BLOFA :: 58 [Unicode]

1.8K 210 19
                                    

Blofa :: 58

ညီတော်  Shun

ခမည်းတော်နဲ့စကားပြောဖြစ်ခဲ့တယ်။ Nara နဲ့ Warui ကြားမှာ တူညီတဲ့ ရန်သူရှိနေတဲ့ပုံဘဲ။ ငါနဲ့ Iori ရဲ့ ပုံစံရော အဝတ်အစား အသုံးအဆောင်တွေအစတူတဲ့ မီးကျွမ်းနေတဲ့ ရုပ်ကလာဘ်နှစ်ခုကို ခမည်းတော်ဆီ စစ်ကြေငြာတဲ့သဘောနဲ့ ပို့ခဲ့တာတဲ့။ Onozuka သခင်မကြီးကတော့ Iori သတင်းကြားတာနဲ့ ယူရခါကို ချက်ချင်းထွက်သွားတယ်။ နောက် ငါးရက်လောက်ဆိုရောက်လိမ့်မယ်။ ....

Shun သူ့လက်ထဲက စာကို ဆက်မဖတ်တော့ဘဲ မီးပုံထဲပစ်ထည့်လိုက်သည်။ ထို့ပြင် မီးပုံဘေးနားမှာ ကင်ထားတဲ့ ခိုသားကို ကိုက်လိုက် ဆာကေးလေးမျောလိုက်နှင့် တစ်လမ်းလုံး ဟိုနားလေးမှာ နှင်းခိုလိုက် သည်နားလေးမှာ နှင်းရှောင်လိုက်နှင့် သူဆီကို ကြိုးစားပမ်းစား စာပို့ပေးတဲ့ ငှက်လေးကို မည်မျှသနားကြောင်း Shun တွေးနေမိသည်။

စိတ်ရှုပ်ရှုပ်နှင့် အခန်းထဲ ဝင်လိုက်တော့ သူ့အိပ်ခန်းထဲမှာ တန်းစီပြီး အိပ်နေကြတဲ့ ကလေးတွေကို တွေ့လိုက်ရသည်။

မှန်သည်။ ယူရခါရွာလေးကို လူကြီးတွေပြန်တည်ဆောက်နေတုန်း ကလေးတွေက သူနှင့် Iori ရဲ့အိမ်မှာနေကြသည်။ အစပိုင်းမှာသူ့ခြံထဲ လုံးဝအဝင်မခံပေမယ့်  Iori ကိုဆေးကုပေးဖို့ ဆိုသည့် အကြောင်းပြချက်နှင့် နတ်ဆေးသမားတော်လောင်း Kankuro က ကလေးအကုန်ကို သူ့ခြံဘက် ဗမာင်းထုတ်လိုက်သည်။ ခွေခေါက်ကာ အိပ်နေသော ကလေးတစ်သိုက်ကို Shun မျက်နှာမဲကြီးဖြင့် စိုက်ကြည့်နေလိုက်သည်။ သူဘယ်လောက်စိုက်ကြည့်ကြည့် မနိုးလာကြတာမို့ Shun သူ့ခြေထောက်နားမှာ ကွေးကွေးလေးအိပ်နေတဲ့ ကလေးလေးရဲ့ တင်ပါးကို ပိတ်ကန်ပစ်လိုက်သည်။

မကြာမီအချိန်အတွင်းမှာဘဲ Shun ရဲ့ ဧည့်ခန်းထဲမှာအော်သံ တွေနှင့်အတူ စောင်တွေ နဲ့ လုံးထွေး ကန်ထုတ်ခံလိုက်ရတဲ့ ကလေးတွေနှင့် ပြည့်သွားတော့သည်။

တစ်ဘက်က အိမ်မှာတော့ Iori အခန်းထဲက သစ်သားစည်ပိုင်းလေးထဲမှာ ဆေးရည်ထဲ ငုပ်နေရင်း မျက်လုံးဖွင့်လိုက်ပိတ်လိုက် လုပ်နေမိသည်။ တစ်ခန်းလုံးအမှောင်အတိချထားသည့်အပြင် ရေကလည်း  အစိမ်းရင့်ရောင်ထဲဖြစ်နေသောကြောင့် Iori ဘာမှ မမြင်ရသေး။ သို့သော်မကြာမီအချိန်အတွင်းမှာဘဲ အလင်းရောင်တွေ တစ်ဖြည်းဖြည်း မြင်လာသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now