BLOFA :: 51 [Unicode]

1.7K 195 5
                                    

BLOFA :: 51
Zaiho

အပြင်မှာ တပ်လှန့်သံက Warui နှင့် Shun ထိုင်နေသော ခန်းမကျယ်ကြီး၏ ကျောက်နံရံတွေကိုတောင် တသိမ့်သိမ့်တုန်စေသည်။ တစ်ယောက်နှင့်တစ်ယောက် ဘာစကားတစ်ခွန်းမှမပြောဘဲ ထိုင်ကြည့်နေရာမှ Warui က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

" မင်း ငါ့သားကို ဘာလုပ်လိုက်လဲ "

" သတ်လိုက်တယ် "

မေးခွန်းကို ပြန်ဖြေသော Shun ရဲ့အေးစက်စက်လေသံဟာ ခံစားချက် ကင်းမဲ့လွန်းသည်။

" မင်းဘာလိုချင်လဲ "

မျက်နှာဖုံးအောက်က သူ့ကိုစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို Warui စူးစမ်းမိသည်။ ပြောင်းလဲခြင်း တစိုးတစ်စိမျှမရှိ။ ရယ်ရိပ်သွမ်းနေသော မျက်ဝန်းများ၌ ခံစားချက်တစ်စုံတစ်ရာမရှိ။

" ကျွန်တော်မေးစရာတစ်ချို့ရှိတယ်။ "

"ငါဖြေချင်စိတ်မရှိဘူး "

" မေးစရာရှိတယ်လို့ဘဲပြောတာ ခင်ဗျားကိုမေးမယ်လို့မပြောမိသလို ဖြေပေးလို့လည်း မပြောမိဘူး "

သူ့ကို အေးချမ်းစွာကြည့်နေသော Warui ကို Shun ပက်ခနဲ့ ပြန်ပြောလိုက်မိသည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ထိုင်ကြည့်နေကြတာကြာပြီ။ အဖြစ်အပျက် အားလုံးကို သူနဲ့မဆိုင်သလိုအေးအေးလူလူထိုင်ကြည့်သော Warui ကို Shun သဘောကျသည်။ Shun သွေးအေးတဲ့သူတွေကို စိတ်ဝင်စားသည်။ သူတို့ရဲ့ဒေါသကိုဆွရတာ၊ ခံစားချက်တစ်စုံတစ်ရာကိုဆွဲထုတ်ရတာလောက် Shun နှစ်ခြိုက်တာမရှိ။

Warui ဆိုတာ သမိုင်းမှာ အကြမ်းကြုတ်ဆုံး ဒေါသအကြီးဆုံး သားရိုင်းတိရစ္ဆာန်တစ်ကောင်လို အကြင်နာမဲ့ဆုံး စစ်နတ်ဘုရားလို့ Shun သိခဲ့ရတာ။ ခုတကယ်တမ်း ထိပ်တိုက်တွေ့ရတာတော့ ပကတိအေးချမ်းသော ယုန်ငယ်လေးလိုဘဲ ငြိမ်သည်။ ဘယ်သူ့မှ သူ့စိတ်ကို ခံစားချက်တစ်ခုဖြစ်ပေါ်အောင် မလုပ်နိုင်သလိုမျိုး သူဒီတစ်ရက်အတွင်းဆုံးရှုံးလိုက်ရသော အရာတွေအတွက် ဘာမှ မခံစားရသည့်ပုံ။

Warui ကို Shun စောင့်ကြည့်နေခဲ့တာကြာပြီ။ Warui ဟာ အရာရာတိုင်းကို အေးချမ်းစွာ ကိုင်တွယ်ဖြေရှင်းသည်။ အပင်ငယ် တိရစ္ဆာန် ငယ်များကို ပြုစုတတ်သည်။ ကလေးတွေကိုလည်း အင်မတန် ကြင်နာစွာဆက်ဆံကာ အပြောအေးအေးနှင့် သူလိုသလိုပုံသွင်းသည်။  ညစ်ထေးရက်စက်သောအလုပ်အားလုံးကို Hebi ကအကုန် ကိုင်တွယ်ပေးသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now