BLOFA ^ 5 ^ လမ်းပြကြယ်ကြီး
🍁 ကလေးဆန်စွာ မာနကြီးတတ်ပါသော ကိုယ့် ဝံပုလွေပျို.... 🍁
🌾 Bleeding love 🌾
^-Fallen Angel-^နေ့လည် နေ့မြင့်တဲ့အထိ ကလေးတွေနဲ့ အတူ စားသောက်ပျော်ပါးမိသော်လည်း တုံ့ပြန်မှု လုံးဝမရှိသော Shun ကြောင့် Iori ကလေးတွေကို စကားပြောချင်စိတ်သိပ်မရှိတော့။ တကယ်တော့ Iori ကလေးတွေကို ချစ်တတ်ပေမယ့် ဘာမှမလုပ်ပေးတတ်။ လွန်ခဲ့သည့် နှစ်ရက်က တမင် အရွဲ့တိုက်ချင်လို့ကို ကလေးတွေကိုခေါ်ပြီး အစားအသောက်တွေကျွေးပြီး ကလေးတွေပြောသမျှ နားထောင်ဖြစ်သည်။ ကလေးတွေက အရွယ်သာငယ်တာ တစ်ရွာလုံးမှာ သူတို့မသိတဲ့ အကြောင်းမရှိသလောက်ဘဲ။
Onozuka အိမ်တော်မှာဆို သူရှက်ကိုယ်ရှက်နှင့် ကလေးတွေကို စကားမပြောဖြစ်တဲ့ Iori က ခုတော့ ပွင့်လင်းလှသည့် ကလေးတွေကို တစ်ရက်တည်း နဲ့ ရင်းနှီးသွားသည်။ Shun မရှိတဲ့ နှစ်ရက်လုံး ကလေးတွေက ရောက်လာတာနဲ့ နားကွဲမတတ်အော်ဟစ် သောင်းကျန်းနေတတ်သည် ။ မနေ့ညက Shun ပြန်လာတော့ မနက်ကျရင် ကလေးတွေအော်ဟစ်သံကို ကြားပြီး ဘယ်လောက်တောင် ဒေါသထွက်နေမလဲ ဆိုတာကိုတွေးရင်း Iori အိပ်မက်တွေ လှနေခဲ့ေသည်။
တကယ်တန်း မနက်ကျတော့ ဘယ်ဘုန်းဘုန်း ပျံလွန်တော်မူလို့ ဝင်စားထားမှန်းမသိသော တည်ငြိမ်မှုတွေနဲ့ ကလေးတွေ ရောက်လာသည်။
ခါတိုင်းလို စားစရာကျွေးတော့လည်း တိုးတိုးတိတ်တိတ် နဲ့ မြုံစိမြုံစိ စားနေတာ Iori တောင်လန့်လာသည်။
"ဘာဖြစ်ကြတာလဲ တိတ်ဆိတ်နေကြပါလား"
Iori စသလိုလို နောက်သလိုလို မေးတော့ ခါတိုင်း အဖွဲ့ထဲမှာ အသံ အစွာကျယ်ဆုံး ကောင်လေး Tetsu က ပါးစပ်ကို လက်လေးနှစ်ဖက်နဲ့ အုုပ်ပြီး သူ့နားထဲ တိုးတိုးလေးပြောပြရှာသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...