🍁 ဝံပုလွေပျို ရှိတဲ့အရပ်ဟာ ကိုယ့်နှလုံးသား မှေးစက်ရာအရပ် 🍁
Takusan
လှပတယ်။
အရှက်အကြောက်ကြီးတဲ့ မိုးသောက်ယံ မိန်းမပျိုလေးလို
လှပပြီးကျက်သရေရှိတယ်။ လိမ္မာတဲ့ မိခင် ရှိတဲ့ နွေးထွေးတဲ့ မိသားစု တစ်ခုလို ရာသီဥတု မှန်ကန်ပြီး မြေဆီသြဇာ ပေါကြွယ်ဝတယ်။ ရေစီးသန်တဲ့ မြစ်ချောင်းတစ်ခုရှိပြီး သဘာဝရေပူစမ်းတွေရှိတယ်။ တကယ်ကို ပြီးပြည့်စုံတဲ့ နတ်ဘုံ တစ်ခုလိုဘဲ။ ငွေရှိရင် လောကရဲ့အကောင်းဆုံးစည်းစိမ်တွေကို ခံစားလို့ရတဲ့နေရာတစ်ခုပေါ့။ဒါပေမယ့် တစ်ချိန်တည်းမှာဘဲ သန်းခေါင်ယံ မိန်းမပျိုလို လှပသလောက် လျို့ဝှက်ချက်တွေနဲ့ ပြည့်နက်ပြီး လူတစ်ယောက်ရဲ့ဘဝကို အမှောင်ထဲ သွတ်သွင်း ဝါးမြိုသွားနိုင်တယ်။ တစ်ချိုလူတွေဟာ စည်းစိမ်အပြည့်နဲ့ Takusan ကို ဝင်လာပြီး ခွက်လေးဆွဲပြီး ပြန်ထွက်သွားရတယ်။ တစ်ချို့လူတွေကျ ပြန်မထွက်လာနိုင်ကြဘူး။ ထာဝရပျောက်ကွယ်သွားကြတယ်။ ဗိုက်ဟောင်းလောင်းနဲ့ ဝင်လာတဲ့ သူတို့နှစ်ယောက်ကတော့..
" ကုန်တော့မယ် ထပ်မှာဦး "
ဆာကေးခွက်ကိုမြောက်ပြီးရီဝေဝေနဲ့ Iori ဆိုတော့ Shun မှောက်နေရာမှ ခေါင်းပြန်ထောင်လာသည်။ သူ့လောက်မသောက်နိုင်ပေမယ့် Iori ရဲ့ ရေချိန်ကတော်တော်လေးကို မြင့်သည်။ သူတို့အခုမှာထားတာက Genshu ဆာကေး။ အရမ်းပြင်းတဲ့ဆာကေးအမျိုးအစားထဲမှာပါသည်။ ဒါပေမယ့် သူတို့မှာထားတဲ့ ခြောက်အိုး မှာ လေး အိုးကျော်ကျော်က Iori သောက်တာ။ သောက်နေကြ သူ့အတွက်က မထူးဆန်းပေမယ့် ခုလို သူဌေးသားနုနုဖတ်ဖတ်လေးတစ်ယောက်က အရက်တော်တော်သောက်နိုင်တာကို သူသဘောကျသည်။
" တော်လောက်ပြီ ပြန်ရအောင် "
အခြေအနေ မဟန်တော့တဲ့ Iori ကိုကြည့်ပြီး Shun သန်းဝေကာပြောမိသည်။ Iori က နှာခေါင်းရော ပါးရော နီရဲပြီး ခန္ဓာကိုယ်ကလည်း ဟိုဘက်သည်ဘက် ယိမ်းနေသည်။
" ငါသောက်နိုင်သေးတယ်။ "
သောက်နိုင်သေးတယ်သာပြောတာ။ သူ့ပါးစပ်ကိုတောင်တည့်အောင်မချိန်နိုင်တော့ဘဲ ဆာကေးက လမ်းမှာတင် မှောက်ကျကုန်ပြီး ဘာမှမရှိတော့တဲ့ ခွက်ကို မော့သောက်နေသည်။ ဘာမှမရှိတော့တဲ့ ခွက်ကိုမော့ပြီး ဘာကို မြိုချလိုက်လဲတော့မသိ။ သူ့လည်ဇလုပ် လှုပ်သွားတာတော့ Shun တွေ့လိုက်သည်။ ထို့နောက် ဆာကေးအိုးဆီကို လက်လှမ်းလိုက်သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...