နှစ်ပိုင်းတင်ထားပါတယ်နော်။ ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက် အပေါ်က အပိုင်းမှာ အကြမ်းဖျဉ်း ပြန်နွေးပေးထားပါတယ်။ မှတ်မိတယ်ဆိုရင်တော့ ဒီအပိုင်းကနေ စဖတ်လို့ရပါတယ်နော်။
Last Chapter:
Iori ရဲ့ အကျဉ်းခန်းထဲကို လင်းယုန်ဖြူကိုယ်တိုင် အစားအသောက်လာပို့ခဲ့တယ်။ နတ်ဆေးသမားတော်ရဲ့ တပည့် Kankuro က Haru ကိုဆေးကုပေးခဲ့တယ်။ လင်းယုန်နက်ကတော့ Rai ကို အနီးကပ် စောင့်ကြည့်နေမြဲ။
______________________________________________________
BLOFA ^48^ Friend Or Foe?
ပါတ်ဝန်းကျင်တစ်ခုလုံး နှင်းများဖြင့် ဖွေးဖွေးလှုပ်နေသည်။ ဆောင်းရာသီရဲ့အအေးဓာတ်ကတော့ အရိုးကွဲလောက်အောင် အေးနေသော်ညား ကျောက်ဆောင်ထိပ်မှာ ထိုင်နေသော လူငယ်လေးက မှုဟန်မတူ။ သူ့လက်ထဲက အစိမ်းရောင်လှံကိုတစ်မြတ်တနိုးကြည့်နေရင်း သူ့ဘေးနားမှာထိုင်နေသူကို မော့ကြည့်လိုက်သည်။ ထိုသူကလည်း သူ့ကို ထပ်တူညီသော မျက်ဝန်းညိုများဖြင့် စိုက်ကြည့်နေခဲ့သည်။
" ကျေးဇူး "
ဟူသော ခပ်စိမ်းစိမ်း အသိအမှတ်ပြုစကားလေးနဲ့တင် သူ့ကို ခပ်ယဲ့ယဲ့ပြုံးပြလာသော လက်ဆောင်ရှင် ဟာ သူ့ကို လွန်ခဲ့တဲ့ အသည်းကွဲ ဝေဒနာပေးခဲ့သူတစ်ဦး။
" ခင်ဗျား ကျွန်တော့ကို Genji မှန်းအစကတည်းက သိခဲ့တာလား "
Rai သူ့ရင်ထဲမေးချင်နေသော စကားကို မဝံမရဲမေးလိုက်သည်။
" မသိခဲ့ဘူး Rai "
Rai ခြောက်ကပ်ကပ်ရယ်လိုက်သည်။
" ခင်ဗျား မလိမ်နဲ့။ ခင်ဗျားအစကတည်းက ကျွန်တော့်ဆီက သတင်းယူချင်လို့ ကပ်ခဲ့တာမလား။ အခုလည်း ကျွန်တော်တို့ တစ်ဖွဲ့လုံးကို လိုချင်လို့ ခင်ဗျားနဲ့ လက်ဆက်ပေးဖို့ လုပ်နေတာ ကျွန်တော်သိတယ် "
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...