BLOFA :: 57 [Unicode]

1.8K 204 25
                                        

BLOFA :: 57

ယူရခါပြန်ရောက်သည်နှင့် တစ်ချက်မှပင်မနားဘဲ နေပြည်တော်ဆီ Akashi ခရီးဆက်ခဲ့သည်။ သူဖန်တီးယူထားသော သူ့အားလပ်ရက်တွေကုန်ဆုံးသွားပြီဖြစ်သလို ခမည်းတော်နှင့် ရှင်းစရာကိစ္စတွေရှိနေသည်။ သူရှိနေလျက်နှင့်  ဘာလို့ Warui ရဲ့စစ်တပ်ကို အမေးအမြန်းမရှိ အမြစ်ဖြုတ်သတ်ဖြတ်ဖို့ ဖခမည်းတော် အမိန့်ပေးခဲ့ပါသနည်း။

ထို့ပြင် Onozuka အမတ်ကြီး...။
သူရဲ့ တစ်ဦးတည်းသော သားက ထို စစ်တပ်တွင် အဖမ်းခံနေရတာကို မသိလေရော့လား။

မေးခွန်းများစွာ ရင်ဝယ် ပိုက်လျက် Akashi ပြန်လာခဲ့သည်။ သူ့နောက်မှာတော့ တစ်ရွာလုံးပြာချခံထားရသောကြောင့် ပြန်လည်ထူထောင်ပေးရန်လိုအပ်သေးသူများကိုပါ တပါတည်းခေါ်သွားသည်။

ယူရခါ ရွာလေးမှာတော့ သည်အတောအတွင်း ဆုံးရှုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲလေးလုပ်ကြသည်။ ထိုပွဲလေးရဲ့နောက်ဆုံးမှာတော့ နီရဲနေသော မျက်ဝန်းများဖြင့် ငိုင်နေသူက Haru။ သူ့လက်ထဲမှာက Rai တစ်ဖြစ်လဲ Dango ရဲ့ ကျောက်ဆွဲပြားလေး။

" အစ်ကိုကြီး "

Karin ရဲ့ခေါ်သံကြောင့် မျက်ဝန်းထောင်မှာတွဲလွဲခိုနေတဲ့ အရည်ကြည်လေးတွေကို သုတ်ပစ်ကာ မတ်တပ်ရပ်လိုက်သည်။

" ပြန်ရအောင် "

Haru ရဲ့ အသံက တိုးအက်အက်။ သူ့ကိုငေးကြည့်နေကြသည့် Asahi နှင့် Karin ရဲ့ ကြားထဲကနေဖြတ်သွားကာ ဆုတောင်းပွဲရဲ့ တစ်ဖက်က သစ်ပင်အောက်မှာ ရပ်နေတဲ့ Iori နှင့် Shun ဆီဦးတည်လိုက်သည်။

Iori ရှေ့ရောက်တော့ Iori နှင့် Shun ကို ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။

" ကျွန်တော်တို့ပြန်တော့မယ်။ "

Iori လည်း ပြန်လည်ဦးညွတ်ကာ စိတ်မကောင်းစွာပြန်ပြောလိုက်သည်။

" ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုအတွက်....စိတ်မ..... ကျွန်တော် တောင်းပန်ပါတယ် "

အခက်တွေ့ဟန်အပြည့်နှင့်ပြောနေသော Iori ရဲ့ ပုံစံကလေးမှာ မျက်နှာမပြရဲမှန်းသိသာလှသည်။ Haru က Iori နှင့်Shun ကို တစ်လှည့်စီကြည့်ကာ ငြိုးငယ်စွာပြုံးလိုက်သည်။

Bleeding Love Of Fallen AngelWhere stories live. Discover now