BLOFA (17)
ကိုယ့်ရပ်ကိုယ့်မြေမှာ ဧည့်သည်ပြန်လုပ်တဲ့ Ioriသူ့လက်ထဲ ပျော့ခွေနေသော ယုန်ကလေးကို အသာပွတ်သပ်ရင်း Iori တိတ်ဆိတ်စွာနေမိသည်။ ယုန်လေးခမျာ အနည်းငယ်နွေးနေသေးပေမယ့် အလုံးလေးပင်ကောက်လုံးလို့ရအောင် အရိုးတွေကျိုးကုန်သည်မို့ အသက်ရှင်ဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်တော့ချေ။
" ရပြီ။ "
Shun က သစ်ပင်တစ်ပင်အောက်မှာ မြေကျင်သေးသေးလေးတစ်ခုကို တူးလို့ပြီးတော့ ကျေနပ်အားရစွာပြောသည်။ Iori ကို သူကြည့်လိုက်တော့လည်း Iori မျက်နှာက စိတ်မသက်မသာ ဖြစ်နေမှန်းသိသာလှသည်။
Iori က နှလုံးသားနုနယ်လွန်းလှသူမဟုတ်ပါ။ နူးညံသိမ်မွေ့ တိရစ္ဆာန် လေးတွေ အကောင်လေးတွေကို ချစ်တတ်ပေမယ့် မွေးထားဖို့အထိ ဘယ်သောအခါမှ မတွေးဖူးပါ။ ဒါကြောင့် ယုန်ကလေး နှင့်ပါတ်သက်လာလျှင် သနားပြီး အားနာ မိရုံကလွဲပြီး ဘာထွေထွေထူးထူးမှမခံစားရပေမယ့် ကလေးတွေပေးထားတဲ့ ပစ္စည်းမို့ တော်တော်တော့ စိတ်မကောင်း ဖြစ်မိသည်။ သူ့ကြောင့်သေရတာမို့လည်း အားနာရသည်။
Iori ဘာကို စိတ်မကောင်းဖြစ်နေမှန်း Shun သိပေမယ့် နှစ်သိမ့်ပေးခြင်းကို သူမကျွမ်းကျင်တာမို့ ဘာမှမပြောတော့ဘဲ ခပ်လှမ်းလှမ်းမှာ အိပ်ချပြီး ကောင်းကင်ကို မော့ကြည့်နေလိုက်သည်။ သူတို့နေပြည်တော်ကို ရောက်ဖို့သိပ်မလိုတော့ဘူး။ Iori ကို သူပြင်ပေးရဦးမည်။ ချွေးအနည်းငယ်စို့ကာ ဆံပင်ကို ထုံးထားသည်ကလွဲပြီး ဘာမှပြောင်းလဲခြင်းမရှိသော မျက်နှာကြောင့် နေပြည်တော်ထဲ ဝင်လျှင် Iori အသိများက Iori ကို မှတ်မိသွားလိမ့်မည်။ ဖြစ်လာမည့် ပြသနာများက စိတ်ရှုပ်ဖို့ကောင်းလှသည်။
Iori Toto ကို မြှုပ်ပြီးတော့ သူတို့ မလှမ်းမကမ်းတွင်ရှ်ိသော ရေကန်ငယ်လေးထဲမှာ ခြေလက်ဆေးကာ Iori ရဲ့ မျက်နှာကို ပြာတွေ နဲ့ သူထပ်သုတ်လိုက်သည်။ မျက်နှာချေအမှတ်နဲ့ သူ့ကို လက်မြောက်အရှုံးပေးကာ ငြိမ်ငြိမ်နေနေတဲ့ Iori ရဲ့ ဖွေးဥဥ မျက်နှာကို ကြည့်ရင်း နေရောင်ကြောင့် အနည်းငယ် နီချင်နေသော ပါးနှစ်ဖက်ရယ်၊ ချွေးအနည်းငယ်သီးနေသော နှာထိပ်လေးရယ်၊ ချွန်သည်ဟုထင်ရသော်လည်း ထိကြည့်တဲ့အခါမှာ အနည်းငယ် လုံးနေသော မေးချွန်ချွန်လေးရယ် ကို ပြာနဲ့ သုတ်လိမ်းပြီးသွားတဲ့အခါ ကြောင်ချီးရုပ်လေးပေါက်လာသော Iori ကို ကြည့်ပြီး Shun ခွိခနဲ ရယ်လိုက်သည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...