BLOFA :: 16
Show Me & Bet Meအေးစက်စက် မနက်ခင်းမှာ ဝီရိယ၏ လှုံ့ဆော်မှုဖြင့် Iori နိုးထလာခဲ့သည်။ ပထမဦးဆုံး ဝင်လာသည့့်အသိက နာကျင်မှု။ မျက်လုံးပိတ်လျက်နှင့်ပင် ပုခုံးကို အသာဖိထားကာ ထထိုင်လိုက်ပြီး ဘေးနားကို စမ်းကြည့်လိုက်ပြီးခါမှ လက်ကို ဆတ်ခနဲ ပြန်ရုတ်လိုက်မိသည်။ ။
နိုးနိုးခြင်းတွင်ပင် ညာဘက်အိပ်ယာကို အသာယာစမ်းလိုက်ခြင်းက မျက်လုံးဖုံးသော အဝတ်စကို ရှာဖွေခြင်း မဟုတ်မှန်း Iori ဝန်မခံလိုသော်လည်း နှုတ်ခမ်းကနေပါ " Shun " ဟု သတိလက်လွတ်ထွက်မိသွားခြင်းက ရှက်ဖွယ်ကောင်းလှပါသည်။
မျက်လုံးဖုံးသော အဝတ်စဆိုခါမှ ညက အဝတ်စကို မဖြုတ်ဘဲ အိပ်မိသည်။ ဒါပေမယ့် အိပ်ရင်းနှင့်ပြေကျသွားသည်ထင်ရဲ့။ မျက်လုံးဖုံး က ရှိမနေ။ သူ့နေရာ ပါတ်ပါတ်လည်ကို ဟိုဟိုသည်သည် စမ်းရင်း သူအစောနက ခေါင်းချခဲ့သောနေရာဘေးတွင် သေသပ်စွာခေါက်ထားသော မျက်လုံးဖုံးကို ရှာတွေ့သွားသည်။
မျက်လုံးဖုံးကို ပိတ်ထားသည့် မျက်ဝန်းများပေါ်အသာအယာနေရာချပြီး နောက်ကနေ စည်းနေစဉ် Shun ပြန်ရောက်လာသည်။ Iori ရုတ်တရက်မတ်တပ်ရပ်လိုက်တော့ နှင်းရည်တွေစိုနေတဲ့ တဲအမိုးကို ခေါင်းနှင့်တိုက်မိပြီး နှင်းစက်တစ်ချို့က မျက်နှာနှင့် အကျႌလည်ပင်းပေါက်ကနေတစ်ဆင့် ရင်ဘတ်ကို စီးသွားသောကြောင့် Iori တစ်ကိုယ်လုံး ကြက်သီးထသလို တစ်ချက်တုန်သွားသည်။ တဲထဲကနေထွက်လာတော့ မိုးသောက်လင်းစမို့ထင်ရဲ့။ အေးသည့်ကြားကပင် တစွန်းတစ်စတိုးဝင်လာနေရာင်ခြည်က မြတ်နိုးစရာကောင်းလှသည်။
Iori ခေါင်းကိုမော့ကာ အရုဏ်အလင်းဦးကို ကျေနပ်စွာခံယူလိုက်သည်။ ထို့နောက် တစ်ညလုံး အခင်းပါးပါးလေးဖြင့် အိပ်ခဲ့ရသဖြင့် အနည်းငယ် ကိုက်နေသော ပုခုံးကို လက်ဖြင့်အသာနှိပ်နယ်ရင်း Shun ကို နှုတ်ဆက်လိုက်သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...