BLOFA :: 38 [Unicode]

1.6K 190 4
                                    

BLOFA :: 38

Shino ငှါးလားတဲ့ ခေါက်ဆွဲ ပွဲကြီးလေးပွဲတန်တဲ့ လူငယ်လေးယောက်ကို Akashi အကဲခတ်နေသည်။ သူတို့လေးယောက်လုံးက အသား ဝါဝါဝင်းဝင်းနှင့် ဥပတိရုပ် သန့်သူများဖြစ်ကြသည် ကို Akashi သတိထားမိသည်။ သူတို့တွေရဲ့ထူးခြားချက်က သူတို့ရုပ်ရည်က Nara နိုင်ငံသားနဲ့ သိပ်မတူခြင်း။ တိုင်းတစ်ပါးသားလို့ဆိုရအောင်လည်း Nara ဘာသာကို ကျွမ်းကျင်စွာပြောနိုင်ကြသည်။ ဘယ်နိုင်ငံသားနှင့်တူလဲ လို့မေးရင်တောင် ဖြေစရာမရှိ။

ကြည့်နေရင်း Shun နှင့် Iori ကရောက်လာသည်။ သူတို့လေးယောက်ကို မြင်လိုက်သည်နှင့် Shun နှုတ်ခမ်းက မသိမသာ ဆူလာသည်။ Iori ကတော့ သူ့ပုံစံအတိုင်းကြည်ကြည်လင်လင်လေးနှင့်။ အနည်းငယ်တော့ ပြုံးယောင်သန်းနေသည်။

သူတို့သုံးယောက်လုံးစုံတော့ Shino က စကားစပြောသည်။

" သခင်လေးတို့ ဒါကျွန်တော်ငှါးလာတဲ့ Ronin လေးယောက်ပါ "

" Ronin? "

Iori က အံအားသင့်စွာမေးလိုက်သည်။ ပုံမှန်ဆို Ronin တွေက တစ်ခြားသူတွေနဲ့အပေါင်းအသင်းလုပ်လေ့မရှိဘူး။ တစ်ခါတစ်လေဆို တွေ့သမျှလူတွေကို လိုက် ဒုက္ခပေးပြီး ရန်ရှာတတ်ကြသေးတာ။

" Hai "

" မင်းတို့ Ronin ဘယ်လိုဖြစ်လာတာလဲ "

Akashi ရဲ့အမေးကို ကီမိုနိုအဖြူနှင့်ကောင်လေးက မျက်နှာညိုးငယ်စွာ ဖြေလာသည်။

" ကျွန်တော်တို့ သခင်က အသတ်ခံလိုက်ရတယ်။ "

" မင်းတို့သခင်က "

Akashi ထပ်မေးပေမယ့် လေးယောက်လုံးက မဖြေဘဲ ကြည့်ရုံသာကြည့်နေကြသည်။ Akashi လည်း ထပ်မမေးတော့။

" ထားပါတော့ မင်းတို့ကိုယ်ကို မိတ်ဆက်ကြ "

" Hai "

အဖြူရောင် ကီမိုနိုနှင့်ကောင်လေးက ရှေ့ကို ထွက်လာကာ တရို တသေ ဦးညွတ်လိုက်သည်။ ထို့နောက် စားသောက်တုန်းကနှင့် လားလားမျှမတူသော မျက်နှာထားနှင့်ကောင်မလေးကို ညွှန်ပြလိုက်သည်။

" ကျွန်တော်အဖွဲ့ထဲက နတ်မိမယ်လေး နာမည်က Karin။ ဓား၊ လှံ၊ မြှား လက်နက်ပုန်း ကြိုက်တာပေးအကုန်သုံးနိုင်တယ်။ လောကကြီးမှာ Karin ကြောက်တဲ့တစ်ခုတည်းသောအရာက ကျွန်တော်တို့ရဲ့ နှစ်ယောက်မရှိတဲ့သခင်လေး။ "

Bleeding Love Of Fallen AngelWhere stories live. Discover now