လေလိုအဟုန်နှင့် Shun သူနှင့် Iori စခန်းချသောနေရာကို ရောက်လာခဲ့သည်။ နေရာတစ်ခုလုံးဖရိုဖရဲဖြစ်နေပြီး Ioriအစား မြေပြင်ပေါ်လဲ နေသော လုပ်ကြံသူ သုံးယောက်ကို တစ်ယောက်တစ်ကွဲစီတွေ့လိုက်ရသည်။ ဘေးနားမှာတော့ Ken ကို တွေ့ရသည်။ Ken ကတော့ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ သူ့ကိုတွေ့တာတော့ နှာတစ်ချက်မှုတ်ကာ ကျောပေးပြီး ဘေးကိုထွက်သွားသည်။ Iori ကိုတော့ အရိပ်လေးပင် မမြင်ရချေ။
ထက်ရှလွန်းသော အာရုံအသိကြောင့် နောက်ကနေလှမ်းခုတ်ချလိုက်သော ဓားချက်ကို Shun ရှောင်လိုက်သည်။ ကပ်သိလေးပင်။ သူ့ရှေ့မှာ Ioriက katana* တစ်ချောင်းကိုင်ကာ သူ့ကိုခုတ်ဖို့အဆင်သင့်ရှိနေသည်။ Iori သူ့ Katana* ကို ဓားအိမ်ကနေထုတ်သုံးတာ Shun ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်း။ ဝန်မခံချင်ပေမယ့် Iori ပုံစံက အရမ်းခန့်ညားပြီးဆွဲဆောင်မှုရှိသည်။
" မင်းကိုဘယ်သူလွတ်လိုက်တာလဲ "
Iori အသံက အေးစက်နေပြီး တည်ငြိမ်လွန်းလှသည်။ ပုခုံးနှင့် အင်္ကျီလက်မှာလည်း သွေးတွေနဲ့စွန်းထင်းနေသည်။
တကယ်တော့ ဘယ်သူလွတ်လိုက်တာလဲ လို့မေးတာက ဦးနှောက်မရှိရာကျလွန်းသည်။
ဘယ်သစ္စာရှိတဲ့ လုပ်ကြံသူက ကိုယ့်သခင်နာမည်ကို ပြောရဲမှာလဲ။
ဒါပေမယ့် Iori အသံက လူတစ်ယောက်ရဲ့ အဆိုးဝါးဆုံးကံကြမ္မာကို ယူဆောင်လာဖို့ရှေ့ပြေးနိမိတ်တစ်ခုလို ခြောက်ခြားဖွယ်ကောင်းလှသည်။ တစ်ချိန်တည်းမှာဘဲ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းသည်ဟု Shun မြင်မိသည်။ သေချာတာတော့ ဒီလိုမြင်တာ သူတစ်ယောက်တည်းရှိသည်။" မင်းအင်္ကျီလဲသင့်တယ် Iori "
ရယ်ကျဲကျဲနှင့် မျက်နှာချိုသွေးသလိုပြောလိုက်သည်။ Iori ပုံစံက ဘာလာလာခုတ်တော့မည့်ပုံမို့။
Iori ရဲ့တုံ့ပြန်မှုက သူ့ကို အံအားသင့်စေခဲ့သည်။ Iori သူ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ခြင်း။ သူ့ကို တင်းကြပ်စွာဖက်ထားပြီး အသက်ကိုခဲယဉ်းစွာရှူနေသည်။
KAMU SEDANG MEMBACA
Bleeding Love Of Fallen Angel
Fiksi Sejarah🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...