BLOFA (10)
ရင်းနှီးမှုအစ🍁🍁🍁🍁🍁🍁🍁🍁🍁
ဝံပုလွေပျိုသို့...
တောလမ်းငယ်ထဲ မင်းခြေရာများ
တွေ့လေမလား ကိုယ်ဖွေရှာရင်း
မင်းခြေရာငယ် ကိုယ့်ရင်ခွင်ထဲ
အမှတ်မထင် တွေ့ခဲ့တယ်။🍁🍁🍁🍁🍁🍁🍁🍁🍁
🌾 Bleeding Love 🌾
^~ Fallen Angel ~^" တကယ်ရီးလား "
Shun ပေးတဲ့ တုတ်ကို ဟိုစမ်းသည်စမ်းလုပ်ရင်း Iori မေးလိုက်သည်။
" အင်း "
Shun ကတော့ လေသံခပ်အေးအေးနှင့်ပင်။
"မနောက်သင့်ဘူးနော် " Iori အထွန့်တက်ပြီးမေးပြန်သည်။
"ငါနောက်နေတာနဲ့တူလို့လား "
Iori ဘာမှမပြောနိုင်တော့ဘဲ Shun လက်ထဲထည့်ပေးလိုက်တဲ့ ဖယောင်းတိုင်ကိုသာ ကိုင်လိုက်သည်။
"ဒါက.."
"အင်း ဖယောင်းတိုင်"
Shun ရဲ့ အဖြေကြောင့် Iori ငြိမ်ကျသွားသည်။ Shun မမြင်ဖူးပေမယ့် Iori မျက်ဖြူလှန်ကြည့်လိမ့်မယ်မှန်းအလိုလိုခံစားမိသည်။
" ငါသိတယ်ကွာ ... ငါမေးတာ ဘာအတွက်လဲမေးတာ "
" မင်းစောင့်ရမယ့်အချိန်ကိုတွက်တာလေ။ ငါအရင်ပြန်နှင့်မယ်။ မင်းဖယောင်းတိုင်မီး ငြိမ်းမှ လိုက်လာခဲ့တော့ "
Shun ပြောပြီးသည်နှင့် Ken ကိုစီးပြီး အိမ်ကို ပြန်လာခဲ့သည်။ Shun ထွက်သွားတဲ့အသံကိုကြားသည်နှင့် Iori အတွေးပေါင်းမြောက်မြားစွာဝင်လာခဲ့သည်။ ခု Shun က သူ့ကို ရေတံခွန်ကနေအိမ်ကိုတစ်ယောက်တည်းပြန်လာခိုင်းခြင်း။
ဒီကိစ္စက ဘယ်ကနေစမှားတာလဲ Iori နားမလည်နိုင်။ လွန်ခဲ့သော (၁၀) ရက်၊ Iori ဗိုက်ပေါ်က ဒါဏ်ရာ အရှင်းပျောက်ခါနီးမှာ Shun တစ်ယောက် Iori ကို ရေတံခွန်ကိုခေါ်လာခဲ့သည်။ အကြောင်းပြချက်က
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...