BLOFA :: 59 [Unicode]

1.7K 174 11
                                        

Blofa :: 59

" မမက ဘယ်သူလဲ "

" လှလိုက်တာ "

သူမကို ခြံတံခါးပေါက်ဝမှာတင် ဝိုင်းအုံ မော့ကြည့်ကာ မျက်လုံးဝိုင်းဝိုင်းတောက်တောက်ကြီးများဖြင့်မော့ကြည့်နေသော ကလေးတစ်သိုက်ကို Mina မျက်နှာချီထားလျက်နှင့်ပင် မျက်လုံးထောင့်မှ ကြည့်နေလိုက်သည်။

" သခင်မကြီး ကျွန်တော်ရှင်းလိုက်ရမလား "

" မလိုဘူး "

Mina မြင်းပေါ်က ဆင်းကာ သူ့ရှေ့တည့်တည့်က ကလေးရဲ့ ပါးကိုပွတ်သပ်ကာ နူးညံ့စွာမေးလိုက်သည်။

" မင်းတို့ရဲ့ Oyabun ရှိလား "

ပါးပွတ်ခံရသော Tetsu မျက်နှာလေးရဲသွားသည်။

" အထဲ...မှာ "

ရှက်ဝဲဝဲလေးပြန်ပြောတဲ့ Tetsu ကို တစ်ချက်ပြုံးပြကာ Mina အထဲကို ဝင်လာသည်။ ကလေးတွေကတော့ သူမရဲ့ လှပမှုမှာ ပါးစပ်အဟောင်းသားဖြစ်နေကာ Iori တို့ကိုခေါ်ဖို့လည်းသတိမရကြချေ။

" နေဦး။ နေဦး "

ပထမဦးဆုံးသတိဝင်လာကာ သူမရှေ့ကနေ ကာဆီးလိုက်သူက Chiku။

" အစ်မက ဘယ်သူလဲ။ ဘာလို့် Oyabun နဲ့တွေ့ချင်တာလဲ။ "

Chiku ရဲ့ အသံစွာစွာက ကျယ်လောင်စွာထွက်လာတော့ အထဲမှာ Iori ကိုဆေးကုပေးနေတဲ့ Kankuro က ထွက်လာသည်။

" ဘာလို့ ဧည့်သည်ကို အထဲမခေါ်ဘဲနဲ့ ကာထားတာတုန်း။ အထဲဝင်ပါခင်ဗျ ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူး "

" Iori နဲ့.. "

Mina စကားမဆုံးခင်မှာဘဲ အိမ်ရှေ့ကိုထွက်လာသော Iori ကိုမြင်လိုက်သည်။ အိမ်နေရင်းဝတ် Yukata အဖြူလေးကို ဝတ်ထားသည်မို့ Iori ပုံစံက နှင်းပွင့်လေးသဖွယ်။ Mina ချက်ချင်းပင် ရှေ့လှမ်းသွားကာ သူမခြေသံကြောင့် မျက်ခုံးလေးများတွန့်ချိုးလျက် နားစွင့်နေသော Iori ကိုဆွဲ ဖက်လိုက်သည်။ သူမက Iori ပုခုံးသာသာ အရပ်ရှိတာမို့Iori မှာ ကုန်းကုန်းကွကွဖြစ်နေသည်။

Iori တစ်ချက်ကလေးတောင့်သွားပြီးနောက် သူမကို မဝံ့မရဲခေါ်လိုက်သည်။

" မယ်မယ် ? "

" ငါ့ကလေးလေး "

သူ့ရဲ့ခေါင်း ကိုပါပွတ်သပ်လာပေးတဲ့ Mina ကြောင့် Iori အပေါ်သွားလေးတွေအကုန်ပေါ်နေတဲ့အထိပြုံးကာ Mina ရဲ့ပုခုံးပေါ်မေးတင်လျက် ပြန်လည်ပွေ့ဖက်လိုက်သည်။ Iori ရဲ့ မိခင် Mina က ပွေ့ဖက်ခြင်းကို နှစ်သက်သူဖြစ်သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now