" အိမ်ရှေ့စံနဲ့ မင်းသမီးကို လက်ဆက်ပေးမယ်လို့ ဧကရာဇ်က ဒီမနက်ဘဲကြေညာလိုက်တယ်။ "
" မင်းသမီးလေးကံကောင်းလိုက်တာ။ "
" အယ်...မင်းသမီးလေး"
ရံရွှေတော်တွေမှာ ဝမ်းသာနေသလောက် သူတို့ကို ကမ္ဘာပျက်သွားသလို မျက်နှာအိုလေးနှင့် မော့ကြည့်လာသော မင်းသမီးလေးကြောင့် ငြိမ်သွားကြသည်။
" ဒါအမှန်ဘဲလား။ "
အနည်းငယ်ဂနာမငြိမ်ဖြစ်နေသော မျက်လုံးဝိုင်းလေးကြောင့် ရံရွှေတော်တွေ နှလုံးသားလေးထဲ နာကျင်သွားရသည်။
" ဟုတ်.. မင်းသမီးလေး "
" အစ်ကိုတော်ရော လက်ခံလား "
" ဟုတ်.. မင်းသမီးလေး "
ဝုန်းကနဲ့ မတ်တပ်ရပ်လိုက်သော Sakura ကြောင့် ရံရွှေတော်တွေလန့်သွားသည်။ မျက်ရည်တွေဝိုင်းလျက် လက်တွေလည်းတဆတ်ဆတ်တုန်ယင်နေသည်မှာ ဝမ်းသာမှုကြောင့်မဖြစ်နိုင်။ ဒါကကောင်းတဲ့သတင်းမဟုတ်ဘူးလား။
Sakura ချက်ချင်းပင် အခန်းထဲကနေထွက်လာကာ Akashi ရဲ့ နန်းဆောင်ဘက်ကိုထွက်လာခဲ့သည်။
တစ်ဖက်မှာတော့ ညီလာခံထဲကနေ အသက်ရှင်လျက်ထွက်လာနိုင်အောင် မနည်းကြိုးစားခဲ့ရသော Akashi မှာ မိဖုရားခေါင်ကြီးရဲ့အဆောင်ဘက်ကိုသွားကာ ဆန့်ကျင်ဖို့ကြိုးစားနေသည်။
" Ha Haue ကျွန်တော့်ကို မယုံဘူးလား "
အနည်းငယ် ခံပြင်းဝမ်းနည်းစိတ်ဖြင့် Akashi ပြောမိသည်။
" သားရဲ့အရည်အချင်းကို Ha Haue ယုံတယ်။ ဧကရာဇ်ကို Ha Haue မယုံတာ "
" Ha Haue!!! "
" သူကဖြစ်နိုင်ရင် ဟို အမျိုးယုတ်ကိုတောင် နန်းတင်ချင်တာ။ "
" Ha Haue!! Shun ကို ဘယ်လိုခေါ်လိုက်တာလဲ "
" သူ့ဘက်က နာစရာအကြောင်းမရှိဘူး Akashi။ မင်းရဲ့ Chi Chiueဆိုတာက Mei Sama သာ တောင်းဆိုလာရင် အဲဒီ အမျိုးယုတ် တဏှာရူးကိုတောင် နန်းတင်ရဲတဲ့သူမျိုး။"
" ဒါ Ha haue ကျွန်တော့ကို မယုံတာဘဲ။ ကျွန်တော် က ဒီလိုလွယ်လွယ်အစားထိုးခံရမယ့်သူမျိုးမဟုတ်ဘူး "
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...