BLOFA :: 39 [Unicode]

1.6K 204 9
                                    

BLOFA :: 39

Shun ဖောက်ထားတဲ့ ဖြတ်လမ်းဆိုတာက ပြောရတာလွယ်သလောက် သွားရတာ ခက်သည်။ ရေတံခွန်ရှိရာ Shinrin တောစပ်ကိုရောက်တော့ ပိုဆိုးလာသည်။ အအေးဓာတ်လွန်ကဲပြီး ချောနေသော နှင်းထုကြီးကြောင့် သတိထားသွားလာနေရသည်။

ရေတံခွန်ဆီလည်း ရောက်သွားရော အားလုံးက ရင်သပ်ရှုမောစွာငေးကြည့်နေမိသည်။

ရေတံခွန်က ရေတွေ အကုန်ခဲနေပြီ။

တစ်ချိန်က ချောင်းရေဟာ အခုတော့ ရေခဲ ပြင်ကြီး ဖြစ်နေပြီ။ အားလုံးသတိထားပြီး ဖြတ်သွားကြသည်။ တစ်ဖက်ကမ်းကိုရောက်တော့လည်း ထူထပ်သည့် နှင်းထုကြောင့် မြင်းများသည်လည်း နှေးကွေးစွာ သွားလာနေရသည်။ မြင့်မားလှသော သစ်ပင်များသည်လည်း အရိုးပြိုင်းပြိုင်းနှင့် နှင်းများလည်း ဖုံးအုပ်နေသည်။

Warui နောက်လိုက်တွေရဲ့ လမ်းကြောင်းကို ဖြည်းဖြည်းချင်းခြေရာခံကာ သွားရင်းနဲ့ ညမှောင်လာသည်။ ဆောင်းလေကြမ်းသည် ခက်ပြင်းပြင်းတိုက်ခတ်လာသည်။ နေရောင်မရှိတော့သော တောကြီး မျက်မည်းထဲ လုံခြုံစွာ နေနိုင်ဖို့ သင့်တော်သော နေရာတစ်နေရာတွင် စခန်းချကြသည်။

"တဲက နှစ်ခုဆိုတော်ရောပေါ့။ ဘာလို့သုံးခုလဲ "

Akashi က နားမလည်သလို Shun ကို အော်ပြောလိုက်သည်။

" လူများရင် စိတ်ရှုပ်တယ်။ "

Shun က မှုန်တေတေနှင့်ပင်ပြန်ပြောသည်။

" ဟာ ... နှင်းတွေထဲမှာ လူများတော့ ပိုနွေးမှာပေါ့။ ကြည့်ပါဦး Haru တို့ဆို လေးယောက်လုံးအတူ အိပ်ကြမှာ၊ ငါတို့လေးယောက်လည်း တဲတစ်လုံးနဲ့ဆိုရပြီလေ။ "

Akashi က အပိုတွေလုပ်လွန်းတယ် ဟူသောအကြည့်ဖြင့် Shun ကို ကြည့်ရင်း အလျှော့မပေးတမ်းပြောပြန်သည်။ ပါးစပ်ကသာပြောနေတာ။ လက်က Shun တတိယယာယီတဲ ဆောက်နေတာကို ဝိုင်းကူကာ ကြိုးချည်ပေးနေသည်။
Shun ဘာမှမပြောတော့ဘဲ တဲကို ဆက်ဆောက်နေသည်။ ခုတ်ယူလာသော ထင်းရှူးကိုင်းတွေကို တဲဘေးနားမှာ ကျကျနန ထောင်နေသည်။ Iori က Ken ကို အစာကျွေးပြီးတော့ Shun တို့ဆီပြန်လာသာ်။

Bleeding Love Of Fallen AngelWhere stories live. Discover now