Blofa : : 50
Yoroshiku, Shunkaku Desu" ကလေးတွေ "
ကလေး အသံကြားသည်နှင့် Iori လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
" ကျွန်တော်ပြောသားဘဲ သူတို့ရှိပါတယ်ဆို "
ဝမ်းသာအားရ ပြောကာ ဂူပေါက်ရှိရာကို သွားဖို့ပြင်နေတဲ့ Iori ကို Shino လှမ်းဆွဲထားလိုက်သည်။
" သခင်လေးသတိထား "ရှေ့ကိုတော့ ဆက်မလျှောက်ပေမယ့် Shino ရဲ့ သတိပေးသံကို Iori မကြားသည့်အလား မျက်နှာသေဖြင့်ပင် ရပ်နေသည်။
Hebi ရဲ့ ချိုချိုအီအီရယ်သံက ထွက်လာပြန်သည်။
" ဟုတ်ပါတယ် ကလေးတွေပါ။ အပြည့်အစုံပြောရရင် တစ်ချိန်က လမ်းပျောက်ခဲ့တဲ့ကလေးတွေပေါ့။ အခုတော့ကြည့်ပါဦး။ အသက်ရှင်ရတဲ့ ရည်ရွယ်ချက် ပြတ်ပြတ်သားသားနဲ့ ရဲရင့်တဲ့သူတွေဖြစ်နေပြီလေ။ "
သည် ပူဇော်ပွဲ...
သွေးသစ်လောင်းပွဲ....
စစ်သည်တွေကိုမွေးထုတ်တဲ့ ပွဲဆိုတာ သူတို့လေးတွေကို ဆိုလိုတာပေါ့။အမှောင်ရိပ်ထဲမှာ တစ်စွန်းတစ်စ မြင်နေရသော မျက်ဝန်းတွေကို Akashi ကြည့်လိုက်သည်။ ဆေးမိထားသလို မှိုင်းမိနေတဲ့ မျက်လုံးတွေအစား စူးရှတဲ့ အေးစက်စက် မျက်ဝန်းတွေကိုသာ သူတွေ့လိုက်ရသည်။ ဒါက ကလေးတွေမှာ ရှိသင့်တဲ့ မျက်လုံးမျိုးမဟုတ်ဘူး။
" ခင်ဗျားသူတို့ကို ဘာလုပ်လိုက်တာလဲ။ "
Hebi က တသိမ့်သိမ့်ရယ်လိုက်သည်။ သူရယ်လိုက်တိုင်း လည်မျိုပေါ်တေ့ထောက်ထားသော ဓားဦးကလည်း လှုပ်ရှားသွားသည်မို့ Asahi နှင့် Akashi ရဲ့ လည်မျိုမှာ သွေးများပင်စီးကျလာသည်။
" သူတို့ရဲ့ မျက်လုံးကိုဖွင့်ပေးလိုက်တာလေ။ လူဆိုတာ အသိဉာဏ် ပိတ်ထားခံရရင် ကိုယ်မတရားခံရမှန်းတောင်သိကြတာမဟုတ်ဘူး"
" မတရားခံရတယ်!! သူတို့ကို ဘယ်သူက ဘာလုပ်နေလို့လဲ !! "
Akashi အော်လိုက်တော့ လည်မျိုက သွေးတွေမှာတတောက်တောက်ကျလာသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...