BLOFA :: 66
" Chichiue... အနောက်ဆောင်မင်းသားနဲ့ကျွန်တော့်ကိုဘာလို့တွဲပေးတာလဲ "
Onozuka သခင်ကြီး စာရေးနေရာမှ ခဏ ရပ်သွားသည်။ ဘယ်သူ့ကိုမှခွဲခြားမဆက်ဆံတတ်တဲ့ သားတော်မောင်ဆီက သည်မေးခွန်းထွက်လာမယ်လို့ မထင်ထားမိတာတော့အမှန်ပင်။" သား သူ့ကို ဘယ်လိုမြင်လဲ "" ကျွန်တော် သူ့အကြောင်းမသိဘူး ChiChiue "" သားအခု မြင်သလောက် သူက သားအတွက်ဘယ်လိုလူမျိုးလဲ "Iori ခနတိတ်ဆတ်သွားသည်။ အစက အနောက်ဆောင်မင်းသားနဲ့တွဲရတာ Akashi ကြောင့်ဟုထင်ခဲ့ပေမယ့် ဧကရာဇ်ကိုယ်တိုင်က လိုလိုလားလား တွဲပေးခဲ့မှန်း Iori သိလိုက်ရသည်။ သူနားမလည်နိုင်တာကလည်း သည်ကိစ္စကို Onozuka သခင်ကြီးက အကြံပေးခဲ့ခြင်းဖြစ်ပါသည်တဲ့။" ကောလဟလတွေ လောက်တော့ မဆိုးတဲ့ သူတစ်ယောက်ပါ ။ Chichiue "Onozuka သခင်ကြီး စုတ်တံကိုပြန်ကိုင်ကာ စာ စပြန်ရေးသည်။" အနောက်ဆောင်မင်းသားက အိမ်ရှေ့စံဖြစ်ဖူးတယ် "" ကျွန်တော်ကြားဖူးတယ် Chichiue ""အင်း..... ဒီကိစ္စကို လူအနည်းစုကဘဲ သိကြတယ်။ လူတွေလုံးဝမေ့နေတဲ့အချက်က သူက ဘယ်လိုအိမ်ရှေ့စံမျိုးဖြစ်ခဲ့တယ်ဆိုတာဘဲ ""..."" အနောက်ဆောင်မင်းသား တစ်ဖြစ်လဲ ၉ ယောက်မြောက်မင်းသား Shunkaku.... သူက ခေတ်တစ်ခေတ်ကိုပြောင်းလဲပစ်နိုင်တဲ့အိမ်ရှေ့စံမျိုးဘဲ။ "စုတ်တံကိုင်ထားသော လက်များက တည်ငြိမ်စွာပင် မတူညီသော စကားလုံးတွေကိုတစ်လုံးပြီးတစ်လုံးရေးသားနေသည်။" ဧကရာဇ်က အနောက်ဆောင်မင်းသားကို နှစ်သက်လွန်းလို့ ဘယ်သွားသွားခေါ်သွားတတ်တယ်။ "ဒီအကြောင်းကတော့အသစ်ဖြစ်သည်။" ညီလာခံတိုင်း၊ ဆွေးနွေးပွဲတိုင်း တိုင်းခန်းလှည့်လည်တိုင်း အနောက်ဆောင်မင်းသားကိုခေါ်သွားတတ်တယ်။ အကျိုးဆက်က အနောက်ဆောင်မင်းသားက နဂိုထက်မြက်တဲ့သူမို့ ခုနှစ်နှစ်သားအရွယ်မှာကတည်းက တိုင်းပြည်ရေးရာနဲ့ပါတ်သက်လာရင် လူကြီးတစ်ယောက်လိုဘဲ အကျိုးအကြောင်းအကောင်းအဆိုးအကုန်သိတယ်။ ဧကရာဇ်စစ်ထွက်တဲ့နောက်ကိုခိုး လိုက်သွားပြီးတဲ့နောက်မှာ စစ်မြေပြင်ပေါ် ကိ်ုယ်တွေ့ကြုံလိုက်ရပြီး အခြားရွယ်တူကလေးတွေထက် စစ်ရဲ့အကျိုးအပြစ်ကို ပိုသိခဲ့တယ်။ သူရဲ့အပြုအမူတွေအားလုံးကလည်း အဲအသိတရားတွေနဲထပ်တူကျခဲ့တယ်။ "ဒါသာ သူ့ဖခင်ကိုယ်တိုင်ပြောတာသာမဟုတ်ရင် Iori ဘယ်သောအခါမျှ ယုံမိမှမာဟုတ်ဘူး။ ကောလဟာလတွေနဲ့ လူတွေကိုမဆုံးဖြတ်တတ်ပေမယ့် သူအခုတွေ့နေရတဲ့ ပုံစံအရတော့ အနောက်ဆောင်မင်းသားဟာ ပေါ့တိပေါ့ပျက်လူတစ်ယောက်ထက်မပိုချေ။" ဒါ ငါသိခဲ့တဲ့ မင်းသား Shunkakuဘဲ "အခန်းထဲ တိတ်ဆိတ်သွားပြန်သည်။ သူလိုချင်နေသည့်အဖြေကိုမရသေးတာမို့ Iori မေးလိုက်သည်။" သူဘယ်လိုဖြစ်သွားတာလဲ Chichiue "Onozuka သခင်ကြီး ရေးလက်စစာရွက်ကိုဘေးမှာ ချကာ စာရွက်အသစ်ယူလိုက်သည်။" သူကလွဲပြီး ဘယ်သူက အတိအကျသိနိုင်မှာလဲ"မှင်ရည် ဝ နေသော စုတ်တံကိုယူပြီး Onozuka သခင်ကြီး စာလုံးအချို့ကို ခပ်ကြီးကြီးရေးလိုက်သည်။" သားမှတ်ထားရမှာက "" အနောက်ဆောင်မင်းသားက လမ်းပျောက်နေတဲ့ မျက်မမြင်တစ်ယောက်ဘဲ "Iori မျက်လွှာချလိုက်သည်။ သူသည်ခံစားချက်ကိုကောင်းကောင်းသိတာပေါ့။" ပြီးတော့ အိမ်ပြန်ရောက်သွားမှာလည်း အရမ်းကြောက်နေတယ် ""..... "" သူ့ကို အိမ်ပြန်ခေါ်လာနိုင်တာသားဘဲရှိတယ်။ ဒါ Chichiue မလုပ်နိုင်တဲ့အရာအတွက် သားကိုအပ်တာ။ "အခန်းထဲ တိတ်ဆိတ်သွားပြန်သည်။" Chichiue ဘာဆိုလိုတာလဲ "သို့သော် Onozuka သခင်ကြီးဆီကနေ ဘာစကားမှမထွက်လာတော့ချေ။Iori အလိုက်သိစွာထွက်သွားလိုက်သည်။ ဒီအထိက သူ့အတွက်လုံလောက်နေတာဘဲ မဟုတ်လား။" ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး။ "Iori ထိုညက စပြီး အိပ်မက်တွေက အရမ်းတိုတောင်းလာသည်။ အိပ်မက်မှန်းပီသလာသည်။" စစ်သူကြီး အနောက်ဆောင်မင်းသားက အခေါ်တော်လွတ်လိုက်ပါတယ်။ "Iori ဖတ်လက်စ စာရင်းတွေကို ပိတ်လိုက်ပြီး အနောက်ဆောင်မင်းသားရဲ့ အဆောင်ဘက်ကို ထွက်လာခဲ့သည်။" အိုး... Onozuka စစ်သူကြီးပါလား။ "ရှောင်လွဲလို့မရတဲ့ လာနှုတ်ဆက်သူကြောင့် Iori ရပ်ကာ နှုတ်ဆက်လိုက်သည်။" တောင်နန်းစံ မင်းသားလေးကို ဂါဝရပြုပါတယ်။ "တောင်နန်းစံမင်းသား တစ်ဖြစ်လဲ ၈ ယောက်မြောက်မင်းသားကို Iori ဦးညွတ်လိုက်တော့ ကျေနပ်စွာရယ်သံကထွက်ပေါ်လာသည်။" စစ်သူကြီးကို နန်းတော်ထဲတွေ့ရတယ်ဆိုတာ တကယ်ကို ထူးခြားမှုဘဲ "မှတ်ချက်တစ်ခုဆိုပေမယ့် လူတွေရဲ့ စိတ်ကိုဖြေရှင်းချက်တစ်ခုခုပေးလိုစိတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ စကားတစ်ခွန်း။ Iori ကတော့ နှုတ်ဆိတ်နေပြီး ပြုံးရုံသာပြုံးပြလိုက်သည်။" စစ်သူကြီးက သွားစရာရှိတဲ့ပုံဘဲ။ ငါမနှောက်ယှက်တော့ပါဘူး "တောင်နန်းစံ မင်းသားလေး Haku ဟာ အိမ်ရှေ့စံ ရဲ့နေရာကို ကောင်းကောင်းခြိမ်းချောက်နိုင်တဲ့ မင်းသားတွေထဲကတစ်ယောက်ဖြစ်သည်။ ပိန်ပိန်ပါးပါးနှင့် ကြည့်ကောင်းသော ခန္ဓာကိုယ်အချိုးအစားရှိသူဖြစ်သည်။" ခွင့်ပြုပါဦး မင်းသားလေး "တောင်နန်းစံမင်းသားလေးကို အရိုအသေပေးပြီးနောက် Iori ထွက်သွားလိုက်သည်။" အနောက်ဆောင်ဘက်ကို သွားနေတာဘဲ "Haku ပြုံးကာ သူ့ကိုယ်ရံတော်ဘက်ကို ခေါင်းစောင်းလိုက်သည်။" စုံစမ်းလာခဲ့ "" ဟုတ်ကဲ့ မင်းသားလေး "Iori အနောက်ဆောင်မင်းသားဆီကိုရောက်လာတော့ အနောက်ဆောင်မင်းသားက မြှားပစ်လေ့ကျင့်ရာမှ အကျႌကို ပြန်ဝတ်နေသောအချိန်ဖြစ်သည်။ စက္ကန့်ပိုင်းစာလောက် အချိန်အတွင်းမှာ Iori အနောက်ဆောင်မင်းသားရဲ့ ရင်ဘတ်ကို သတိထားမိလိုက်သည်။ လွန်ခဲ့တဲ့ ငါးရက်က သူစကြာဖြင့်ပစ်လိုက်မိသော ဒါဏ်ရာဟာ အရှင်းပျောက်လို့ အမာရွတ်လေးတောင်မကျန်။သေချာတာတော့ ထိုညက Iori ပစ်လိုက်တာ အားမပါပေမယ့်စိုက်ဝင်နေခဲ့တာ Iori တပ်အပ်မြင်ခဲ့သည်။ သွေးတွေတောင်ပေနေခဲ့တာကို...။ငါးရက်တည်းနှင့် ဒါဏ်ရာဟာအရှင်းပျောက်စရာအကြောင်းမရှိ။အနောက်ဆောင်မင်းသားက သူ့ကိုလှည့်ကြည့်လာပြီမို့ Iori အနောက်ဆောင်မင်းသားကိုတည့်တည့်ကြည့်လိုက်သည်။အနောက်ဆောင်မင်းသားက Ioriကို စတွေ့တုန်းကလို ရိသဲ့သဲ့မပြုမူတော့ပေမယ့် Iori ရဲ့ စိတ်ထဲမှာတော့ သက်သောင့်သက်သာ မရှိတာတော့အမှန်ပင်။ အထူးသဖြင့် စကားပြောနေသော Iori ကို စူးစိုက်ကြည့်နေတတ်သော အနားသတ်ညိုနက်နက်နှင့် မျက်ဝန်းနက်နက်တွေ။" ကျွန်တော်တို့ နယ်မြေရှစ်ခုလုံးရဲ့ အရှင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး မေးမြန်းသင့်တယ်။ သူတို့ဆီမှာ သံသယဖြစ်စရာကောင်းလောက်အောင် လုံခြုံရေးကို တိုးမြင့်ထားတဲ့အပြင် စာတိုက်မှူးပျောက်နေတာကို အိမ်တော်ထဲမှာတောင် ဖုံးကွယ်ထားတယ်။ "အနောက်ဆောင်မင်းသားက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။" ဘယ်နေရာ အရင် စသွားမှာလဲ။ "Iori သူ့ရှေ့ကိုမြေပုံပေါ်က အတော်ကျဉ်းတဲ့နယ်မြေပေါ် အမှတ်အသားလေးကို ထောက်တင်လိုက်သည်။" Kajiya Mura "အနောက်ဆောင်မင်းသား မျက်လုံးလှန်ကြည့်လာသည်။" ဘာလို့ အဲနေရာ အရင်လဲ။ "" Kajira Mura မှာ ကျွန်တော်တို့အတွက်လက်နက်ပုန်းတွေယူဖို့ရှိတယ်။ "" အကြောင်းပြချက်ကောင်းဘဲ။ ဘယ်တုန်းက Kajira Mura က လက်နက်ပုန်းလေးတွေ လုပ်လိုက်တာလဲ "ရွဲ့တိရွဲ့တဲ့ မေးနေတဲ့ အနောက်ဆောင်မင်းသားကို Iori ခပ်အေးအေးပြန်ပြောသည်။" လျို့ဝှက်ကိုယ်ရံတော်တွေအတွက် လက်နက်မှန်သမျှ သူတို့ဘဲလုပ်ပေးတာ "" ထားပါတော့ နောက်တစ်နေရာကရော၊။ "" အနောက်ဘက် Shirohasu နယ်မြေ၊ Benkei ကိုယ်တော်နဲ့ သွားတွေ့မယ်။ "" ဘုံကျောင်းနယ်မြေကြီး!! နောက်တစ်နေရာကရော "" Ikigai "" ကောင်းပြီ။ ကိုယ် Ikigai မှာစောင့်နေမယ်။ "" Kajiya-Mura ရော "" မလိုက်ချင်ဘူး "အနောက်ဆောင်မင်းသားမှာ ကလေးဆိုးတစ်ယောက်လို ငြင်းလာသည့်အပြင်မျက်နှာကိုပါ တစ်ဖက်ကိုလွဲထားသည်။" မလိုက်လို့မရဘူးမင်းသားလေး။ ဧကရာဇ်က မင်းသားလေး လိုချင်တဲ့လက်နက်တွေကိုမှာပေးထားတယ်။ "Iori ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်ကိုချော့နေရသလိုခံစားနေရသည်။အနောက်ဆောင်မင်းသားက မျက်နှာကိုလွဲထားလျက်နှင့်ပင် လေသံပျော့ပျော့နှင့် Iori ကိုမျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။" ပြောပုံကိုက! ကိုယ်က ကလေးလား။ မလိုက်ချင်ဘူး။ မနက်နေမထွက်ခင် ကိုယ့်ဘာသာကိုယ်သွား ။ မကြာစေနဲ့။ နှစ်ရက်အတွင်း Ikigai ကိုရောက်အောင်လာခဲ့။ "ပြောလည်းပြော မတ်တပ်ရပ်ကာ အထဲကိုဝင်သွားတဲ့ အနောက်ဆောင်မင်းသားကို Iori ဦးညွတ်လိုက်သည်။" မနက်ဖြန်နေမထွက်ခင် ကျွန်တော်လာခဲ့ပါ့မယ် မင်းသားလေး "နောက်နေ့မနက်မှာတော့ နေမထွက်ခင်မှာပင် Iori ရောက်လာပြီး အနောက်ဆောင် မုခ်ဝရှေ့မှာ ရပ်စောင့်နေလိုက်သည်။ အနောက်ဆောင်မင်းသားက မနိုးသေးသည့်အပြင် ဘယ်သူ့ကိုမှအထဲမဝင်ခိုင်းတာကြောင့် အစေခံများကလည်း သွားမလျှောက်တင်ရဲကြချေ။ အနောက်ဆောင်မင်းသား နိုးတဲ့အချိန် အထိန်းတော်က သွားလျှောက်တင်လိုက်သည်။ သို့သော် မျက်နှာမကောင်းစွာပြန်ထွက်လာသော အထိန်းတော်ကိုကြည့်ပြီး Iori အခြေအနေတွေကို နားလည်လိုက်သည်။အချိန်အတော်ကြာသွားတဲ့အချိန်မှာကျတော့ အထိန်းတော်နှင့် ကျန်အစေခံများလည်း ဟန်မဆောင်နိုင်လောက်အောင် မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်လာ ကြသည်။ Zaiho ကိုလည်းခေါ်ပြီး Iori ကိုပြန်သွားအောင်တိုက်တွန်းခိုင်းတော့လည်းအချည်းနှီးသာ။တဖြည်းဖြည်းနှင့် နေက အနောက်ဘက်ကိုရောက်လာသည်။အနောက်ဆောင်မင်းသားရဲ့ အဆောင်ထဲကိုMei မယ်တော်သာ တံခါးမရှိဓားမရှိအဆီးအတားမဲ့စွာ ဝင်နိုင်ပြီး အချို့သူတွေကတော့ အနောက်ဆောင်မင်းသား ဝင်ခွင့်ပြုမှသာ ဝင်လာကြရသည်။ ထိုအချို့သူများဟုဆိုရာတွင် အိမ်ရှေ့စံနှင့် Sakura မင်းသမီးလေး ကိုဆိုလိုခြင်းဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဘယ်လောက်ဘဲ အိမ်တော်ရှေ့ရပ်စောင့်နေပါစေ အနောက်ဆောင်မင်းသားလေးထွက်မတွေ့ခဲ့ချေ။ယခုလည်း စစ်သူကြီး Iori ...။ နေမထွက်ခင်ကတည်းက လာရပ်စောင့်နေတာ။ မွန်းတည်ကျော်လို့နေပင်ဝင်တော့မည်။" မင်းသားလေးကို ထပ်ခေါ်လိုက်ရမလား "အစေခံတစ်ဦးက တီးတိုးပြောလိုက်သည်။အထိန်းတော်ကမျက်နှာအိုလေးဖြင့် Iori နောက်မှာ မျက်နှာကြီးမဲမှောင်နေလျက်ရပ်နေသော ကိုယ်ရံတော် Zaiho နားကိုသွားလိုက်တော့သည်။" ကိုယ်ရံတော်ကြီး။ မင်းသားလေးက မအားသေးတာမို့ စစ်သူကြီးကိုအနားယူဖို့ ထပ် တိုက်တွန်းပေးပါဦး "Zaiho သက်ပြင်းချလိုက်သည်။ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေသော Iori နားသွားကာ အရိုအသေပေးလျက်လျှောက်တင်လိုက်သည်။" သခင်လေး။ သခင်လေး ဒီမှာရပ်နေတာအရမ်းကြာနေပြီ။ ခန အနားယူဖို့တိုက်တွန်းပါရစေ။ "" ငါအဆင်ပြေတယ် "" သခင်လေး။ သခင်လေး တစ်နေကုန်ဘာမှမစားရသေးဘူး။ ပြီးတော့ သခင်လေးမျက်လုံးက အဆင်ပြေတာလည်းမဟုတ်ဘူး။ ပြန်စဉ်းစားပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီအနီးအနားမှာ ခန နားပါလား။ "" ........ "Zaiho အထိန်းတော်ဘက်လှည့်လိုက်ကာ ခေါင်းခါပြသည်။အထိန်းတော်လည်း Iori မျက်နှာကိုတစ်ချက်မော့ကြည့်လိုက်သည်။လေငြိမ်နေသော ကန်ရေပြင်လို မျက်နှာထားက တည်ငြိမ်နေကာ မျက်လုံးများက တံခါးကိုသာ စိုက်ကြည့်နေသည်။ ဒေါသအခိုးအငွေ့ကင်းလျက် လရောင်အောက်မှာ ရပ်နေသူလို အေးချမ်းလှသည်။ ကိုယ်ဟန်အနေအထားကလည်း စရောက်စကလိုပင် မတ်မြဲမတ်လျက် ဓားရှည်ကိုဆုပ်ကိုင်ထားသော လက်ချောင်းများမှာလည်း အနေအထားမပျက် တင်းလည်းမတင်းသလို လျော့လည်းလျော့မသွားချေ။အထိန်းတော်ကြီး ခေါင်းငြိမ့်လိုက်ကာ အထဲပြန်ဝင်သွားသည်။ အနောက်ဆောင်မင်းသားကို ထွက်တွေ့ဖို့မမေျှာ်လင့်ပေမယ့် အသားတွေနီစပ်နေသော စစ်သူကြီးကိုကြည့်ပြီးအတော်လေးစိတ်မကောင်းဖြစ်မိတာမို့ သူကြိုးစားကြည့်လိုက်သည်။" မင်းသားလေး "" Hmmm "အတွင်းခန်းထဲ ထွက်လာသော အသံက ပျင်းတိပျင်းရွဲနှင့်ပင်။" စစ်သူကြီးစောင့်နေတုန်းဘဲ။ မင်းသားလေး မထွက်လာမချင်း ပြန်မယ့်ပုံမပေါ်ဘူး။ မင်းသားလေး "" ဟုတ်လား "အတွင်းခန်းထဲကနေ သန့်ပြန့်နေအောင်ဝတ်စားလျက် အနောက်ဆောင်မင်းသားထွက်လာသည်။ တစ်ကိုယ်လုံးဝတ်ကောင်းစားလှတွေနှင့် ကိုယ်ရောင်ကိုယ်ဝါ တွေတောက်နေတာများ ဒီလိုညနေစောင်းအချိန်မှာ အထိန်းတော်ခမျာ မျက်စိတွေပါ ကျိန်းစပ်လာသလိုခံစားရသည်။ှု" ပြန်တော့ "မြင်းဆွဲပြီးထွက်လာတဲ့ အနောက်ဆောင်မင်းသားက Iori ကိုတွေ့တာနဲ့ ခပ်ပြတ်ပြတ်ပြောသည်။" ကျွန်တော် မင်းသားလေးမလိုက်မချင်းစောင့်နေပါ့မယ်။ "Shun ပုခုံးတွန့်ကာ မြင်းပေါ်တက်လိုက်သည်။" သဘောလေ။ အလှလေးက စောင့်တဲ့နေရာမှာတော်တာဘဲ "ပြောချင်ရာပြောပြီး အနောက်ဆောင်မင်းသားကတော့ထွက်သွားသည်။" သခင်လေး ပြန်ရအောင် ""......"Zaiho စိတ်တော်တော်အိုက်သွားသည်။ တစ်နေကုန် နေပူထဲရပ်နေရတာမို့ Iori ပါးနှစ်ဖက်လုံးနီရဲကာ အသားအရည်မှာလည်း နီစပ်စပ်ဖြစ်နေသည်။ မျက်လုံးကလည်းအခြေအနေမကောင်း။ ဖြူဖွေးသော မျက်သားမှာ နီရဲရဲသွေးကြောပါးပါးလေးတွေကအထင်းသားမြင်နေရသည်။ဒါက Iori လိုစစ်သူကြီးတစ်ယောက်အတွက် စစ်မြေပြင်ထက်စာလျှင် အသေးအဖွဲကိစ္စသာသာဘဲရှိပေမယ့် Iori ကို မလိုအပ်ဘဲ မပင်ပန်းစေချင်တာမို့ Zaiho ဒူးထောက် ဦးညွတ်ကာ Iori ကို တောင်းပန်သည်။" စိတ်လျှော့လိုက်ပါ သခင်လေး အနားယူနေသင့်ပါပြီ သခင်လေး။ "သို့သော် တစ်ချိန်က နူးညံ့သိမ်မွေ့သော သူ့သခင်ကတော့ ရက်စက်စွာပင် ထိုနေရာကရွေ့ဖို့မဆိုထားနှင့် တစ်ချက်မှ စွေမကြည့်လာခဲ့ချေ။" သခင်လေး "ညရောက်တော့ အနောက်ဆောင်မင်းသားပြန်ရောက်လာသည်။ ထို့နောက် Iori ကိုတစ်ချက်မှလှည့်မကြည့်ဘဲ အထဲဝင်သွားသည်။Zaiho မျက်နှာက ဒေါသကြောင့်တင်းမာနေသည်။ထို့နောက်အထိန်းတော်က ထွက်လာပြီး Iori ကို ဦးညွတ်လိုက်သည်။" မင်းသားလေးက မနက်ဖြန်မနက်ကျရင် နှစ်ယောက်စလုံး အားပြည့်ပြည့်နဲ့ ခရီးစချင်တယ်တဲ့ "အထိန်းတော်ရဲ့ သတင်းစကားကိုကြားပြီးတဲ့နောက်မှာ Iori ချက်ချင်းပင်နောက်လှည့်ကာ ခြေလှမ်းကျဲ ကြီးများဖြင့်ပြန်သွားတော့ Zaiho လည်း အနောက်ဆောင်မင်းသားကို အပြင်ကနေပင် အရိုအသေပေးကာ Iori နောက်ကိုခပ်သွက်သွက်လိုက်ရတော့သည်။နောက်နေ့မနက်နေမထွက်ခင်မှာ Iori ထွက်လာတော့ နန်းတော်ရဲ့အပြင်ဘက်တံတိုင်းမှာ နံရံကိုမှီလျက် ရပ်စောင့်နေသောအနောက်ဆောင်မင်းသားကိုတွေ့လိုက်ရသည်။ Iori လို ရုပ်ဖျက်ခြင်း မျက်နှာဖုံးတပ်ခြင်းမရှိသည့်အပြင် ခမောက်တောင်ပါမလာခဲ့။အနောက်ဆောင်မင်းသားက ဘာစကားတစ်ခွန်းမှမပြောဘဲ Iori ကိုမြင်တော့ မြင်းပေါ်တက်ကာ မျက်နှာရိပ်ဖြင့်ပင် Iori ကိုရှေ့က သွားခိုင်းသည်။သူတို့ရဲ့ ပထမဦးဆုံး ဦးတည်ရာဖြစ်သော Kajiya Miura မှာ စစ်တပ်အတွက် လက်နက် ထုတ်လုပ်သောနေရာ ဖြစ်သည်။ နေပြည်တော်နဲ့ နီးသယောင်ရှိနေပေမယ့် သွားလာရ အနည်းငယ်ခက်ခဲသည်။ Kajiya Mura ရဲ့ အရှင်သခင်ဟာ Oda Nobunaga ဖြစ်ပြီး ဧကရာဇ်ရဲ့အားကိုးမှုကို အထူးရရှိထားသူဖြစ်သည်။ စာတိုက်မှူးပျောက်သွားတာကို အရင်ဆုံးတိုင်ကြားသည်မှာလည်း သူပင်ဖြစ်သည်။Nobunaga မျိုးနွယ်ဟာ နယ်မြေသစ်ရှာဖွေသည့်မျိုးနွယ်စုဖြစ်ပြီး လူဦးရအလွန်နည်းသည်။ မျိုးနွယ်စု တွေအားလုံးထဲမှာ လူဦးရေ အအနည်းဆုံး၊ အပိုင်စားရသောနယ်မြေတွေထဲမှာ အသေးဆုံးဖြစ်ပေမယ့် အင်ပါယာမှာ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စစ်တပ်တိုင်းရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းသော လက်နက်တွေကို သူတို့ထုတ်လုပ်တာဖြစ်ပြီး အရည်အသွေးက ထိပ်တန်းကဖြစ်သည်။Kajiya Mura နယ်မြေထဲရောက်သည်နှင့် ရာသီဥတုက သိသိသာသာ ပိုပူလာသည်။ ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ခံရသော်လည်း Kajiya Mura ရဲ့ ဧရိယာက နေပြည်တော်ရဲ့တစ်ဝက်သာသာသာရှိသည်။ သာမာန်မြို့ကြီးတစ်မြို့စာလောက်သာရှိသော Kajiya Mura ကိုရောက်သွားသည်နှင့်အခြားကမ္ဘာတစ်ခုကိုရောက်သွားသည့်အလားပင်။ တူထုသံ၊ မီးထိုးသံများဖြင့် ဆူညံနေသော နေရာအချို့ကိုဖြတ်သန်းပြီးသွားတဲ့နောက်မှာ Nobunaga အိမ်တော် အဝိုင်းထဲ ရောက်လာသည်။သတင်းကြိုရထားသော Nobunaga သခင်ကြီးမှာ အကြိုတော်များကိုစေလွတ်ထားသည်။ အမိန့်စာနှင့် နန်းတွင်း တံဆိပ်များကိုစစ်ဆေးပြီးတဲ့နောက်မှာ Iori နှင့်အနောက်ဆောင်မင်းသားမှာ Nobunaga အိမ်တော်ရဲ့ အထူးဧည့်သည်အဖြစ် ဧည့်ခံ ခံရသည်။ Nobunaga သခင်ကြီးမှာ အရွယ်နှင့်မလိုက်အောင် ကျန်းမာသန်စွမ်းသူဖြစ်ပြီး ရုပ်ရည်မှာ ခန့်ခန့်ညားညားရှိလှသည်။ Iori သတိထားမိသည်။ Nobunaga အိမ်တော်က လူတော်တော်များများရဲ့ ရုပ်ရည်ဟာ အနည်းငယ်ထူးခြားပြီး စကားပြောသည့်လေသံမှာအနည်းငယ်ကွဲသည်။ မသိသာလှပေမယ့် Iori ကောင်းကောင်းခွဲခြားနိုင်သည်။Nobunaga သခင်ကြီးက သူ့ရှေ့မှာရပ်နေတဲ့ လူနှစ်ယောက် ကို ခပ်ပြုံးပြုံးကြည့်ကာ လောကဝတ်ပြုသည်။" နေလည်းဝင်တော့မယ်ဆိုတော့ သခင်လေးတို့ ဒီညတော့ ညစာစားပြီး အနားယူလိုက်ကြပါဦး။ မနက်ဖြန်ကျရင် ကျွန်တော်တို့ရဲ့ အကောင်းဆုံးလက်နက်တွေကို ကြည့်ကြတာပေါ့။ "" မလိုဘူး"" ကျေးဇူးတင်ပါတယ် Nobunaga သခင်ကြီး "ခပ်ဆတ်ဆတ်ထွက်လာသော အနောက်ဆောင်မင်းသားရဲ့ငြင်းဆိုသံက Iori နှင့်ပြိုင်တူ အရုပ်ဆိုးစွာထွက်ပေါ်လာသည်။ Iori အနောက်ဆောင်မင်းသားကို အနေရခက်စွာကြည့်လိုက်သည်။ အနောက်ဆောင်မင်းသားရဲ့မျက်နှာကတော့ မထုံတက်တေးနှင့်ပင်။" မေးစရာရှိတယ်။ "သူ့ကိုငြင်းလိုက်တဲ့ အနောက်ဆောင်မင်းသားရဲ့စကားကို မသိချင်ယောင်ဆောင်ပြီး Nobunaga သခင်ကြီးက ရယ်လိုက်သည်။" သခင်လေးတို့မေးမယ့် မေးခွန်းတွေအတွက် ကျွန်တော့်မှာအဖြေရှိပြီးသားပါ။ လောစရာမလိုပါဘူး။ ဒီည ညစာအတူစားတဲ့အချိန်ကျမှ အေးအေးဆေးပြောကြတာပေါ့ "" ကျွန်တော်တို့ ညစာ အတူစားလို့မရဘူး "ပျင်းတွဲတွဲပြန်ငြင်းနေသော အနောက်ဆောင်မင်းသားရဲ့ မျက်နှာက သာမာန်ထမင်းသားရေသောက်စကားတွေကိုပြောနေသည့်အတိုင်းပင်။ Iori မှာသာဘေးမှာနေပြီး မျက်နှာပူလာရသည်။ မျက်နှာဖုံးရှိနေတာကိုဘဲကျေးဇူးတင်ရမည်။" သခင်လေး ဘာကိုပြောချင်တာလဲ ကျွန်တော်သိပ်သဘောမပေါက်ဘူး "Nobunaga သခင်ကြီးကတော့ ဟန်ဆောင်ကောင်းတာဘဲလား။ သည်းခံနိုင်စွမ်းမြင့့်တာဘဲလား။ မျက်နှာက အခုထိ အပြုံးမပျက်သေးပေ။" သူမျက်နှာဖုံးနဲ့ ဘယ်လိုစားရမှာလဲ "အနောက်ဆောင်မင်းသားက လျို့ဝှက်ကိုယ်ရံတော်တပ်မှူးရဲ့အမှတ်သညာဖြစ်သည့် ' အဆုံးမရှိ ' မျက်နှာဖုံးတပ်ထားတဲ့ Iori ဘက်ကို မျက်ခုံးပင့်ပြလိုက်သည်။" အာ... ဟုတ်သားဘဲ။ ဒါပေမယ့် ကိုယ်ရံတော်ကြီးက ကျွန်တော်တို့ဆီက မျက်နှာတစ်ဝက်ဘဲဖုံးတဲ့ မျက်နှာဖုံးကို တပ်ထားလို့ရသားဘဲ။ "ကိုယ့်မျက်နှာကို ကွယ်ဝှက်ထားရမှာက ကိုယ်ရံတော်တွေအတွက် စည်းကမ်းတစ်ခုဖြစ်သည်။ " မရဘူး "အနောက်ဆောင်မင်းသားရဲ့ လေသံက စာရွတ်နေသူလို့ ပျင်းတွဲတွဲရှိလှသည်။ မျက်လုံးကတော့ Nobunaga သခင်ကြီးကိုမှေးစင်းလျက်ကြည့်နေသည်။" Nobunaga သခင်ကြီးရဲ့အိမ်အရိပ်အောက်မှာ ဧည်သည်အဖြစ်နဲ့ ကျွန်တော်တို့ရောက်လာပေမယ့် အခုထိက ကျွန်တော်ရဲ့တာဝန်ချိန်ဘဲဖြစ်နေပါသေးတယ်။ သတ်မှတ်ထားတဲ့ ျက်နှာဖုံးကလွဲပီး ဘယ်မျက်နှာဖုံးမှ ကျွန်တော်တပ်ခွင့်မရှိပါဘူး။Nobunaga သခင်ကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။" ဒါဆိုရင်တော့ ဝမ်းနည်းစရာပါဘဲ။ နောက်နောင် အခွင့်ကြုံမှ အနောက်ဆောင်မင်းသားလေးနဲ့ ကိုယ်ရံတော်ကြီးနဲ့ ညစာ စားကြတာပေါ့။ အခုတော့ ညစာကိုသီးသန့်ပြင်ပေးလိုက်မယ်။"" Nobunaga သခင်ကြီး အလုပ်ရှုပ်ခံစရာမလိုပါဘူး။ ကျွန်တော်တို့ မေးစရာက နည်းနည်းလေးပါ။ လိမ်ညာပြီးမဖြေရင် ဘာမှတွေးစရာမလိုဘဲဖြေနိုင်တာမို့ ခနလေးဘဲကြာမှာပါ။ လက်နက်တွေကိုတော့အခုကတည်းက ယူလာလိုက်ပါ။ မေးခွန်းတွေက သူမေးမှာမို့ လိုအပ်တဲ့လက်နက်တွေကို ကျွန်တော်ရွေးထားလိုက်မယ်။ "Nobunaga သခင်ကြီးရော Iori ပါ ဘာအသံမှ မထွက်လာတော့ဘဲ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။အချိန်ခနလေးကြာတော့မှ Nobunaga သခင်ကြီးက တဟားဟားထရယ်သည်။" အနောက်ဆောင်မင်းသားက တော်တော်လောနေတာဘဲ။ ကျွန်တော်နားလည်ပါပြီ"Nobunaga သခင်ကြီးက အစေခံတစ်ယောက်ကိုခေါ် လိုက်ပြီး လက်နက်တွေယူလာပေးဖို့ ညွှန်ကြားလိုက်သည်။Iori အနောက်ဆောင်မင်းသားရဲ့ဘေးနားကပ်သွားကာ အနောက်ဘက်ကိုလှည်လိ့ုက်သည်။" မင်းသား ဒါဘာလုပ်တာလဲ "" Kajiya Mura နဲ့ Shirihasu နယ်နှစ်ခုကို ကိုယ့်စိတ်ကြိုက်နေခွင့်ပေး။ ကိုယ်မင်းကို ကျန်တဲ့ ခရီးတစ်လျှောက်လုံး ဒီသခင်ကြီးတွေနဲ့ပါတ်သက်လာရင် ဘာမှဝင်မရှုပ်ဘူးလို့ ကတိပေးတယ်။ "Iori ဘာမှမပြောနိုင်ခင်မှာဘဲ အနောက်ဆောင်မင်းသားက အရှေ့ဘက်ကိုပြန်လှည့့်သွားသည်။" မင်းသားလေး။ ဒီဘက်ကိုကြွပါ။ "အနောက်ဆောင်မင်းသားကတော့ အစေခံတွေခေါ်သွားတဲ့အခန်းထဲကိုလိုက်သွားလိုက်သည်။ ဧည့်ဆောင်ထဲမှာ Nabunaga သခင်ကြီးနှင့် Iori နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။" ကျွန်တော်တို့အရမ်းလောမိသွားတဲ့အတွက် တောင်းပန်ပါတယ် Nobunaga Sama "Nobunaga သခင်ကြီး ရယ်လိုက်သည်။" အနောက်ဆောင်မင်းသားလာမယ် ကြားကတည်းက ကျွန်တော် ဒီထက်ပိုဆိုးဝါးတာကို ကြိုတွေးထားပြီးသားပါ။ ညစာစားသွားဖို့တော့ သခင်လေးကိုအကူအညီတောင်းပါရစေ။ အိမ်ရှင်တစ်ယောက်အနေနဲ့တောင်းဆိုတာပါ။ "Nobunaga သခင်ကြီးရဲ့ စေတနာကို Iori အရမ်းအားနာသွားရသည်။ Nobunaga သခင်ကြီး က Iori မေးသမျှကိုပေါ့ပေါ့ပါးပါးဖြေပေးသည်။ စာတိုက်မှူးကို လိုက်ရှာဖို့ သူ့လူတွေကိုလည်း သုံးထားသည့်အကြောင်း၊ စာတိုက်မှူးရဲ့ ပုံပန်းသွင်ပြင်အပြင် ထိုစာတိုက်မှူးရဲ့ မပျောက်ခင်စပ်ကြားမှာ သွားလာလှုပ်ရှားခဲ့သော နေရာတွေကို သူသိသလောက်ပြောပြသည်။" ခက်တာက စာတိုက်မှူးတွေကသူဘယ်နေ့ကတည်းက ပျောက်သွားတယ်ဆိုတာ ဘယ်သူမှအတပ်မပြောနိုင်ခဲ့ဘူး။ အိမ်တော်ထဲမှာ တစ်ခြားသူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အချိန်ကအရမ်းနည်းတော့" Nobunaga သခင်ကြီးအနေနဲ့ အမှုကိစ္စတွေအများကြီး ကြုံခဲ့ဖူးမှာဘဲ။ ဘာလို့ ဒီလူတစ်ယောက်ပျောက်သွားတဲ့အမှုကိုတော့ ကိုယ်တိုင်ပေါ်ပေါ်ထင်ထင်မဖြေရှင်းဘဲ ဧကရာဇ်ကိုတိုင်ကြားခဲ့တာလဲ။ ဒါက Kajiya Mura နဲ့ဘဲ သက်ဆိုင်တာမဟုတ်လား။ "Nobunaga သခင်ကြီးသက်ပြင်းလိုက်သည်။" ကျွန်တော်တို့မှာမပြောပြနိုင်တဲ့အကြောင်းလေးတွေရှိလို့ ဧကရာဇ်ကို လျို့ဝှက် အကူအညီတောင်းခဲ့တာပါ။ ဧကရာဇ်မေးသမျှကိုကျွန်တော်တို့ဖြေပြီးသားပါ။ စိတ်မရှိပါနဲ့။ ဒီအချိန်မှာ သခင်လေးတို့ကိုတောင်ကျွန်တော်တို့ယုံလို့မရပါဘူး။ ဧကရာဇ်ကိုယ်တိုင်မေးလာရင်တော့ဖြေပါ့မယ်။ ကျန်တာ ဧကရာဇ်ဆုံးဖြတ်ပါလိမ့်မယ်။ "မေးလာသမျှမေးခွန်းကိုဖြေပြီးခါမှ ဒီမေးခွန်းကိုဖြေဖို့ ငြင်းဆိုလိုက်သော Nobunaga သခင်ကြီးကို Iori ဘာမှမပြောဘဲ ခေါင်းဘဲငြိမ့်ပြလိုက်သည်။Nobunaga သခင်ကြီးနဲ့ ဆွေးနွေးပြီးသွားတော့ အနောက်ဆောင်မင်းသားရှိရာ လက်နက်တွေစမ်းသည့်အခန်းထဲကို Iori လိုက်သွားလိုက်သည်။ သို့သော် အနောက်ဆောင်မင်းသားက အပြင်ကိုထွက်သွားထားနှင့်ပြီးဖြစ်သည်။" သွားရအောင် "Iori အပြင်ကိုရောက်သည်နှင့် အနောက်ဆောင်မင်းသားက အသင့်စောင့်နေသည်။" ကြာလိုက်တာ "အနောက်ဆောင်မင်းသားက တစ်ချက်ညည်းတွားရင်း မြင်းကို ဒုန်းစိုင်းနှင်လိုက်တော့ Iori မနည်းကိုနောက်ကနေပြန်လိုက်ရသည်။Kajiya Mura ကနေထွက်လာတော့ ညအတော်မှောင်နေပြီဖြစ်သည်။ တည်းခိုလို့ရမယ့် အနီးဆုံးရွာက သွားရမှာအရမ်းဝေးသေးတဲ့အတွက် Iori တို့တောထဲမှာဘဲ အနားယူဖို့ဆုံးဖြတ်လိုက်သည်။ သူတို့နောက်ကိုနောက်ယောင်ခံလိုက်တဲ့သူမရှိမှန်းသေချာသွားတော့မှ Iori က အနည်းငယ်ကွယ်ဝှက်တဲ့နေရာတစ်နေရာကိုရှာသည်။မိုးကျရွှေကိုယ်ယောင်ဆောင်ထားသော Shun က ဘာမှမသိသလိုပြုမူတော့ Iori ကဘဲ သူတို့နေဖို့ထိုင်ဖို့ အကုန်လုပ်ရသည်။သူသင်ပေးခဲ့သမျှကို ကောင်းကောင်းမွန်မွန်အသုံးချနေသော Iori ကို Shun မီးပုံရှေ့မှာ မေးထောက်ရင်း တစ်စိမ့်စိမ့်ထိုင်ကြည့်သည်။ မလုပ်ချင် လုပ်ချင်နှင့် လုပ်ရသည့်ပုံစံပေါက်ပေမယ့် ကောင်းကောင်းမွန်မွန်သပ်သပ်ရပ်ရပ်လုပ်ရှာသည်။ သို့သော်သူတို့နှစ်ယောက်အိပ်မည့်နေရာကြားမှာ မီးပုံကိုထားထားသည်။Iori ရဲ့ စိတ်ထဲမှာလည်း တကယ်ကိုလွန်ဆွဲနေသည်။သူ့တပ်သားတွေနှင့်တောထဲမှာစခန်းချတဲ့အချိန်ဆို သူဘာမှလုပ်စရာမလို။ တစ်ခါတစ်လေ အရမ်းခက်ခဲသည့်အချိန်တွေဆို သူကိုယ်တိုင် တကူးတက မလုပ်ပေးဘဲ Shun သင်ပေးခဲ့သလို ပြန်သင်ပေးပြီး ကိုယ့်ဘာသာကိုယ်လုပ်ခိုင်းသည်။ အခုလိုတစ်ပါးသူအတွက် လုပ်ပေးနေရတာ ဒါပထမဦးဆုံးဖြစ်သည်။နေရာထိုင်ခင်းပြင်ဆင်ပြီးတေ့ာ Iori က Shunကို ထမင်းဆုပ်တစ်ခုနှင့် အသားလုံးတစ်ခုထုတ်ပေးသည်။ Shun က သူသယ်လာသော အရက်အိုးတွေကို ပြန်ကမ်းပေးတော့ Iori သူ့ကိုငေးခနဲ့ကြည့်သည်။ Iori ဘာမှမပြောဘဲ နည်းနည်းလှမ်းသည့်နေရာတွင်ထိုင်ကာမျက်နှာဖုံးကို ဘေးဘက်ဆွဲလှည့်ပြီး အိတ်ထဲကနေ ထမင်းဆုပ်နှင့်အသားလုံးကို ထုတ်စားလိုက်သည်။ အာလူးညက်ညက်ကို ဝက်သားချိုချိုနှင့် ရောပေါင်းထားဟန်တူသော အသားလုံးမှာ Iori ခါတိုင်းစားတဲ့ အသားလုံးတွေနှင့်မတူဘဲ အရသာက တမူထူးခြားကောင်းမွန်လှသည်။ Shun လည်း သူထမင်းဆုပ်ကို ခပ်သွက်သွက်စားလိုက်ပြီး အသားလုံးကို တစွပ်စွပ်ကိုကြ်ပီးထည့်လိုက်သည်။" Ha! ငါ့ကိုနောက်နေတာဘဲ "အနောက်ဆောင်မင်းသားဆီက ပလုံးပထွေး ရေရွတ်သံကို Iori ကြားလိုက်သည်။ သို့သော် အသံက တိုးလွန်းတာမို့ သူ့ကိုပြောတာမဟုတ်ဘူးလို့သတ်မှတ်ကာ Iori မကြားချင်ယောင်ဆောင်သာနေလိုက်တော့သည်။ သို့သော် Iori မှားခဲ့ပုံပေါ်သည်။" I-o-ri "အနောက်ဆောင်မင်းသားရဲ့ အံကြိတ်သံခပ်တိုးတိုးထွက်လာသည်။" ဟုတ်ကဲ့။ မင်းသားလေး "Iori အနောက်ဆောင်မင်းသားကို ကြည့်လိုက်တော့ အိမ်ရှေ့စံမှာခေါင်းကို သိသိသာသာ ငုံ့ထားသည်။ အနောက်ဆောင်မင်းသားက ဘယ်ဘက်လက်ကိုဖြေးဖြေးချင်းမြောက်ကာ သူတို့နှစ်ယောက်ရဲ့အနောက်ဘက်တစ်နေရာကို လက်ညိုးထိုးပြသည်။" ဇီးကွက်တစ်ကောင်ရှိတယ်။ "Iori အနောက်ဆောင်မင်းသားကို ကြည့်နေလျက်ကပင် အနောက်ဆောင်မင်းသားလက်ညိုးထိုးပြသောနေရာကို စကြာဖြင့် ချက်ချင်းလှမ်းပစ်လိုကသ်ည်။သစ်ကိုင်းတွေအနည်းငယ်လှုပ်ရှားသောအသံတစ်ခုကြားလိုက်ရပြီး တိုးသက်ပေမယ့် သစ်ကိုင်းအချင်းချင်းကနေခုန်ကူးသံကို Iori ကြားလိုက်ရသည်။" မလိုက်နဲ့! ဝေါ့"လိုက်ဖို့ ပြင်နေတဲ့ Iori ကိုအနောက်ဆောင်မင်းသားတားလိုက်သည်။ Iori ပြန်လှည့်လာတော့အနောက်ဆောင်မင်းသားမှာ သစ်ပင်တစ်ပင်ကို ကိုင်ထားကာ ခါးအနည်းငယ်ကိုင်းလျက် ထိုးအန်နေသည်။" မင်းသားလေး! "စားထားသမျှအကုန်အန်ထွက်သည့်အပြင် အန်စရာမရှိတော့ လေတွေပါအန်နေသော အနောက်ဆောင်မင်းသားကို Iori ကျောကုန်းထုပေးလိုက်သည်။" အဖိုးကြီး! "အားပါးတရအန်ပြီးတဲ့နောက်မှာ အနောက်ဆောင်မင်းသားက ကြားမကောင်းလောက်အောင်ဆဲရေးတိုငး်ထွာတော့သည်။ မျက်နှာတစ်ခုလုံးကလည်း ခရမ်းရောင်ပြောင်းနေသည်။" အဆင်ပြေရဲ့လား။ ဘာဖြစ်သွားတာလဲ "Iori ကမျက်နှာငယ်လေးနှင့်မေးတော့ Shun က Iori ကို မျက်လုံးလှန်ကြည့်သည်။" အသားလုံးတွေက Nobunaga အဖိုးကြီးပေးလိုက်တာမှတ်လား "" အမ် "ဖုံးကွယ်ထားလိုတဲ့ရည်ရွယ်ချက်မရှိပေမယ့် တကူးတကမပြောဖြစ်မိတာလည်းအပြစ်တစ်ခုပေဘဲလား။မှန်သည်။ ထမင်းဆုပ်က Iori ယူလာတာဖြစ်ြပီး အသားလုံးက Nobunaga သခင်ကြီးပေးလိုက်တာဖြစ်သည်။" ဟုတ်တယ်။ မင်းသားလေး။ ကျွန်တော်အမှားတစ်ခုခုလုပ်မိသွားလို့လား "မျက်နှာလေးက ဇီးရွက်လောက်တောင်မကျန်တော့လောက်အောင်မျက်နှာငယ်လေးနှင့်ပြောနေသူဟာ စစ်သူကြီးတစ်ယောက် ဆိုတာမယုံနိုင်လောက်အောင် သနားစဖွယ်ဖြစ်နေသည်။ ဒီမျက်နှာထားဟာ လွန်ခဲ့တဲ့လေးနှစ်က Iori ရဲ့ ပုံစံလေးအတိုင်းပင်။Shun Iori ရဲ့ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။" မင်းဘာအမှားမှ မလုပ်ပါဘူး။ ကိုယ်က ဝက်သားနဲ့မတည့်လို့ပါ။ "နူးညံ့စွာပြုံးကာပြောနေသော အနောက်ဆောင် မင်းသားကို Iori ဆတ်ခနဲ့မော့ကြည့်သည်။ရှေ့သွားလေးတွေပေါ်ရုံလေးနှုတ်ခမ်းလေး ဟကာ Shun ကို မျက်တောင်မခတ်တမ်းကြည့်နေပုံမှာ စိတ်လှုပ်ရှားနေမှန်းသိသာလှသည်။ မျက်လုံး မျက်ခုံးနှင့် ပါးပြင်ပေါ် ဆေးတွေသုပ်ကာ မွေးသည့်အမေတောင် မမှတ်မိလောက်အောင် ရုပ်ဖျက်ထားပေမယ့် Shun အတွက်ကတော့ ခွေးချီသွားလျှင်တောင် 'ဟင် Iori' ဆိုပြီး မှတ်မိနေမည့် မျက်နှာလေးဖြစ်သည်။" Shun ?! "Iori အသက်ရှူမဝစွာ သတိလက်လွတ်ခေါ်လိုက်မိသည်။ Iori အသံမှာပျောက်ကွယ်တော့မတတ်တိုးလျကာ အနည်းငယ်တုန်ယင်နေ ပေမယ့် Shun ကောင်းကောင်းကြားရသည်။ မီးရောင်ကြောင့် ပယင်းရောင်ကိုမှ ပိုလင်းပြီး ရွှေရောင်တောက်ပနေသော မျက်ဝန်းတစ်စုံက နက်မှောင်နေသော မျက်ဝန်းတွေကို စိတ်လှုပ်ရှားစွာ တလှုပ်လှုပ်နှင့် ပေါက်ထွက်မတတ်ကြည့်နေသည်။" ကိုယ့်ကို Shun လို့ခေါ်လိုက်တာလား "ရိသဲ့သဲ့ အပြုံးတစ်ခု ချိတ်ဆွဲလျက် Shun မေးလိုက်သည်။ နှုတ်ခမ်းတစ်ဖက်က သိသိသာသာကော့ညွတ်သွားကာ သာမာန်ထက်အနည်းငယ်ရှည်သော သွားစွယ်တစ်ခုက ထင်းခနဲ့ပေါ်လာသည်။နှာဖူးပေါ်တစ်စောင်းချိတ်ထားသော မျက်နှာဖုံးကိုဆွဲလှည့်ပြီး Iori ဆတ်ခနဲ့ မတ်တပ်ရပ်လိုက်သည်။" ကျွန်တော် ရေသွားပြန်ခပ်လိုက်ဦးမယ် "Iori အနောက်ဆောင်မင်းသားရှိရာနှင့်ဝေးနိုင်သမျှဝေးအောင်ထွက်ပြေးလိုက်မိသည်။သူ တမင်ခေါ်လိုက်ခြင်းဖြစ်သည်။ အနောက်ဆောင်မင်းသား သူ့ခေါင်းကိုထိကိုင်လိုက်သည့်တစ်ခဏမှာ Shun လို့ သူအတပ်ခံစားမိသွားသည်။ Shun ရဲ့ လက်လိုမကြမ်းတမ်းပေမယ့်၊ Shun ရဲ့လက်ဖဝါးလိုမနွေးထွေးပေမယ့် ထိုခဏာတာအတွင်းမှာ...ပဟေဠိတစ်ခုရဲ့ သဲလွန်စကိုရှာဖွေတွေ့သွားတဲ့ ကလေးတစ်ယောက်လို...။အဖိုးတန်သားရဲတစ်ကောင်ကျော့ကွင်းထဲရောက်လာတော့မှာကို မျက်တောင်မခတ်တမ်းစောင့်ကြည့်နေတဲ့ မုဆိုးတစ်ယောက်လို..။ပြိုင်ဖက်ရဲ့ ရွေးချယ်မှုကို စောင့်ကြည့်နေတဲ့ Shogo ကစားသမားလို...။Iori မျှော်လင့်ချက်တွေနဲ့ စိတ်အရမ်းလှုပ်ရှားမိသည်။ဒါပေမယ့် သူ Shun လို့ခေါ်လိုက်တဲ့အချိန်မှာ အနောက်ဆောင်မင်းသားရဲ့ မျက်ဝန်းထဲ Iori မျှော်လင့်နေမိသော မည်သည့်အရိပ်အယောင်၊ မည်သည့်ပြောင်းလဲမှုမျှသူမမြင်လိုက်ရချေ။ခံစားချက်တွေပကတိရှင်းလင်းနေတဲ့မျက်ဝန်းဟာ ရုပ်သေပန်းချီလို အပြောင်းအလဲမဲ့စွာ Iori ကို ပြန်လည်ကြည့်နေခဲ့သည်။ပြေးရင်းပြေးရင်း Iori အသက်ရှူရကြပ်လာသည်။ နောက်ဆုံး စမ်းချောင်းတစ်ခုနားရောက်သွားခါမှ ဒူးနှစ်ဖက်ပေါ်လက်ထောက်ကာ အသက်ကိုလုရှူလိုက်ရသည်။ စစ်မြေပြင်မှာဘဲအချိန်ကုန်နေတတ်တဲ့သူအတွက် မောပန်းတယ်ဆိုတာကို မခံစားရသည်မှာကြာပြီဖြစ်သည်။ သို့သော် အခုတော့ မပင်ပန်းပါဘဲ ရင်ထဲ တင်းကြပ်စို့နင့်ပြီး ရင်ဘတ်ထဲကပါ မောဟိုက်နေသည်။အသက်ရှူနှုန်းတွေတဖြည်းဖြည်းပြန်မှန်လာတော့မှ ဒူးနှစ်ဖက်ပေါ်လက်တင်ပြီး Iori ထိုင်ချလိုက်သည်။ စိတ်ဓာတ်ကျစွာခေါင်းငုံ့ထားမိသည်။* သူက Shun မဟုတ်ဘူး။ သတိထားစမ်း။ *Shun သာမှန်ရင် အစကတည်းက Akashi သူ့ကိုပြောပြမှာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မပြောရင်တောင် Shunကို Zaiho ကမြင်ဖူးတာဘဲမဟုတ်လား။ Zaiho က သူ့ကိုပြောပြမှာပေါ့။ပြီးတော့ အနောက်ဆောင်မင်းသားက ဝက်သားနှင့်မတည့်ဘူးတဲ့။ ဒါက သူသိတဲ့ Shunမှ မဟုတ်တာလေနော်။" Shun~ "Iori တောင်းတောင်းတတခေါ်မိသည်။" Shun~"နာမည်တစ်ခါခေါ်မိတိုင်း ရင်ထဲက နာကျင်မှု တွေ သက်သာလာသလို အမျိုးအမည်မသိသော ဝေဒနာတွေလည်း တဖြည်းဖြည်းလှိုက်တက်လာသည်။" တွေ့ချင်တယ် "မျက်ရည်ကင်းမဲ့သော ရှိုက်သံတိုးတိုးထွက်လာသည်။" ငါမင်းကို တွေ့ချင်တယ် "
أنت تقرأ
Bleeding Love Of Fallen Angel
أدب تاريخي🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...