BLOFA :: 1 [Unicode]

19K 859 21
                                        

BLOFA :: 1

 ဘာမထီမင်းသား

နယ်မြေလုပွဲများအဆုံးတွင် သာယာစပြုလာသော Nara အင်ပါယာကြီး......

Nara အင်ပါယာကြီးသည် ဧကရာဇ် Takumi ဧ။်လက်အောက်တွင် ငြိမ်ဝပ်ပိပြားသော သယံဇာတ ပေါကြွယ်ဝပြီး စားနပ်ရိက္ခာ ပြည့်စုံသော၊ သွက်လက်ဖျတ်လတ်ပြီး အရည်အချင်းပြည့်ဝသော ဓားသမားတို့ပေါ်ထွက်ရာ နေမဝင်အင်ပါယာတစ်ခုဖြစ်ခဲ့လာသည်။ 
Nara အင်ပါယာ၏ ဘေးပတ်လည်ရှိ မဟာမိတ်နိုင်ငံများကလည်း နှလုံးရည်ပြည့်ဝသလောက် စစ်မြေပြင်တွင် ရက်စက်လွန်းလှသည့် ဧကရာဇ် Takumi ကြောင့်သာမက ဧကရာဇ်ဘေးနား၌ လွန်စွာသစ္စာစောင့်သိကာ ထက်မြက်လှသော အတိုင်ပင်ခံအမတ် Onozuka Shinoka ကြောင့် နိုင်ငံကိုတော်တန်ရုံ မထိပါးရဲကြချေ။

Nara နန်းတော်ကြီး၏ အနောက်ဆောင်တွင်တော့ နတ်သမီးတမျှလှပလှသော Mei(မယ်) မိဖုရား ရှေ့တွင် ထိုင်ပြီး Takumi ဘုရင်ကြီး သက်ပြင်းချလိုက်သည်။

"ရက် ၂၀ ရှိသွားပြီ"

တစ်ကိုယ်တည်းရေရွတ်သလိုပြောလိုက်သော Nara ဘုရင်ကြီး၏ စကားကို မိဖုရားငယ်က နွေးထွေးမှု မရှိသော အပြုံးတို့ဖြင့်ခပ်ထေ့ထေ့ပြုံးပြသည်။ အခြားသူသာဆို အသက်နဲ့ကိုယ် အိုးစားကွဲလောက်ပြီဆိုပေမယ့် Mei Nara ဆိုတဲ့ မိဖုရားငယ်ဟာ Nara ဧကရာဇ်ရဲ့ နှလုံးသည်းပွတ်မဟုတ်လား။ Takumi ဆိုတဲ့ သာမာန်စစ်သူကြီးတစ်ယောက် ကနေ ဧကရာဇ် တစ်ပါးဖြစ်လာစေတဲ့ အကြောင်းရင်းဆိုလည်းမမှားဘူးလေ။

အခုလည်း မိဖုရားငယ်ဟာ ဧကရာဇ်ကို ရက်ရက်ရောရော စကားဆိုခြင်းကိုမပြုတာကိုပင်

" Mei ကိုယ်တော့်ကို စိတ်ခုနေတုန်းလား ကိုယ်တော် သားတော်ကိုလည်း လွှတ်ပေးထားနေတာဘဲ ....။ ဘာကြောင့်များခုထိ ခေါင်းမာနေရတာလဲ"

အာဏာစက်ပြင်းလှတဲ့ Nara ဧကရာဇ်ရဲ့ အသံဟာ အံဩဖွယ်ကောင်းလောက်အောင် နူးညံ့ပြီး နာကျင်မှုတွေပြည့်နှက်နေသည်။ ဒါပေမယ့် မိဖုရားငယ်အတွက်တော့ နားထဲ အက်စစ်ရည်လောင်းချလိုက်သလို အမုန်းတို့ကိုသာတိုးပွားစေသည်။ သူမချစ်တဲ့သူတွေကို သေစေခဲ့ပြီး သူမလို မင်းသမီးတစ်ပါးဟာ သူမအယုံကြည်ရဆုံး စစ်သူကြီးတစ်ဦး၏ အတင်းအကြပ် သိမ်းပိုက်တာကို ခံခဲ့ရတာ...

Bleeding Love Of Fallen AngelWhere stories live. Discover now