Blofa (8)
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာ🍁🍁
ဝံပုလွေပျို
ကိုယ့်ကိုယ်ကိုယ်ကိုရှာရင်း မင်းကို တွေ့ရှိခဲ့ခြင်းက
ကိုယ့်လုံ့လအတွက် ဆုလာဘ်
🍁🍁🌾 Bleeding love 🌾
^~Broken Angel~^အိပ်ခန်းခြေရင်းက ကွပ်ပျစ်လေးပေါ်မှာ ငြိမ်သက်စွာ ထိုင်နေရင်း Iori ပါတ်ဝန်းကျင်ကို နားစွင့်နေမိသည်။ သူ မနက်စာစားပြီးသည်နှင့် ကွပ်ပျစ်ပေါ် ထိုင်နေတတ်သည်မှာ ၁၀ ရက်ကျော်လေပြီ။
ဘာလုပ်ပြီး ဆက်အသက်ရှင်ရမလဲ ဆိုသည့်မေးခွန်းက သူဒီ ရက်ပိုင်းအတွင်း သူ့ကိုယ်သူမေးနေမိသော မေးခွန်းတစ်ခု.....
သူ့ပညာနှင့်ဆိုလျှင် နန်းတွင်းမှာ သူလုပ်နိုင်တဲ့အရာတွေက အများကြီးရှိသည်။ ဖခင်လို အတိုင်ပင်ခံ အမတ် လုပ်ဖို့ကလည်း သူ့ကိုယ်သူ စစ်နည်းဗျူဟာကလွဲပီး အခြားနယ်ပယ်တွေမှာ သူ့ကိုယ်သူ ယုံကြည်မှု မရှိ။ ကုန်သည် လုပ်ဖို့ကလည်း မျက်စိမမြင်ပုံနှင့်တော့ အကုန်အလိမ်ခံရဦးမည်။ စာပေကဗျာကို သူလေ့လာသည်။ သို့သော် တစ်သက်လုံး လက်နက်တွေကြားထဲ နေလာသည့် သူက အနုအရွ ကို တကယ် မခံစားတတ်။
" အရှေ့ ဘက်မှ စီးဆင်းလာသော ကိုဟာကုမြစ်ငယ်ရဲ့ ရေအလျင်ရယ်...
စစ်မြေပြင်ပေါ်က မြားတစ်စင်းအလား လွပ်လပ်လှပါဘိ..
ရေစက်တင်သော မြက်ခင်းစိမ်းရယ်...
နေခြည်ခသော ရန်သူသွေးစွန်းသော စစ်ဝတ်တန်ဆာအလား ကျက်သရေ ရှိလှပါဘိ..."
"ခိ သခင်လေးရယ် ကိုဟာကုမြစ်အကြောင်းစာဖွဲ့တာလား စစ်မြေပြင်အကြောင်းရေးတာလားဟင်.."
Shizuka က ပေါ်တင် ဝေဖန်သောအခါ Iori လည်း သူ့အနုပညာ စွမ်းရည်ကို လက်ခံလိုက်ရသည်။
နောက်ဆုံးဘယ်လိုတွေးတွေး သူခစားရမည့် ရှင်ဘုရင်ကို မျက်စိဒေါက်ထောက် ကာကွယ်ပေးချင်သည့် တော်ဝင်သက်တော်စောင့်တစ်ဦး သို့မဟုတ် တိုင်းပြည်ကို အသက်ပေးကာ ကိုယ်စိတ်နှလုံးနှင့် ကာကွယ်ပေးချင်သော သူရဲကောင်းတစ်ဦးအဖြစ်သာ သူတောင်တမိသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...