BLOFA :: 32 [Unicode]

1.8K 236 0
                                    

BLOFA :: 32

နောက်တစ်နေ့ တာကူစံကနေထွက်လာပြီး သူတို့ ခရီးဆက်ခဲ့ကြသည်။ သမားတော် Kankuro ရဲ့သတင်းက လုံးဝအစပျောက်နေသည်။ မြို့နှင့်အတော်ဝေးသော တစ်ချို့ရွာတွေဆို လုံးဝမီးရှို့ခံနေရတာကို သူတို့တွေ့ခဲ့ရသည်။

" မင်း လူတွေကို သတင်းပို့ထားတယ်မလား "

"အင်း Riku ကို ငါတို့ဖြတ်လာခဲ့တဲ့ နင်ဂျာရွာက နင်ဂျာတစ်ယောက်ကို ငှါးပြီး သတင်းအချက်အလက်တွေပို့ပေးခဲ့တယ်။ ဒါပေမယ့် အဖေ့ကို သတင်းပို့ပေးမယ် ဆိုတာကလွဲပြီး သူဘာမှ သတင်းထပ်မပို့တော့ဘူး "

ပြာတောင် မကျန်တော့ဘဲ မြေတလင်းသာသာကျန်တဲ့ တစ်ချိန်က ရွာငယ်ကိုကြည့်ရင်း Shun မျက်မှောင်တွေ တွန့်ချိုးနေမိသည်။

သူတို့ထိုရွာကနေတစ်ဆင့်ရက်အတော်ကြာ ဆက်သွားလိုက်တော့ ရွာတစ်ရွာကိုထပ်ရောက်လာသည်။ Iori မမြင်ရပေမယ့် သိပါသည်။ ဒီရွာဟာ ယူရခါလိုဘဲ Nara ရဲ့ မြေပုံထဲမှာ ထည့်ဆွဲ မခံရတဲ့ ရွာသိမ်ရွာမွှားလေးဘဲ။ ရွာတစ်ခုလုံးက ခြောက်ကပ်နေပြီး အနံဆိုးများထွက်နေသည်။ အပင်တွေကအစ ခြောက်သွေ့နေပြီး ဒီလိုဆောင်းဝင်စမှာ တစ်ရွာလုံးက သစ်ရွက်ခြောက်တွေနှင့် ခြောက်ခြားဖွယ်ကောင်းလှသည်။ Nara မှာ ဒီလိုရွာလေးတွေ ဘယ်လောက်တောင်ရှိနေပါလိမ့်။

"Shun ဒီအနံ့က "

" ဟုတ်တယ်။ "

Shun ခပ်လှမ်းလှမ်းက ရေတွင်းပျက်နား ယင်ကောင်တွေအုံနေသော အလောင်းကောင် ကို ကြည့့်ပြီး ထောက်ခံလိုက်သည်။

တစ်ရွာလုံးက ငတ်ပြတ်နေပြီး လေနှင့်ရေ မသန့်မှုကြောင့် ရောဂါဆိုးများကို ပြင်းထန်စွာခံစားနေရသည်။ ကြာမြင့်ပြီဖြစ်သော အလောင်းများ၊ လောလောလတ်လတ် သေထားသော သူများနှင့် သေမည့်ရက်ကို အိမ်နံရံကိုမှီပြီးစောင့်နေသူများနှင့် ရွာလေးမှာ ကြောက်ရွံဖွယ်ကောင်းလှသည်။

အသက်ရှိသေးသောသူများကိုလည်း စကားသွားပြောပေမယ့် ဘာမှပြန်မပြောဘဲ မျက်လုံးသေများဖြင့့်သာ ခေါင်းငိုက်စိုက်လျက်နေကြသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now