🍁 When Unacceptable Love Bloom,
A Heart's Doomed 🍁🌾 Bleeding Love 🌾
^~ Fallen angel ~^"ရောက်ပြီ။ "
မြင်းကို ရပ်ပြီး Iori နားနားကပ်ပြောကာ Shun မြင်းပေါ်က ဆင်းလိုက်သည်။ ထို့နောက် မြင်းပေါ် ကြောင်အမ်းအမ်းနှင့်ထိုင်နေသော Iori နောက်ကျောကိုထိန်း ဒူးအောက်လက်လျိုကာ သတို့သမီးလေးလို ပွေ့ချီလိုက်သည်။
" ဘာ..ဘာလုပ်တာလဲ။ ငါ့ကိုလွတ်။ "
Iori ရုန်းပေမယ့် Shun က Iori လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ကာ Iori ပေါင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တော့ Iori နတ်ပူးသလို တစ်ချက် တွန့်ကာ ထရီတော့သည်။
" ငြိမ်ငြိမ်နေ။ "
နှစ်ကိုယ်ကြားရုံ ခပ်တိုးတိုးပြောလိုက်တဲ့ Shun ကြောင့် Iori တွန့်လိမ်နေရာမှ ငြိမ်ကျသွားသည်။ အိမ်က တိတ်ဆိတ်နေပြီး မသိနိုင်သော အရှိန်အဝါတစ်ခုက လွှမ်းမိုးနေသောကြောင့် Iori အနည်းငယ်ရှိန်နေတာတော့အမှန်။ Iori ကို ပွေ့သွားရင်း Shun အဆောင်တွင်းထဲသို့ဝင်သွားသည်။
Ken ကတော့ သူ့ကို အဖက်မလုပ်ဘဲထွက်သွားသည့် Shun ကို အသံပေါင်းစုံဖြင့် ဆန္ဒပြနေပေမယ့် Shun ကတော့လုံးဝလှည့်မကြည့်ဘဲ အစောင့်တစ်ယောက်က မြင်းစောင်းထဲ ခေါ်သွားတာကို မသွားချင်သွားချင်ပေကပ်ကပ်နှင့်လိုက်သွားတော့သည်။ သူလည်း အနားယူရဦးမည်။ သူ့သခင်က သူ့ကို လူလိုသူလို မစီးဘူးလေ။
စောစောက အထိန်းတော်ကြီးရဲ့ အသံတိတ်သတိပေးမှုကြောင့် တိတ်တိနေခဲ့ရသော နန်းတွင်းသူများသည်လည်း Shun အထဲရောက်သွားသည်နှင့် တစ်ယောက်ကို တစ်ယောက် တွတ်ထိုးနေကြသည်။ သူတို့ပြောတဲ့ခေါင်းစဉ်ကတော့ မိန်းမပျိုတစ်ဦးကို မချီစဖူးချီသွားသည့် သူတို့ရဲ့ ပေါ့တိပေါ့ပျက်မင်းသားအကြောင်း၊ နန်းတော်ကို အရက်အိုးလည်းမပိုက် ၊ အရက်လည်း မူးမလာဘဲ ပြန်လာသည့် အရက်ကျေးကျွန် မင်းသားတစ်ပါးအကြောင်းပေါ့....။
ESTÁS LEYENDO
Bleeding Love Of Fallen Angel
Ficción histórica🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...