BLOFA: 60 [Unicode]

1.7K 195 14
                                    


Blofa :: 60

Iori ကလေးတွေကြားထဲမှာထိုင်ရင်း Mina နဲ့ ရွာသားတွေရဲ့ စကားတွေကို ငြိမ်ငြိမ်ကလေးနားထောင်မိသည်။ Mina အရမ်းပျော်နေပုံပေါ်သည်။ သူလဲမနိုင်တော့။ အခုလည်း သူ့ကို ပစ်ပြီး တီးမှုတ် ကခုန်နေကြတာ။

" Wahhhhh.... Oyabun San ရဲ့ မေမေ ကတာ အရမ်းလှတာဘဲ "

အမွှာအငယ်မလေး Misaki ရဲ့ မှတ်ချက်ကြောင့် Iori ခေါင်းကြိမ်းသွားသည်။ အခု ရွာသားတွေကြားထဲ ဝင်တောင် က နေပြီလား။ တော၊ ရွာတွေမှာ ယောကျာ်း၊ မိန်းမ အကုန် တန်းတူ ကကြပေမယ့် သူတို့အိမ်တော်မှာက အဲလိုမှမဟုတ်တာ။

အစပိုင်းကတော့ Mina က သူတို့ရဲ့ နတ်ပူဇော်ပွဲတွေမှာ အေးအေးဆေးဆေးဝင်ကူပြီး စကားကောင်းကောင်းပြောနေကြတာလေ။ ပြီးတော့ သူတို့ တိုက်သမျှ၊ ကျွေးသမျှကို ယဉ်ယဉ်ကျေးကျေး ပြန် ငြင်းနေတာ။ Mina အူစမြူးတာ ဘယ်တုန်းကပါလိမ့်။ အင်း... Onozuka သခင်ကြီးအကြောင်းကို စပြောကြတုန်းက ထင်တယ်။

Flashback:

" Mina Sama ကအရမ်းပျော်တတ်တာဘဲ။ ပြီးတော့ တောဓလေ့တွေလည်း အကုန်သိတာဘဲနော် "

" ဟုတ်ပ ဟုတ်ပ။ "

" အိမ်တော်ကြီး က အရှင်သခင်မတစ်ယောက်ကို ဒီလိုမျိုး မြင်ဖို့ဆိုတာအရမ်းခက်တယ် "

" ဝတ်စားထားပုံကလည်း ရဲရင့်တဲ့ မိန်းမငယ်လေးတစ်ယောက်လိုဘဲ "

Mina ရယ်လိုက်သည်။ ယောကျာ်းလေးလို ဝတ်စားထားကာ ဆံပင်ကို ခပ်မြောက်မြောက်စည်းထားသော သူမရဲ့အသွင်မှာ အိမ်တော်တစ်ခုရဲ့ အရှင်သခင်မထက် အမျိုးသမီးစစ်သည်တော်နှင့်တူနေသည်။ သူမကို မြင်တွေ့နေရတာ Iori ကို မိန်းကလေးပုံစံနှင့် မြင်နေရသလိုပင်။

" တော့ဓလေ့တွေအကုန်သိဆို ကျွန်မကလည်း မွေးကတည်းက တောသူလေးတစ်ယောက်ဘဲလေ "

" အယ်... ဒါကို Onozuka သခင်ကြီးနဲ့ ဘယ်လိုတွေ့ခဲ့တာလည်း။ "

အဒေါ်ကြီးတစ်ဦးက အားပါးတရ မေးလာတော့ Mina မျက်နှာက ရှက်သွေးဖြာသွားသည်။

" Onozuka သခင်ကြီးက ကျွန်မရဲ့ စာချဆရာပါ။ "

" ကျောင်းတော်မှာ စာသင်ရင်း Onozuka သခင်ကြီးက အနီးကပ်စာသင်သားအဖြစ်ရွေးခဲ့တာ  "

Bleeding Love Of Fallen AngelWhere stories live. Discover now