BLOFA :: 35 [Unicode]

1.7K 205 5
                                    

🍁🍁
..
ချစ်ခြင်းမေတ္တာအတွက် နေရာမရှိသော ဤလောကတွင်
ဝံပုလွေပျိုကို အမှန်တကယ် မြတ်နိုးကြောင်း အယူခံခွင့် ကျွန်တော်၌ မရှိ။
..
🍁🍁

🌾 Bleeding Love 🌾
^~ Fallen Angel ~^

" သူက Onozuka မဟုတ်လား "

Akashi ရဲ့ မေးခွန်းက Shun ကို မိုးကြိုးနဲ့တေ့ပစ်လိုက်သလိုပင်။

" ဘာ ! "

" ဟိုမှာလေ။ မင်းကိုခေါ်နေတဲ့သူက အတိုင်ပင်ခံအမတ် Onozuka ရဲ့ သားမဟုတ်လား "

Shun ဆွံ့အသွားသည်။ သူခေါ်လာတဲ့ မိန်းမပျို အနေနဲ့မှတ်မိမယ်ထင်ခဲ့တာ။ အခုတော့ အတိုင်ပင်ခံအမတ်မင်းရဲ့ သားအဖြစ် မှတ်မိသွားခဲ့တာတဲ့လား။

* အာ...ဟုတ်သားဘဲ *

Iori ကမှ မျက်လုံးကို မအုပ်ထားတာ။ မျက်လုံးအုပ်တဲ့ပုဝါကသူ့ဆီမှာ တစ်ညလုံး ခုံပေါ်တင်ထားပြီး နှင်းတွေနဲ့ စိုနေလို့ သူအခြောက်လာလှမ်းပေးထားတာ။ Shun တားချိန်တောင်မရဘဲ Akashi တစ်ယောက် ဇိုးဇိုးဇတ်ဇတ်နှင့် Iori နားရောက်လာသည်။

" Onozuka San မဟုတ်လား "

Shun ကို ခေါ်နေရင်းရုတ်တရက် သူ့မျိုးရိုးနာမည်ကို တပ်ခေါ်လိုက်တဲ့သူကြောင့် ဇဝေဇဝါဖြစ်သွားသည်။ အသံက ကြားဖူးသလိုလိုနှင့် ရင်းရင်းနှီးနှီးလည်းရှိလှသည်။ သို့သော်မည်သူမှန်း Iori မသိ။

" အာ.. ကျွန်တော်အလျင်လိုသွားတယ်။ တွေ့ရတာဝမ်းသာပါတယ် Onozuka San ကျွန်တော်က Umio Akashi ပါ "

" Umio !! မဟုတ်မှလွဲ အိမ်.. အိမ်ရှေ့စံ "

မျိုးရိုးနာမည်ကို တစ်ချက် ရေရွတ်ပြီးနောက် Iori အလန့်တကြားနှင့်နောက်ဆုတ်ကာ ခါးကျိုးမတတ်ကိုင်းပြီး ဦးညွတ်လိုက်သည်။

" အရှင်မင်းသား.... မသိနားမလည်တဲ့ အရှင့်ကျွန်ကိုခွင့်လွတ်ပေးပါ။ "

" အာ။ မဟုတ်တာ။ ငါက မင်းကို လာနှုတ်ဆက်တာကို "

Akashi တစ်ယောက်ရယ်မောကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ Iori ကတော့ ခါးကို ပြန်မတ်လိုက်ပေမယ့် ရိုင်းပြမိသလို ခံစားရဆဲ။Iori ကိုယ့်ဘာသာကိုယ်တောင်မယုံနိုင်ရှာ။ တိုင်းပြည်ရဲ့ မင်းသားက သူ့ကို လာနှုတ်ဆက်ပြီး ငယ်ပေါင်းတစ်ယောက်လို စကားပြောနေတာလေ။

Bleeding Love Of Fallen AngelWhere stories live. Discover now