BLOFA :: 52 [Unicode]

1.8K 225 11
                                        

BLOFA :: 52
The devil with pure onyx eyes

နေပြည်တော်၏ ပြတ်သားလှသော အမိန့် ဖြင့် တော်ဝင် တပ်မှာ Warui ၏ စစ်စခန်းတစ်ခုလုံးကို စစ်ကြောင်းနှစ်ခုခွဲကာ နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့သည်။ ကျောက်တောင်များမှ တစ်ဆင့် ပထမစစ်ကြောင်းမှာ Warui ရဲ့ စစ်စခန်းကို ချဉ်းကပ်နေစဉ်မှာပင် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရသည်။

Warui တပ်သားများမှာ ကျောက်ဆောင်ဘက်ကနေတိတ်တဆိတ်ချဉ်းကပ်လာသော တပ်သားများကိုသာ အာရုံစိုက်ကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် လျိုမြောင်ကနေဝင်လာသော နောက်ထပ် စစ်ကြောင်းတစ်ခုကို သတိမထားမိခဲ့ချေ။ ကျောက်ဆောင်တွေဘက်မှ လာသော နေပြည်တော်တပ်သားများမှာ အလွန်အင်အားများပြားသောကြောင့် ထို သူများမှာ တည်ကြက်သာဖြစ်ကြောင်းမည်သူက တွေးဆထားလိမ့်မည်လဲ။ ကျောက်ဆောင်ဘက်က ဝင်လာသူချည်းကဘဲ သူတို့ရဲ့ နှစ်ဆရှိနေပြီလေ။ ကျောက်ဆောင်နှင့် ဆန့်ကျင်ဘက် လျိုမြောင်ထဲကနေ မီးမြှားများ ရွာချမှသာ သူတို့ ခြေလှမ်းမှားယွင်းသွားကြောင်း နားလည်လိုက်ကြသည်။

သူတို့က်ု တပ်ခွဲ ကြီးများဖြင့် စစ်ကြောင်းနှစ်ကြောင်းပင်ခွဲတိုက်ရသည်အထိ နေပြည်တော်ဘက်က Warui တပ်စခန်းကို ထင်ထားသည်ထက် အန္တရာယ်တစ်ခုလို့ သတ်မှတ်ထားမှန်းသိသာသည်။ လျိုမြောင်ဘက်က ဝင်လာသော တပ်မှာ အပြင်ကနေသာ မြားဖြင့် ပစ်သူကပစ် ၊ Waraui ၏ စစ်တံတိုင်းကို ဖြိုသူကဖြို နံရံဘက်ကနေ တွယ်တက်သူများက တွယ်တက် စသည်ဖြင့် အြကိတ်အနယ်တိုက်ကြသော်လည်း .... နှင်းစိုနေသော ကျောက်သားနံရံနှင့် အဆက်မပြတ်ကျနေသော နှင်းများကြောင့် အခွင့်မသာခဲ့ချေ။ ကျောက်သားသက်သက်ဖြင့် လုပ်ထားသော တံတိုင်းမှာ ဝင်ပေါက်က အစ သံမဏိကွပ်ထားသော ကျောက်သားအထူကြီး ဖြစ်သည်။ ထို့ပြင် ကျောက်သားတံတိုင်း၏ နံရံကနေ ခေါင်းတစ်လုံးစာ လျို့ဝှက်ပေါ်က်များပွင့်လာကာ ထိုအပေါက်ကနေ မြှား၊ ဓားတို နှင့် စကြာ အပြင် အဆိပ်လူးထားသော သံမဏိစများ ကို ပစ်ခတ်တော့သည်။ ထို့ပြင် တိရစ္ဆာန်ကောက်ရိုးများနှင့် သေချာ ထုပ်ပိုးစည်းနှောင်ထားသော တိရစ္ဆာန် ဆီများဖြင့်ပစ်ကာ ထို့နောက်မှ ပစ်ခတ်သော မီးရှူးများကြောင့် နှင်းများကြား၌ပင်တော်ဝင်တပ်မှာ မီးတဟုန်းဟုန်းလောင်လျက် အတုံးအရုံးကျဆုံးခဲ့ကြသည်။ အပြင်ကရန်သူတွေရဲ့အခြေအနေက သိသိသာသာ အင်အားကျဆင်းလာသည့်အခါ Warui တပ်သားများက စစ်လက်နက်များကို သွက်လက်စွာ ပြန်ဖြည့်ကြသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now