Shun ရဲ့ နွေးထွေးတဲ့ အပြုအမူဟာ Iori ပေါ် များစွာ သက်ရောက်မှုရှိခဲ့သည်။ မနက်နိုးလာလို့ Shun မရှိတော့သော ဟာလာဟင်းလင်း အိပ်ယာထက် နိုးထလာရသော်လည်း Iori ကျေနပ်နေမိသည်။ ချက်ချင်းမထဘဲ အိပ်ယာထဲလဲကာ Shun အိပ်ခဲ့သော နေရာကို လက်နှင့့်အသာအယာပွတ်သပ်နေမိသည်။ အေးစက်နေသော်လည်း သူ့နှလုံးသားကိုနွေးထွေးမှုပေးနိုင်သည်။ မနေ့က အဖြစ်အပျက်ကိုတွေးတိုင်း Iori ရင်ထဲ မျှော်လင့်ချက် ဒီရေတို့တရိပ်ရိပ်တက်လာရသည်။
ယောကျာ်းတစ်ယောက်က အခြားယောကျာ်းတစ်ယောက်ကို ဘယ်လောက်အတိုင်းအတာ အထိ ချစ်နိုင်လဲ Iori မသိပေမယ့် သေချာတာတော့ Shun ကို ထိုအတိုင်းအတာ ဂိတ်ဆုံးအထိ စိတ်ခံစားချက် ထားမိသွားပြီထင်သည်။
ရေချိုးသန့်စင်ပြီးတော့ မနက်စာကို သူတို့နှစ်ယောက် တိတ်ဆိတ်နွေးထွေးသော စားသောက်ဆိုင်လေးထဲ စားသောက်ကြသည်။
" ဒါပြီးရင် ဘယ်သွားကြမလဲ"
Iori ရဲ့ ပုံမှန်မေးခွန်းဟာ Shun ကို အကြပ်ရိုက်စေသည်။ သူ့စိတ်ထဲမှာထွေထွေထူးထူးသွားချင်တဲ့နေရာ မရှိပေမယ့် Iori ကို ပို့ချင်သောနေရာ တစ်ချို့ရှိသည်။
ဒါပေမယ့်...
Iori မှ မမြင်ရတာ။
အတန်ကြာ နှုတ်ဆိတ်နေတဲ့ Shun ကြောင့် Iori ပြုံးလိုက်သည်။
" ငါ့ကို ထည့်မတွက်ပါနဲ့။ ငါမမြင်ရပေမယ့် Shun သွားချင်တဲ့နေရာရှိရင် ငါလိုက်မယ်လေ။ "
ဘာမှ ပြန်မဖြေသော Shun ကြောင့် Iori အားနာသွားရသည်။
ဒီအသုံးမကျတဲ့ မျက်လုံးတွေကြောင့် ...။ မဟုတ်ရင်ရောက်တုန်းရောက်ခိုက် နေရာစုံသွားပြီး ပိုပျော်လို့ရသည်။ ဒါပေမယ့် ခုတော့ Shun ခမျာ သွားချင်တာတောင် သူ့ကို ငဲ့နေရတယ်။ Shun က ဒီလိုကျတော့ သူများအပေါ်စာနာတတ်သားဘဲ။ ဒါပေမယ့် လောလောဆယ်တော့ Shun ကို စိတ်ပေါ့သွားအောင်အရင်လုပ်ရမည်။
" ရောက်ရင် ဘာတွေရှိလဲ ငါ့ကိုပြောပြပေါ့။ "
" ငါ အဲလောက်မအားဘူး "
ဘောက်ဆတ်ဆတ်နဲ့ ပြန်ပြောသော Shun ရဲ့စကားက Iori ကို အနည်းငယ်ကသိကအောက် ဖြစ်စေသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...