" မယ်မယ် သားပြောတာမှတ်မိတယ်မလား။ "
Shun ရဲ့ စကားကြောင့် မယ် မျက်လုံးပေကလပ် ပေကလပ်ဖြစ်သွားသည်။ မနက်အစောကြီး သူမနိုးခင်ကပင် ရောက်ချလာပြီး မယ်မယ် ဆိုတာကို ပါးစပ်က မချတမ်းခေါ်ကာ တစ်ခုပြီးတစ်ခု တောင်းဆိုနေသော Shun ရဲ့ပုံစံက တောင်းပန်တာထက် ခြိမ်းခြောက်တာနှင့်တူနေသည်။
" မယ်မယ် ကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ Iori တဲ့ "
" မင်းနာမည်ကလည်း .."
" အဲ မိန်းကလေးက ကျွန်တော့ကို သာမာန်အရပ်သားလို့ဘဲထင်နေတာ မယ်မယ် ရဲ့ "
"အဲဒါ မယ်မယ် မသိချင်ယောင်ဆောင်ပေး။ "
" အဲ့ မိန်းကလေးကိုလည်း ဟိုမေးဒီမေးမလုပ်ပါနဲ့နော် မယ်မယ် "
" ပြီးတော့ နန်းတွင်းသမားတော်ခေါ်ပေးလို့ရမလား မယ်မယ် "
" ကောင်မလေးက မျက်စိကွယ်နေရှာတာ မယ်မယ် ရဲ့။ နန်းတွင်းသမားတော်က အတော်ဆုံးမလား။ "
" ပြီးတော့ မယ်မယ် လူတွေကိုလည်းပြောထားဦး အပြော ဆင်ခြင်ကြပါလို့။ Iori က သိပ်ဥာဏ်ကောင်းတာ။ တစ်ခုမှားတာနဲ့ နန်းတွင်းထဲမှာမှန်းသိသွားလိမ့်မယ်။ "
" ပြီးတော့ မင်းကြီး မသိပါစေနဲ့နော်။ မယ်မယ်... အရမ်းရှုပ်လို့ "
Mei ရဲ့ ဆံပင်ကို ဖြီးသင်ပေးရင်း တစ်ခုခုပြီးတစ်ခု မမောတမ်းပြောနေသော Shun ကို Mei ပြုံးပြီးကြည့်နေမိသည်။
" သားတော် မင်း အဲ မိန်းကလေးကို သဘောကျနေတာမလား "
Mei ရဲ့ အမေးကို Shun က ခပ်အက်အက်ရယ်သံဖြင့်တုံ့ပြန်လိုက်သည်။
" မယ်မယ် သာ သူ့အကြောင်းကို သိရင် ဒီလိုမေးနိုင်ပါ့မလားဘဲ "
"ဘယ်လို? "
" အဟမ်း။ ဘာမှမဟုတ်တော့ပါဘူး "
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...