BLOFA :: 40 [Unicode]

2K 244 18
                                        

BLOFA :: 40

နှင်းများဖွေးဖွေးလှုပ်နေသော ဥယျာဉ်တော်ထဲ Nara ရဲ့ ဧကရာဇ်ကြီး Takumi ရယ်၊ သူ့အချစ်ဆုံး မိဖုရား Mei ရယ် လမ်းလျှောက်နေကြသည်။ အခြွေအရံများက အတော်ကလေးဝေးတဲ့နေရာမှာ ရပ်နေကြပြီး သတိအပြည့်နှင့် နေနေကြရသည်။

" Mei "

" ကျွန်တော်မျိုးမ ရှိပါတယ်အရှင် "

စိမ်းကားလွန်းသော်လည်း နူးညံ့မှုအပြည့်နှင့် Mei ပြန်ဖြေသည်။ မျက်လွှာချကာ ခပ်ယဲ့ယဲ့ပြုံးလျက် တာဝန်ကျေ သဘောမျိုးတုံပြန်လာတဲ့ Mei ကို ကြည့်ရင်း Takumi ရင်နာရသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် Mei သူ့အပေါ် နူးညံသက်ဝင်လာမှုမရှိ။ တစ်ချိန်က Mei ရဲ့ ကြင်နာမှုကို တိတ်တခိုး ရရှိခဲ့သည့် စစ်သူကြီး အဖြစ်သာ ပြန်နေချင်မိသည်။ သို့သော် အရာအားလုံးကလွန်ခဲ့ပြီ။ အချိန်တွေကို နောက်ပြန်ဆုတ်ခွင့်ရလျှင်တောင် တူညီသော ဆုံးဖြတ်ချက် တူညီသောလုပ်ရပ်ကိုသာ လုပ်မိမှာပါ။ အမှားများစွာလုပ်ခဲ့သည့်တိုင် Mei ကို ပိုင်ဆိုင်ခွင့်ရရုံနှင့် သူလိပ်ပြာသန့်သန့်နေနိုင်သည်။

" ကိုယ်တော့်ကို အခုထိ အမှန်အတိုင်းမပြောနိုင်သေးဘူးလား။ "

Mei က ခပ်တိုးတိုးလေးရယ်သည်။ Shun ရဲ့မိခင်ပီပီ သူမ အင်မတန်သွေးအေးသည်။

" မှန်လှပါပြီအရှင်။ "

သူမအေးစက်စွာပြုံးလျက် ခပ်ကျယ်ကျယ်ပြောသည်။ Takumi မျက်လုံးများ မျှော်လင့်ချက်ဖြင့် တောက်ပသွားရသည်။

" Mei ဘဝမှာ ချစ်ခဲ့ဖူးတဲ့သူကတစ်ယောက်တည်းပါ။ အခုထိလည်း သူ့ကို မြတ်နိုးဆဲပါ။ သူအနားမှာရှိရှိ မရှိရှိ "

"တော်စမ်း !! "

သူမမို့အတင့်ရဲစွာ သူ့ရှေ့ အခြားယောကျာ်းတစ်ဦးကို မြတ်နိုးကြောင်းပြောရဲသည်။

" ဘာဖြစ်လို့လဲ အရှင်။ အရှင်ဘဲ အမှန်အတိုင်းပြောဆို...။ "

သူမကခနဲ့သည်။ Takumi စိတ်တို့ ဝန်တိုဒေါသဖြင့် ရိုင်းစိုင်းလာသည်။ Mei မေ့နေတာဖြစ်မည်။ သူဟာရက်စက်ကြမ်းကြုတ်တဲ့သူတစ်ဦးဆိုတာကို။ Mei ရဲ့ ပုခုံးနှစ်ဖက်ကို ကြမ်းတမ်းစွာလှုပ်ခါလျက် မြုသိပ်သည်းခံခဲ့ရသမျှပေါက်ကွဲနေမိသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now