BLOFA (11)
နောင်တ
🍁🍁 🍁
ကိုယ့်ကြောင့် ကိုယ်ချစ်တဲ့သူ နာကျင်ရတယ် ဆိုတဲ့ အသိဟာ
မပြင်းထန်လွန်းတဲ့ နောင်တအသေးစားတစ်ခု...။
ဒါပေမယ့်....
တစ်ဘဝလုံးစာ ယူကျုံးမရ ဖြစ်ဖို့လုံလောက်တယ်...။
🍁🍁🍁
🌾 Bleeding Love 🌾
^~Fallen Angel~^
တဖြည်းဖြည်း အရည်ပျော်ကျနေသော ဖယောင်းတိုင်ငယ်ကိုကိုင်ထားရင်း Iori စိတ်ထဲ စိုးရိမ်စိတ်တွေ ဝင်လာသည်။ ကြားနေရသော မြင်းခွာသံအရ Shun က Ken ကို ဖြည်းဖြည်းချင်း စီးသွားတာဖြစ်မှာ..။ ခုနေ လိုက်ရင် မှီနိုင်သေးသည်။
တဖြည်းဖြည်းဝေးသွားသော မြင်းခွာသံနှင့်အတူ Iori ၏ စိုးရိမ်မှု ထုထည်သည် ပိုပို ကြီးလာသည်။ သူ့စိတ်တွေ အင်မတန်လှုပ်ရှားနေပြီး သူမည်ကဲ့သို့ ပြန်ရမည်ကိုလည်း မသ်ိရှာ။
လေကလည်း ငြိမ်နေသည်။ ဖယောင်းတိုင်မီးက ဆက်လက် တောက်လောင်နေဆဲ။
ပြန်ရမည့်လမ်းကို သူပုံဖော်ကြည့်သည်။ ဘယ်လိုမှ မရေရာ...။ အာ... ဖြစ်ချင်ရာဖြစ်တော့...။
ဖယောင်းတိုင်မီးကို မှုတ်ပစ်ပြီး ဘာရယ်မဟုတ် ရေတံခွန်နားက အပင်တွေဘက်ကိုပစ်လိုက်သည်။
Shun လုပ်ပေးထားသောတုတ်ဖြင့် လမ်းကိုစမ်းရင်း ရှေ့က မြင်းခွာသံကို နားစွင့်ကာ Iori ခပ်သွက်သွက် လိုက်လာခဲ့သည်။ အဓိက က ဒီအချိန်မှာ သူ အိမ်ပြန်ရောက်ဖို့...။ နောက်နေ့ကျမှ လမ်းကိုသေချာမှတ်တော့မည်။
အလျင်လိုနေသော သူ့စိတ်ကြောင့် ခရီးက ပိုကြာနေသလိုလို...။ လူမသိအောင်တိတ်တဆိတ်လိုက်ရပါသည်ဆိုခါမှ သစ်ကိုင်းခြောက်တွေလည်းခဏ ခဏ နင်းမိနေသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Tarihi Kurgu🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...
