BLOFA :: 44 [Unicode]

1.4K 209 8
                                    

အစောင့်တွေ သူတို့ကို ဆွဲခေါ်လာသော အကျဉ်းထောင်က ကျောက်ဂူတွေကြားထဲက ဖြတ်သွားရသည်။ Shino ကို လှည့်ကြည့်လိုက်ပေမယ့် Shino က ခေါင်းရမ်းပြသည်။ သူတို့လာစုံစမ်းတုန်းက သည်နေရာအကြောင်းမသိခဲ့ဖူးဘူး ဟူသောသဘော။ သည်နေရာမှာ သူတို့မသိလိုက်တဲ့အရာတွေ ဘယ်လောက်တောင်ရှိသေးပါလိမ့်။

အချုပ်ခန်းထဲရောက်တော့ ဒဏ်ရာတွေအလဲလဲအကွဲကွဲနှင့် မေ့မျောနေသော Akashi နှင့် Asahi။ Akashi ဆီကို Shino ချက်ချင်းပြေးသွားကာ ထူမလိုက်သည်။ လင်းယုန်ဖြူကတော့ သူ့လူတွေကို အရင်ထွက်ခိုင်းကာ အချုပ်ခန်းအပြင်ကနေပြီး အထဲ က လူခြောက်ယောက်ကို စိုက်ကြည့်နေသည်။

" Akashi San!! Akashi San!! "

" စိတ်မပူပါနဲ့။ သူတို့ကို အရှင် Warui မစီရင်မချင်း သူတို့မှာသေဆုံးခွင့်မရှိပါဘူး။ အခုက အသက်မသေမချင်းခုခံမယ့်ပုံမို့ မေ့လဲအောင် ဆေးငွေ့ပေးလိုက်ရတာ။ စိတ်ပူအောင်လုပ်မိရင် တောင်းပန်ပါတယ်။ "

လင်းယုန်ဖြူပုံစံက ကိုယ်ကြိုက်တဲ့ ကောင်လေးစိတ်ဓာတ်ကျနေတာကို အားပေးနေတဲ့ ဆယ်ကျော်သက်ကောင်မလေးလို တက်တက်ကြွကြွ ဖြစ်နေကာ အမြင်ကပ်ဖွယ်ကောင်းလောက်အောင် ခါးကိုင်း၍ပင် တောင်းပန်နေသေးသည်။

" ကလေးတွေ ဘယ်မှာလဲ "

Iori အချုပ်ခန်းသံတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ သူအရမ်းသိချင်နေတဲ့ကိစ္စကိုမေးလိုက်သည်။

" မင်းတို့မှာ ငါတို့ကို မေးခွန်းမေးပိုင်ခွင့်မရှိတာ မင်းသိပါတယ်နော်။"

" ကျွန်တော်တို့တို ဒီတစ်ခုတော့ ဖြေပေးပါဗျာ "

Iori ပုံစံက ယူကြုံးမရဖြစ်လာသည်။ Akashi နှင့် Asahi ကို မိသွားတာမို့ သူတို့ အသေခံ ထွက်သွားမယ့်အစား အသာတကြည်အဖမ်းခံလိုက်ရပေမယ့် သူတို့မသေမချင်းတော့ ကြိုးစားချင်သေးသည်။ သို့သော် ကလေးတွေ ရှိမရှိ သိရဖို့က ပိုအရေးကြီးနေသည်။

ကိုယ့်အတွက်ကိုယ်လည်းမစိုးရိမ်၊ ဘေးနားမှာရှိတဲ့ လူတွေကို လည်း လှည့်မကြည့်ဘဲကလေးတွေအကြောင်းကို အသနားခံစွာမေးလာသော သူ့ရှေ့က ကောင်လေးကို လင်းယုန်ဖြူ စိုက်ကြည့်နေသည်။ သိုးမျက်နှာဖုံးတပ်ထားတာမို့ မျက်နှာကို မမြင်ရတော့အကြည့်တွေက အောက်ကို အနည်းငယ်ရောက်သွားသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now