Blofa : 67
အနောက်ဆောင်မင်းသားကိုပင် ပြန်မပြောနိုင်တော့ဘဲ မြင်းကိုအပြင်းနှင်ကာ ထိုအဖြူရောင်နောက်ကို Iori အသည်းအသန်လိုက်တော့သည်။ ဒီနှစ်တွေအတွင်းမှာ သူ့ရန်သူကို ပထမဦးဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်သည်။ ဘာကြောင့်များလက်လွတ်ခံလိုက်ရမလဲ။ သည်နေ့တော့ ရန်ကြွေးရန်စမှန်သမျှ ရှင်းရမည်။
ထိုသူနှင့် Iori ကြားဈေးတန်းတစ်ခုလုံးက ခံနေတာမို့ Iori ဈေးတန်းကနေ ထိုဘက် ကိုသွားရမယ့်လမ်းကို အသည်းအသန်လိုက်ရှာနေရသည်။ ထို့ပြင် အားလုံးလိုလိုက အဖြူရောင်ဝတ်စုံတွေနှင့်မို့ ထိုသူကိုမျက်ခြေမပြတ်အောင် Iori သေသေချာချာကြည့်နေရသည်။ နောက်ဆုံးမှာ ထိုသူက Ebisu ဘုံကျောင်းကြီးထဲကို ဝင်သွားသလို Iori လည်း ထိုဘုံကျောင်းဘက်ကိုသွားလို့ရမည့် လမ်းကိုတွေ့လိုက်သည်။
Ebisu ဘုံကျောင်းရှေ့ရောက်သည်နှင့်Iori မြင်းပေါ်ကဆင်းကာ ဘုံကျောင်းထဲ အလောတကြီး ဝင်သွားသည်။
ဘုံကျောင်းထဲရောက်တော့ များစွာသောအဖြူရောင် Yukata နှင့်လူတွေကြား Iori ရှာနေသော သူမှာပျောက်နေသည်။ အလောကြီးသောစိတ်နှင့် ဘယ်သူ့ကိုမှသဲသဲကွဲကွဲမမြင်ရတော့ဘဲ Iori မူးနောက်လာသည်။ တစ်ဖြည်းဖြည်းနှင့် အဖြူရောင်တွေဖြတ်သွားတာဘဲမြင်ရပြီး လူတွေမျက်နှာက တဖြည်းဖြည်း ဝေဝါးလာသည်။ အခုတလောအိပ်ရေးတွေပျက်နေတာရဲ့အကျိုးဆက်တွေပင်။
" Iori "
Iori ရုတ်တရက် ပုခုံးဆွဲလှည့်ခံလိုက်ရသည်။ Iori သူ့ပုဆုံးနှစ်ဖက်ကိုဆုပ်ကိုင်ထားသော အနောက်ဆောင်မင်းသားကို အသိစိတ်လွတ်နေသူလို ဒေါသတကြီး ကြည့်နေမိသည်။ အနောက်ဆောင်မင်းသားကတော့ ဓားရိုးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော Iori ရဲ့ လက်ကို တစ်ချက်ကြည့်ပြီးနောက် နေရောင်အောက်မှာ တောက်ရှနေသော ပယင်းရောင်မျက်ဝန်းတွေ ကို တည့်တည့်ကြည့်လိုက်သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...