်က အနည်းငယ်ကားနေပြီး လက်က မြင်းဇက်ကြိုးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။ Shun ခမျာ Iori မြင်းဇက်ကြိုးကို လွတ်လိုလွတ်ငြား အနည်းငယ် ဆောင့်ဆွဲကြည့်တာတောင် လုံးဝမလွတ်ပေး။ Shun နှင့် အရပ်အမောင်းချင်းက သုံးလက်မလောက်ကွာသော်လည်း ခန္ဓာကိုယ်ကိုတောင့်ထားသောကြောင့် Shun မှာ ရှေ့ကိုလည်းကောင်းကောင်းမမြင်ရချေ။ ခေါင်းကို အနည်းငယ်စောင်းပေးဖို့ ဒါမှမဟုတ် အနည်းငယ်ပြင်ထိုင်ဖို့ Iori က်ုပြောပေမယ့် Iori ကတော့ မမြင်ရသော သူ့ကို တစ်ချက်လှည့်မော့ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းခါကာ နေမြဲအတိုင်းဆက်နေသည်။ Shun ခမျာ ရှေ့ကိုလည်း သေချာမမြင်ရ၊ Ken ကိုလည်း သေချာ မထိန်းနိုင်ရှာ။ သခင်၏ ဆန္ဒကို ကောင်းမွန်စွာ သိသော Ken လို မြင်းလိမ္မာကြောင့်သာတော်ရော့တော့သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...