BLOFA :: 22
" မမအလှက တစ်မျိုးလေး "
မမ လို့တစ်ခါအခေါ်ရတိုင်း Iori ကျောပြင်တစ်ခုလုံး ကြက်သီးတဖြန်းဖြန်း ထရသည်။
သူ့ကို စပြင်ပေးကတည်းက ပြောလိုက်သည့်စကား။ မေးလိုက်သည့်မေးခွန်း။ Iori မှာ ခေါင်းငြိမ့်ခေါင်းခါလေးတောင် လုပ်လို့မမှှီ။
Shun ရဲ့ အခန်းထဲက ပြူတင်းပေါက်နားမှာ နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ရင်း အလှပြင်ပေးခံနေရတာ။
Sakura သူမရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ မိန်းမပျိုလေးကို ကျကျနနပြင်ပေးရင်း ရောက်တတ်ရာရာပြောနေမိသည်။ သူမရဲ့ မယ်မယ်အကြောင်း။ သူမအကြောင်း...။ သူမကို အလွန်ချစ်သည့်ခမည်းတော်အကြောင်း။ သူမပညာသင်သွားတုန်းသိလာရသည့် တိုင်းပြည်အသီးသီးက ထူးဆန်းသည့် ဒဏ္ဍာရီ ပုံပြင်တွေအကြောင်း....။
Iori အကြောင်းကိုမေးလိုက် သူမအကြောင်းပြောပြလိုက်နှင့် သူမမသိလိုက်ခင်မှာပင် အပြင်မှာမှောင်နေပြီ။ Shun ပြန်မလာသေးသလို သူမလည်းပြင်လို့မပြီးနိုင်သေး။
မျက်နှာကို ခြယ်သပေးတာက အဆင်ပြေပေမယ့် ဆံပင် ထုံးပေးတော့မှ ပြသနာတက်တော့သည်။ သူမဘာသာတောင် ဆံပင်တစ်ခါမျှမဖြီးခဲ့ပါ။ ဘယ်က အကျင့်မှန်းမသိပေမယ့် သိတတ်စအရွယ်ကတည်းက ဆံပင်ကို အထိန်းတော်ကြီးကသာ ဖြီးသင်ပြီး ထုံးပေးခဲ့ရသည်။ Shun ထုံးပေးထားတဲ့ ဆံ့ပင်ကို ဖြေချပြီးမှ သူမအတော်ကလေး ဒုက္ခရောက်နေရရှာသည်။ ပျော့ပြောင်းထွေးအိကာ စင်းကျနေသော နက်မှောင်နေသည့် ဆံနွယ်များမှာ ဖြီးသင်နေစရာ မလိုလောက်ဟု သူမထင်မိသည်။ သို့သော် ဆံပင်တွေကို တတ်သလောက်လေး ဆွဲစုပြီးစည်းပေးဖို့ကြံပေမယ့် ပြန်ပြန်လျှောကျနေသော ဆံပင်တွေကြောင့်သူမ စိတ်မရှည်တော့ပါ။ ဆံပင်တွေကိုအကုန်စုပြီး ပုခုံးတစ်ဖက်ပေါ်မှာ ချပေးလိုက်သည်။ ထို့နောက် Iori ကို မျက်လုံးစည်းပေးလိုက်သည်။အခုလည်း သူပြင်ပေးတဲ့ ပုံစံကို အကြီးအကျယ်သဘောတွေကျနေကာ မှတ်ချက်ပေးလိုက်သည်။
" မမအလှက တစ်မျိုးလေး " တဲ့။
Iori မျက်နှာလေးက ချစ်ဖို့ကောင်းသလောက် သူမလို မိန်းကလေးကိုပါ ဆွဲဆောင်နိုင်သည့် ညို့ဓာတ်တစ်မျိုးရှိနေသည်။
YOU ARE READING
Bleeding Love Of Fallen Angel
Historical Fiction🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ့ မိနိးမပျိုမဟုတ်ဘဲ သူနဲ့ထပ်တူ သွေးအေးရက်စက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အခါ...🍃 🍃 စစ်မြေပြင်ပေါ်က...